အမေ့ခံအတိတ်
အမေ့ခံအတိတ်

သမိုင်းမတွင်မီ


မြန်မာတို့၏ အဆန်းကြယ်ဆုံးသော အိမ်နီးချင်းများ - အန်ဒမန်ကျွန်းသူကျွန်းသားများ

အန်ဒမန်ကျွန်း(Andaman Islands)သည် မန္တလေးထက်စာလျှင် ရန်ကုန်နှင့် ပိုနီးပါသည်။ ယနေ့တွင် အိန္ဒိယ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုဒေသတွင် နေထိုင်သော လူမျိုးစုများသည် ကမ္ဘာပေါ်တွင် တစ်သီးတစ်ခြား အဖြစ်ဆုံးသော လူမျိုးစုများ ဖြစ်သည်။

ယနေ့တွင် မူလအန်ဒမန်ကျွန်းသူကျွန်းသားများ ဦးရေမှာ ရာဂဏန်းခန့်သာ ရှိတော့သည်။ သူတို့ ပြောဆိုသော ဘာသာစကားမှာလည်း အခြားမည်သည့် ဘာသာစကားနှင့်မျှ မတူပါ။

မျိုးရိုးဗီဇအရဆိုလျှင် သူတို့သည် အာရှတိုက်သားများနှင့် ပို၍ နီးစပ်ပေသည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ တိဘက်၊ ယူနန်နှင့် ဂျပန်တွင် တွေ့ရှိရသော Y-Haplogroup D-M174...

4th Century
တရုတ်ပြည်၏ စစ်ပြိုင်ခေတ်ကာလ

မဟာအလက်ဇန္ဒားမင်း သူသိထားသောကမ္ဘာကြီးကို သိမ်းပိုက်ရန် ပြင်ဆင်နေသော ကာလ ၄ ရာစုနှစ်ကဖြစ်၏။  ချင် (Qin) မင်းဆက်ဘုရင် ဟွေ့ဝန်သည်လည်း နယ်မြေချဲ့ထွင်မှုများ ပြုလုပ်နေပြီး ယနေ့ခေတ် တရုတ်ပြည်အဖြစ် ကြီးထွားလာမည့် အင်ပါယာကြီးအတွက် အခြေခံအုတ်မြစ် ချလျက်ရှိသည်။ ဤသည်မှာ တရုတ်ပြည် စစ်ပြိုင်ခေတ်က ဖြစ်ပေသည်။ တရုတ်ပြည် တစ်ပေါင်းတစ်စည်းတည်း မရှိသေး။ ဟွေ့ဝန်အုပ်စိုးသော နိုင်ငံသည် အဆက်မပြတ် ထီးပြိုင်နန်းပြိုင်လျက်ရှိကြသော ပဒေသရာဇ်နိုင်ငံငယ်များစွာထဲမှ တစ်ခုဖြစ်သည်။ ချင် နိုင်ငံတော်မှာ မြစ်ဝါအလွန်မှစတင်ကာ ဂိုဘိသဲကန္တာရနှင့် ဘေးချင်းကပ် ခြောက်သွေ့ဖုန်ထူသောဒေသအထိ ဖြစ်သည်။ တောင်ဘက်အရပ်တွင်...

4th Century
ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်ဖြစ်ပါစေ

နတ်မင်းကြီး ၃၃ ပါးစံရာ တုသိတာနတ်ဘုံတွင် ဗုဒ္ဓမြတ်စွာဘုရားသည် မယ်တော်မာယာဖြစ်ခဲ့ဖူးသော သန္တုဿီတနတ်သားနှင့် သိကြား၊ဗြဟ္မာတို့အား သုံးလကြာ တရားဟောကြားပြီးနောက် နတ်ပြည်မှ လူပြည်သို့ ပြန်လည်ဆင်းသက် ကြွမြန်းတော်မူလာသည့် အခိုက်ကို သီတင်းကျွတ်ဟု သတ်မှတ်သည်။ ဖော်ပြပါပုံမှာ ဗုဒ္ဓမြတ်စွာဘုရားသည် နတ်ပြည်နှင့်လူ့ပြည်အကြား ချိတ်ဆက်ထားသော လှေကားသုံးခုရှိသည့်အနက်မှ အလယ်လှေကားမှ ဆင်းသက်တော်မူကြောင်း ပုံဖော်ထားသည့် ကျောက်ထွင်းရုပ်ထုတော်ဖြစ်သည်။ အေဒီ ၂၀၀ ဝန်းကျင် (ကူရှန်ခေတ်) ဂန်ဒါရာကျောက်ထွင်းလက်ရာကို သပ္ပါယ်စွာ တွေ့မြင်နိုင်ပါသည်။ (ယနေ့ အောက်စဖို့ဒ် အက်ရှမိုလီယန်- Ashmolean ပြတိုက်တွင် ပြသထားသည်)။

4th Century
ပျော်ရွှင်စရာ သီတင်းကျွတ် ဖြစ်ပါစေ။

ဤလေးရာစုလက်ရာ ဂန္ဒာရကျောက်ထွင်းလက်ရာတွင် ဂေါတမ မြတ်စွာဘုရားသည် မယ်တော်မိနတ်သားနှင့် နတ်မင်းကြီး ၃၃ ပါးတို့အား သုံးလကြာ အဘိဓမ္မာ ဟောပြောပြီးနောက် နတ်သိကြားဗြဟ္မာအပေါင်း ခြံရံလျှက် စောင်းတန်းသုံးသွယ်ဖြင့် တုဿိတာနတ်ပြည်မှ ဆင်းသက်လာပုံကို တွေ့မြင်နိုင်သည်။ ဥပ္ဗလဝဏ်ထေရီက လူ့ပြည်မှ ဒူးတုတ်ကာ ကြိုဆိုနေပုံကို ဖော်ပြထားသည်။

ဂန္ဓာရတိုင်းသည် (၁၈၀ဘီစီမှ ၄၅၀အေဒီထိ) ဂရိ (Greek) နှင့် ကူရှန် (Kushan) ဗုဒ္ဓဘာသာ တိုင်းပြည် ဖြစ်ခဲ့ပြီး ယနေ့ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် တည်ရှိရာတွင် ရှိခဲ့သည်။ မြို့တော်မှာ တက္ကသီလာဖြစ်ပြီး...


မြန်မာ့ မျိုးရိုးဗီဇသမိုင်းကြာင်း

မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူများ၏ မျိုးရိုးဗီဇသမိုင်းကြောင်းကို စိတ်ဝင်စားမိသည်မှာ ကြာခဲ့ပြီ ဖြစ်သော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သုတေသနပြု လေ့လာထားခြင်း မရှိသလောက်ရှားသည်မို့ မည်သည်မှ ဆင်းသက်လာသည်ဟု ရေရေရာရာ မသိရှိရပါ။ ထို့ကြောင့် ကျွန်တော် ၂၀၁၃ နှစ်တွင် အမေရိကန်ပြည်ထောင်စု၌ DNA စစ်ဆေးမှု ခံယူခဲ့သည်။ အဖြေတွင် ဖခင်ဘက် (Y ခရိုမိုစုန်း) မျိုးရိုးဗီဇအုပ်စု (Haplogroup) ရော မိခင်ဘက် (mtDNA) မျိုးရိုးဗီဇအုပ်စု (Haplogroup) ကိုပါ ဖော်ပြထားသည်။ “မြန်မာလူမျိုး”၊ “မြန်မာ” “ဗမာ”...

200 BC
ဝါဆိုလပြည့်နေ့

မိဂဒါဝုန်တော (ယနေ့တွင် ဆားနပ်မြို့ - Sarnath) တွင် ဗုဒ္ဓမြတ်စွာဘုရား ပထမဦးဆုံး ဓမ္မစကြာတရား ဟောကြားပုံကို ထွင်းထုထားသည့် အစောဆုံးသော လက်ရာတစ်ခု ဖြစ်သည်။ ၂၀၀ ဘီစီခန့်က အင်ဒို-ဂရိတိုင်းပြည် ဖြစ်သော ဂန္ဓာရတိုင်းတွင် တွေ့ရှိခဲ့ရပြီး ယနေ့တွင် ဝါရှင်တန်မြို့ရှိ စမစ်ဆိုနီယန် ပြတိုက် (Smithsonian Museum) တွင် ပြသထားသည်။ မြန်မာဘာသာအခေါ် “တက္ကသိုလ်”သည် တက်ဆီလ (Taxila - ပါဠိစကားလုံး တက္ကသီလ) မှ ဆင်းသက်လာပြီး ဂန္ဓာရတိုင်းမှ တက္ကသီလာ တည်ရှိရာမြို့ကို...

၁၉၀၆
ဇမ္ဗူဒီပ

မြန်မာတို့၏ ကမ္ဘာလောကပြ မြေပုံတွင် လူသားမျိုးနွယ်များအားလုံး မှီတင်းနေထိုင်ရာ ဇမ္ဗူဒီပ သို့မဟုတ် ဇမ္ဗူသပြေကျွန်းကို ဖော်ပြထားသည်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် ဂျိမ်းစကြာဝဠာဗေဒတို့တွင် ဇမ္ဗူဒီပသည် (ပါဠိဘာသာဖြင့် ဇမ္ဗူဒိပ်) ကျွန်းကြီးလေးကျွန်း အနက်မှ တောင်ဘက်အရပ်တွင် ရှိသော ကျွန်းကြီး ဖြစ်သည်။ ကျန်ကျွန်းကြီးသုံးခုမှာ လူသူမပေါက်ရောက်နိုင်ပေ။ မေရုတောင် (မြင့်မိုရ်တောင်)ကို ဗဟိုပြု၍ ကျွန်းကြီးလေးကျွန်း တည်ရှိသည်။ ဇမ္ဗူဒီပကျွန်းကြီးတွင် ဇမ္ဗူသပြေပင်ရှိသည့်အပြင် အပေါ်ဘက်တွင် တောင်တန်းကြီးများ၊ အရံကျွန်းငယ်များလည်း ရှိသည်ဟု ဆိုသည်။ ကျွန်းကြီးပေါ်တွင် မြို့ (ပူရ) ထောင်ပေါင်းများစွာ ရှိပြီး...