အမေ့ခံအတိတ်
အမေ့ခံအတိတ်

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ)

၁၈၅၆
မြန်မာ-အမေရိကန် ဆက်ဆံရေး၏ မိုးသောက်ချိန်

၁၈၅၆ ခုနှစ်က မင်းတုန်းမင်းက အမေရိကန်နိုင်ငံ ၁၄ ဆက်မြောက် သမ္မတ ဖရန်ကလင်ပိရက်စ် (Franklin Pierce) ကို သဝဏ်လွှာ ရေးသားပေးပို့ခြင်းမှ မြန်မာ-အမေရိကန် ဆက်ဆံရေး တရားဝင် အစပြုခဲ့သည်။ မင်းတုန်းမင်း၏ ခေတ်မီပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန် ကောင်းနေစဉ်ကာလက ဖြစ်သည်။

ထိုမှ နောင် ၁၅ နှစ် အတွင်း မင်းတုန်းမင်းသည် အစိုးရအဖွဲ့တစ်ရပ်လုံးကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။ တိုင်းပြည်ဘဏ္ဍာရေးစနစ်ကို အုတ်မြစ်ကစ ပြောင်းလဲခြင်း၊ အုပ်ချုပ်ရေးစနစ်များ ပြင်ဆင်ခြင်း၊ ငွေဒင်္ဂါးများ ရိုက်နှိပ်ခြင်း၊ ဥရောပနိုင်ငံများသို့ ပညာတော်သင်များ...

၁၈၅၈ - ၁၉၂၉
အမေရိကတွင် ပညာသင်ယူရန် မြန်မာပြည်မှ ရောက်ရှိလာသော ပထမဆုံးကျောင်းသား

အမေရိကကို ပထမဆုံးရောက်ရှိခဲ့သော မြန်မာကျောင်းသား (အမေရိကကို ပထမဦးဆုံး ရောက်သော ဗမာလူမျိုးလည်း ဖြစ်နိုင်ပါသည်။) မှာ မောင်ရှောလူးဖြစ်ပါသည်။ အမေရိကန် ပြည်တွင်းစစ် မဖြစ်ခင် ကာလ ၁၈၅၈ ခုနှစ်တွင် မောင်ရှောလူးသည် သူ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့မှ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania) လူးဝစ္စဘာ့ဂ်မြို့(Lewisburg) သို့ခရီးနှင်ခဲ့သည်။

ဖော်ပြပါပုံကို အင်ဒီယားနားပြည်နယ် ဂိုရှန်မြို့ကလေးတွင် ၁၈၆၅ ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့သည်။ ကာလကတ္တားတွင် ပညာသင်ရန် အသက် ၁၇ နှစ်အရွယ် မောင်ရှောလူးသည် ၁၈၅၇ ခုနှစ်က မြန်မာပြည်မှ ထွက်လာခဲ့သည်။...

၁၈၅၈ - ၁၈၇၂
ကင်းဝန်မင်းကြီးမှ ကလီမန့်ဝီလျံစ်ကို ပေးပို့သည့် ရှားပါးစာစောင်။

ဝီလျံစ်သည် ၁၉ ရာစု မြန်မာ့သမိုင်းတွင် စိတ်ဝင်စားစရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် ၁၈၅၈ ခုနစ်က ဗြိတိသျှစစ်တပ်၏ လက်ထောက်ခွဲစိတ်ဆရာဝန် အဖြစ် မြန်မာပြည်ကို ရောက်ရှိလာခဲ့သည်။ နောင်တွင် မန္တလေး၌ (ဗြိတိသျှ) သံကိုယ်စားလှယ် ဖြစ်လာသည်။ မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ပြီး မင်းတုန်းမင်းက သဘောကျကာ မိတ်ဆွေဟုပင် မှတ်ယူခံရသူ ဖြစ်သည်။ သို့ရာတွင် တစ်နှစ်အတွင်း သူနှင့်ရန်စရှိသည့် ပြိုင်ဖက် ကာနယ်စလေဒင်နှင့် အစားထိုးခံလိုက်ရသည်။

၁၈၇၀ ပြည့်နှစ်များတွင် ရန်ကုန်တွင် စီးပွားရေးသမား အဖြစ် ဆက်လက်နေထိုင်ကာ...

၁ ဇန်နဝါရီ ၁၈၅၉
သီပေါမင်း၏ မွေးနေ့

၁၈၅၉ ခုနှစ် ဇန်နဝါရီ လ (၁)ရက်နေ့သည် သီပေါမင်း၏ မွေးနေ့ဖြစ်သည်။ သီပေါမင်းသည် မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏သား ဖြစ်ပြီး မင်းတုန်းမင်း၏ ၄၁ ဦးမြောက်သားတော်ဖြစ်သည်။ သီရိပဝရ ဝိဇယာန္တ ယသတိလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ အမည်ဖြင့် ဘိသိက်ခံခဲ့ပြီး ကုန်းဘောင်မင်းဆက်၏ (၁၁)ဆက်မြောက်နှင့်နောက်ဆုံး ဘုရင်ဖြစ်သည်။ ၁၈၇၈ ခုနှစ် အောက်တို ဘာတွင် နန်းတက်ပြီး ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့၏ နန်းချခြင်းခံရကာ နယ်နှင်ဒဏ်ခံနေရစဉ်အတွင်း ၁၉၁၆ခုနှစ် ဒီဇင်ဘာ (၁၉)တွင် အသက် ၅၇ နှစ်၌...

၁၃ ဒီဇင်ဘာ ၁၈၅၉ - ၁၉၂၅
ဗမာ(မြန်မာ)ပြည်၏နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ်

ဗမာ (မြန်မာ)ပြည်၏ နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ်ကို ၁၈၅၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၉ နှစ်အရွယ်၌ သီပေါမင်း၏ နန်းမတော်အရှင် မိဖုရားခေါင်ကြီး ဖြစ်လာသည်။ နန်းစံသည့် ၇ နှစ်ကာလအတွင်း တော်ဝင်အာဏာကို (အထူးသဖြင့် နန်းတွင်းအသုံးစရိတ်ကို) လျှော့ချရန် အားထုတ်ကြသော ပြုပြင်ပြောင်းလဲရေး နန်းတွင်းအမတ်များကို တွန်းလှန်တိုက်ခိုက်ခဲ့သည်။ ဘုရင်၏ မိဖုရားနှင့် ကိုယ်လုပ်တော်အရေအတွက်ကို ကန့်သတ်ရန်လည်း အားထုတ်ခဲ့သည်။သူမအား အပြောင်းအလဲကို ဆန့်ကျင်သော၊ လင်ယောက်ျားအပေါ် နိုင်လိုထက်မင်းပြုသော၊ အကျင့်စာရိတ္တ...

1860s
“မန္တလေးမြို့ရှိ ခန္ဒာကိုယ်အမွှေးအမျှင်များ ထူထပ်နေသော မိသားစု “ မှ ငယ်ရွယ်သူမိသားစုဝင်တစ်ဦး။

၁၈၆၀ ခုနှစ်များဆီက ရိုက်ကူးခဲ့သော ဓာတ်ပုံဟုယူဆရပါသည်။ မွေးရာပါအမွှေးအမျှင်များထူထပ်သည့်ရောဂါကို ထိုမိသားစု မျိုးဆက်သုံးဆက်ခန့်မျှ ခံစားခဲ့ရသည်။ ဗမာဘုရင်များက သနားညှာတာသောအားဖြင့် စောင်မကြည့်ရှုခဲ့ကြသည်မှာ ၁၈၂၀ ခုနှစ်များမှ မန္တလေးကျဆုံးသည်ထိပင်ဖြစ်သည်။ ပီတီ ဘာနန်ဆိုသူက အဆိုပါမိသားစုကို လန်ဒန် ဆပ်ကပ်ပြပွဲမျာတွင် ခေါ်ယူပြသခဲ့သည်။ထို့နောက် အမေရိက တွင်ပါ ဆက်လက်ပြသခဲ့သည်။ ပုံပါ မိန်းကလေး မှာ မဖုံ ဖြစ်သည် ဟု ကျွန်တော်ယုံကြည်ပါသည်။ သူမသည် ဇာတိမြေနှင့်မိုင်ပေါင်းများစွာ ကွာဝေးသော ဝါရှင်တန်ဒီစီ တွင် ၁၈၈၈ ခုနှစ်၌ ကွယ်လွန်ခဲ့ပါသည်။

၁၈၆၂
၁၉ ရာစုအလယ်ပိုင်း အင်းဝနန်းတော်အတွင်းမှ မြန်မာပိုလိုကစားပွဲ


ယနေ့ခေတ် ပိုလိုအားကစား၏ မူရင်းဇာစ်မြစ်မှာ မဏိပူရမှဖြစ်သည်။ ရာစုနှစ်များစွာကြာ မဏိပူရတွင် ပိုလိုကစားသည့် အလေ့အထရှိခဲ့သည်။ ထိုခေတ်က “ပူလူ - Pulu”ဟု ခေါ်ဝေါ်ကြသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်နောက်ပိုင်း မဏိပူရ ပိုလိုအားကစားအကြောင်း ဗြိတိသျှတို့ ရှာတွေ့မိရာမှ နောက်ပိုင်း ကာလတ္တားသို့ ယူဆောင်သွားခဲ့သည်။ ကာလကတ္တား၌ ပိုလိုအားကစားကို ၁၈၆၂ ခုနှစ်မှ စတင်ကာ ကစားလာခဲ့သည်။ မြန်မာပိုလို၏ ဇာစ်မြစ်ကိုမူ မသိရှိရပါ။ မဏိပူရပိုလိုမှ ဆင်းသက်လာခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ 

၁၈၆၃
၁၈၆၃ ခုနှစ် ဘုရားလမ်း

ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ၁၀ နှစ်အကြာ မြန်မာပြည်သို့ ရောက်ရှိလာသော ဂျာမန်လူမျိုး ပန်းချီဆရာ Eduard Hildebrandt ရေးခြယ်ထားသော ရေဆေးပန်းချီကားတစ်ခု ဖြစ်ပါသည်။

၁၈၆၅
မင်းတုန်းမင်းလက်ထက် ၁၈၆၅ ခုနစ် ဝန်းကျင်က အမည်မသိ အရာထမ်းကြီးတစ်ဦး (ဗြဲတိုက် သို့မဟုတ် ရွှေတိုက်စာရေး ဖြစ်နိုင်ပါသည်။)

Photo credit: Royal Ontario Museum 

သြဂုတ် ၁၈၆၆
ကနောင်မင်းသားကြီး လုပ်ကြံခံရခြင်း

၁၈၆၆ ခုနှစ် သြဂုတ်လတွင် (ဓာတ်ပုံထဲပါ) ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မြန်မာ့သမိုင်း ဦးတည်ရာလမ်းကြောင်းသည် ထာဝရ ပြောင်းလဲသွားခဲ့သည်။ ကနောင်မင်းသားကြီးသည် မင်းတုန်းမင်းကြီး၏ ညီတော် တဖြစ်လဲ အုပ်ချုပ်ရေးပိုင်းတွင် အားထားရသူလည်းဖြစ်သည်။ အိမ်ရှေ့စံမင်းသားလည်း ဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ပုံစနစ်ကို ပြောင်းလဲပစ်ရန်၊ တိုင်းပြည် ခေတ်မီတိုးတက်လာစေရန်၊ တိုင်းပြည်၏အချုပ်အခြာအာဏာကို ကာကွယ်ရန် မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီးတို့ နှစ်ဦး အတူတကွ ဦးဆောင်ထမ်းရွက်ခဲ့ကြသည်။ ကနောင်မင်းသားကြီး၏ လမ်းညွှန်မှုအောက်တွင် ကျောင်းသား ဒါဇင်နှင့်ချီကို ဥရောပသို့ ပညာတော်သင်စေလွှတ်ခဲ့သည်။ ထိုအထဲတွင် စစ်တပ်တွင်း အကြီးစားပြုပြင်ပြောင်းလဲမှုပြုလုပ်ရန်အတွက် စစ်ပညာသင်ယူမည့် ကျောင်းသားများလည်း...

၂ သြဂုတ် ၁၈၆၆
မြင်ကွန်းမင်းသား

၁၈၆၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ဖခမည်းတော် မင်းတုန်းမင်းကို မြင်ကွန်းမင်းသား ပုန်ကန်တော်လှန်ခဲ့သည်။ ဦးရီးတော် အိမ်ရှေ့မင်းသား ဖြစ်သော ကနောင်မင်းသားနှင့် အခြားသော မှူးကြီးမတ်ရာများ လုပ်ကြံခံခဲ့ရသည်။ ထိုတော်လှန်ပုန်ကန်မှုသည် ရက်သတ္တပတ် အနည်းငယ်မျှ ကြာမြင့်ခဲ့ပြီး သွေးထွက်သံယိုများစွာ ဖြစ်ခဲ့ပြီးမှသာ အဆုံးသတ်ခဲ့သည်။ ကနောင်မင်းသားသည် မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး ဖြစ်ပြီး ယင်းကွယ်လွန်ခဲ့ခြင်းသည် တပ်မတော်နှင့် အခြားသော တိုင်းပြည်၏ အဖွဲ့အစည်းများကို ခေတ်မီအောင် ကြိုးပမ်းအားထုတ်မှုများအပေါ် အထိနာစေခဲ့သည်။ မြင်ကွန်းမင်းသားကြီး၏ ယခုပုံမှာ ဆိုင်ဂုံ (Saigon)...

၁၈၆၈ - ၁၉၀၅
သံချက်ဝန်ဦးမြူ

သံချပ်ဝန် ဦးမြူ (နောက်ပိုင်းတွင် မင်းကြီးမင်းလှ မဟာစည်သူကျော်ဖြစ်လာသူ)၏ ရှားပါးပုံရိပ်လွှာ။ဦးမြူသည် အင်းဝမှူးမျိုးမတ်နွယ် ရှေးမိသားစုတစ်ခုမှ ဆင်းသက်လာသည်။ ပါရီတွင် ပညာဆည်းပူးခဲ့သော ပထမဦးဆုံး မြန်မာလူမျိုးများထဲမှ တစ်ယောက်ဖြစ်သည်။ ၁၈၆၈ ခုနှစ် École Centrale des Arts et Manufactures ကျောင်းမှ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပြီး ၁၈၇၀ ပြည့်နှစ်အလွန်များတွင် ပြင်သစ်သို့ ပြန်သွားကာ ဆက်လက်ပညာသင်ယူခဲ့သည်။ မင်းတုန်းမင်းကြီး၏ တိုင်းပြည်အတွင်း ပထမဦးဆုံးသောစက်ရုံကြီးများ တည်ထောင်မည့် ကြိုးပမ်းမှုကို ဦးဆောင်လျက် ဦးမြူသည် မန္တလေးတွင် ရာထူးတာဝန်မျိုးစုံကို ထမ်းရွက်ခဲ့သည်။...

1880s
သီပေါမင်း၏ စာသင်ကျောင်း

သီပေါမင်း ပညာသင်ယူခဲ့သော စာသင်ကျောင်းနှင့် ပတ်သက်၍ ဤပုံကိုသာ တွေ့ရှိထားပါသည်။ မန္တလေး နန်းမြို့ရိုးအနောက်ဘက်တွင် တည်ရှိပြီး ‘ဒေါက်တာမာ့ခ်စ်ကျောင်း’ ‘ဆရာမှတ်ကြီးကျောင်း’ ဟုလည်း လူသိများသည့် အက်စ်ပီဂျီ သာသနာပြု စာသင်ကျောင်းဖြစ်သည်။ ၁၈၆၉ ခုနှစ်တွင် ရန်ကုန် စိန်ဂျွန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ခရစ်ယာန်သာသနာပြုဘုန်းကြီး ဂျိန်းမ်စ်အက်ဘန်နီဇာမာ့က်စ်(James Ebenezer Marks)အား ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဆရာများနေရန် နေအိမ်အပါအဝင် စာသင်ကျောင်းတစ်ခု အတူတကွ တည်ထောင်ရန် မင်းတုန်းမင်းကြီး ဖိတ်ကြားခဲ့သည်။ ထိုကျောင်းတွင် သီပေါမင်းသားအပါအဝင် မင်းညီမင်းသား ၇ ဦး ပညာဆည်းပူးခဲ့သည်။ သီပေါမင်းသားကို...

၁၈၇၀
အမည်မသိ မြန်မာအမျိုးသားတစ်ဦး၏ပုံ၊ ၁၈၇၀ ပြည့်နှစ်ဝန်းကျင်၊ ယူကေ၊ ကော်န်ဝေါ။

၁၈၇၁
ပြင်သစ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့

၁၈၇၁ ခုနှစ် ကင်းဝန်မင်းကြီး ဦးဆောင်သည့် သံအဖွဲ့သည် ပြင်သစ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့ ဖြစ်သည်။ (မြန်မာတို့သည် ဥရောပရှိ အခြားသော အင်အားကြီးများကိုလည်း မျက်နှာချိုသွေးနိုင်ပါသည်ဟူသော သတင်းစကား ဗြိတိသျှတို့ နားသို့ ရောက်ရှိစေရန် ရည်ရွယ်သည့်) ထိုခရီးစဉ်အတွင်း ကင်းဝန်မင်းကြီးနှင့်အဖွဲ့သည် Louvre ပြတိုက်၌ အီဂျစ်မမ်မီရုပ်အလောင်းများကို ကြည့်ရှုခြင်း၊ နပိုလီယံသင်္ချိုင်းအုတ်ဂူတွင် အရိုအသေပြုခြင်း၊ အမျိုးသားစာကြည်တိုက်သို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြသည်။ စာကြည့်တိုက်၌ ၁၃ ရာစုနှစ်က မာကိုပိုလိုရေးဆွဲထားသည်ဟုဆိုသော ပုဂံမြို့ဟောင်းပါရှိသည့် မြေပုံဟောင်းတစ်ခုကို ကြည့်ရှုခဲ့ကြသည်။ နှစ်ရာစုပေါင်းများစွာကြာ ဥရောပလူမျိုးများ...

မတ် ၁၈၇၁ - ၁၈၇၂
ဥရောပသို့ ပထမဆုံး စေလွှတ်ခံရသည့် မြန်မာသံအဖွဲ့

ပူလောင်အိုက်စပ်သော မတ်လ မနက်ခင်းတစ်ခုတွင် မြန်မာပြည် ဒေါင်းအလံရော၊ ယူကေ ယူနီယံဂျက်အလံပါ လွှင့်ထူထားသော အက်စ်အက်စ် တနင်္သာရီ (SS Tenasserim) ရေနွေးငွေ့သင်္ဘောကြီးသည် ရန်ကုန်မြစ်အတိုင်း စုန်ဆင်းခဲ့ကာ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ခုတ်မောင်းသွားခဲ့သည်။ ထိုစဉ်က နောက်ဆုံးပေါ် နည်းပညာဖြင့် တည်ဆောက်ထားသော သင်္ဘောကြီးကို ဟန်ဒါဆင် ခရီးသည်တင် သင်္ဘောလိုင်းအတွက် ဂလက်စ်ဂိုမြို့ (Glasgow) တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အထက်တန်း ခရီးသည်နားနေခန်း ၂၀ ပါဝင်သည်။ သင်္ဘောပေါ်တွင် အင်းဝနေပြည်တော်မှ မြန်မာဘုရင်၏ ဝန်ကြီးတစ်ဦး ဖြစ်သည့်...

၁၈၇၁
မင်းတုန်းမင်း လှူဒါန်းခဲ့သော ရွှေတိဂုံဘုရား ထီးတော်

ပုပ္ပါးမြို့စား ဦးဆောင်သော မင်းတုန်းမင်း၏ မှူးမတ်များသည် ရွှေတိဂုံစေတီတော်တွင် ထီးတော်သစ် ကပ်လှူရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ၁၈၇၁ ခုနှစ်တွင် ဗြိတိသျှတို့သည် ရန်ကုန် အပါအဝင် အောက်မြန်မာပြည် တစ်ခုလုံးကို သိမ်းယူထားခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ကော်မရှင်နာမင်းကြီး (ဆာအက်ရှလေအီဒင် - Sir Ashley Eden)က မင်းတုန်းမင်းအနေဖြင့် ထီးတော်သစ်ကို လှူဒါန်းမည်ဆိုပါက လှူဒါန်းနိုင်သည်၊ သို့သော် ဗြိတိသျှအာဏာပိုင်များမှ တစ်ဆင့်ခံ လှူဒါန်းပေးမည်ဟု မလျှော့တမ်း ပြောသည်။ လှူဒါန်းနိုင်မည့်ပုံစံမှာ ထီးတော်ကို ဗြိတိသျှတို့က မင်းတုန်းမင်းထံမှ လက်ခံရယူကာ...

၂၆ ဒီဇင်ဘာ ၁၈၇၂
၁၈၇၂ ခုနှစ် ပန်းသေးတော်လှန်ရေး

၁၈၇၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တာလီပြည်ကို ပြန်လည်သိမ်းပိုက်နိုင်လိုက်ပြီး ပန်းသေးလူမျိုးတို့၏ ခေါင်းဆောင် ဒူဝမ်ရှု (Du Wenxiu) ကို ဖမ်းဆီးရမိသောကြောင့် ဆယ့်ခြောက်နှစ်တာ ကြာမြင့်ခဲ့သော ပန်းသေးတော်လှန်ရေး အဆုံးသတ်သွားခဲ့သည်။ အဖမ်းခံရသည့်အချိန်တွင် ဒူဝမ်ရှုသည် ဘိန်းအလွန်အကျွံ သောက်သုံးခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ့အား ခေါင်းဖြတ်စီရင်လိုက်ကြပြီး ဦးခေါင်းကို ပျားရည်တွင် စိမ်ကာ ဧကရာဇ်ထံသို့ လက်ဆောင်အဖြစ် ဆက်သခဲ့သည်။ ပန်းသေးလူမျိုး ထောင်သောင်းချီ အသတ်ခံခဲ့ရသလို တော်လှန်ရေးအတွင်း သေဆုံးခဲ့သူအရေအတွက် သိန်းနှင့်ချီ ရှိနိုင်ပေသည်။ ရှမ်းပြည်နှင့် မန္တလေးသို့...

၁၈၇၂ - ၁၉၆၃
ဘုရင်ဖြစ်လာခဲ့နိုင်သော ပျဉ်းမနားမင်းသား

၁၈၇၈ ခုနှစ်က ပျဉ်းမနားမင်းသားသည် နန်းတက်ရန် လျာထားခြင်း ခံရသော မင်းသားတစ်ပါး ဖြစ်ပြီး ၁၉၄၂ ခုနစ်တွင်လည်း ယင်းအား ဂျပန်တို့က “မြန်မာဘုရင်” အဖြစ် တင်မြှောက်ရန် စဉ်းစားခဲ့ကြသေးသည်။ ၁၈၇၂ ခုနှစ်တွင် ဖွားမြင်ပြီး မင်းတုန်းမင်း၏ သားတော်၊ သီပေါမင်း၏ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်သည်။ မန္တလေးမြို့ရှိ စိန့်မာ့ခ်ကျောင်းနှင့် ဒယ်ရာဒွန်းမြို့ (Dehra Doon) တွင် ပညာသင်ကြားခဲ့သည်။ မင်းတုန်းမင်း၏ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော သားတော် ဖြစ်သည်။ နာဆာ (NASA)...

၁၈၇၅
၁၈၇၅ ခုနှစ် ကင်းဝန်မင်းကြီး ကာလကတ္တားခရီးစဉ်

၁၈၇၅ ခုနှစ် ကာလကတ္တားသို့ ကင်းဝန်မင်းကြီး၏ အလည်အပတ်ခရီးသွားစဉ် ရိုက်ကူးထားသည့် ရှားပါးဓာတ်ပုံတစ်ဦး။ ထိုခရီးစဉ်သည် အင်္ဂလိပ်-မြန်မာဆက်ဆံရေးကို တစ်ကွေ့တစ်ပြောင်း ဖြစ်စေခဲ့သည်။ ထိုခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ အိန္ဒိယအင်ပါယာသို့ တိုင်းခန်းလှည့်လည်ရန် ရောက်ရှိနေသည့် (နောင်တွင် အက်ဒ်ဝါ့ဒ် ၇ ဘုရင် King Edward VII ဖြစ်လာမည့်) ဝေလမင်းသားနှင့် တွေ့ဆုံရန်ဖြစ်သည်။ ထိုခရီးစဉ်သည် ယိုယွင်းပျက်စီးလာနေသော ဗြိတိသျှတို့နှင့် ဆက်ဆံရေးကို လျင်မြန်စွာ ပြုပြင်ပြင်ဆင်ရန် နောက်ဆုံးအကြိမ် ကြိုးပမ်းအားထုတ်မှုလည်း ဖြစ်ခဲ့သည်။ ၁၈၇၅ ခုနှစ်သို့ရောက်သောအခါ မြန်မာ့ပြည်တွင်းနိုင်ငံရေး၌ ဗြိတိသျှတို့ ဝင်ရောက်စွက်ဖက်မှုသည်...