အမေ့ခံအတိတ်
အမေ့ခံအတိတ်

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ)

၁၈၇၅
၁၈၇၅ ခုနှစ် ကင်းဝန်မင်းကြီး ကာလကတ္တားခရီးစဉ်

၁၈၇၅ ခုနှစ် ကာလကတ္တားသို့ ကင်းဝန်မင်းကြီး၏ အလည်အပတ်ခရီးသွားစဉ် ရိုက်ကူးထားသည့် ရှားပါးဓာတ်ပုံတစ်ဦး။ ထိုခရီးစဉ်သည် အင်္ဂလိပ်-မြန်မာဆက်ဆံရေးကို တစ်ကွေ့တစ်ပြောင်း ဖြစ်စေခဲ့သည်။ ထိုခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ အိန္ဒိယအင်ပါယာသို့ တိုင်းခန်းလှည့်လည်ရန် ရောက်ရှိနေသည့် (နောင်တွင် အက်ဒ်ဝါ့ဒ် ၇ ဘုရင် King Edward VII ဖြစ်လာမည့်) ဝေလမင်းသားနှင့် တွေ့ဆုံရန်ဖြစ်သည်။ ထိုခရီးစဉ်သည် ယိုယွင်းပျက်စီးလာနေသော ဗြိတိသျှတို့နှင့် ဆက်ဆံရေးကို...

၁၈၇၅
၁၈၇၅ ခုနှစ်ဝန်းကျင် မင်းတုန်းမင်းလက်ထက် မန္တလေး

၁၈၇၅
ဂျာမန်လူမျိုး မျိုးနွယ်လေ့လာသူနှင့် ရှာဖွေစူးစမ်းသူ ဖီဒေါဂျဂါ (Fedor Jagor) က ၁၈၇၅ ခုနှစ်တွင် ရိုက်ကူးခဲ့သော အမည်မသိ မြန်မာလုလင်တစ်ဦးပုံ။

၁၈၇၅
၁၈၇၅ ခုနှစ်ဝန်းကျင်က စကော့တလန်ရောက် မြန်မာခရီးသွား

မြန်မာခရီးသည် တစ်ဦးကို စကော့တလန်တွင် ၁၈၇၅ ခုနှစ်က မြင်ရပုံ။ ဓာတ်ပုံမှာ ထိုခေတ်ပေါ် “carte de visite” စတိုင်ဖြင့် ဓာတ်ပုံဆရာ အနုပညာရှင် အဲလက်ဇန်ဒါ ပစ်သီ (Alexander Pithie)က သူ၏ စတူဒီယိုတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ထိုစတူဒီယိုသည် ဖာ့သ်အော့ဖော့သ် (Firth of Forth) မြစ်ဝကမ်းစပ်အနီးရှိ အလိုအာမြို့ (Alloa၊...

၁၈၇၅
၁၈၇၅ ခုနှစ်ဝန်းကျင်က အမည်မသိ မြန်မာလုလင်ငယ်တစ်ဦး၏ ဓာတ်ပုံ

သူသည် ကုန်းဘောင်ခေတ်နှောင်းစတိုင် ခေါင်းပေါင်း၊ အင်္ကျီနှင့် ပုဆိုးတို့ကို ဝတ်ဆင်ထားသည်။ ယနေ့ မြန်မာရိုးရာ အမျိုးသားဝတ်စုံဖြစ်သော မန်ချူးတိုက်ပုံအင်္ကျီ၊ (ကော်လာမပါသော) အင်္ဂလိပ်ရှပ်အင်္ကျီနှင့် အိန္ဒိယလုံချည်တို့ကို ဆင်ယင်ဝတ်စားမှု မကျယ်ပြန့်သေးသည့်အချိန်က ဖြစ်သည်။

နိုဝင်ဘာ ၁၈၇၈
သီပေါမင်းလက်ထက် ရည်မှန်းချက်များ

၁၈၇၈ ခုနှစ် နိုဝင်ဘာလတွင် သီပေါမင်း နန်းတက်ခဲ့သည်။ အာဏာရခါစတွင် တိုင်းပြည်ကို အစွမ်းကုန် ပြုပြင်ပြောင်းလဲလိုသည့် ကင်းဝန်မင်းကြီး ယောအတွင်းဝန်နှင့်တကွ ဥရောပတွင် ခေတ်မီပညာများ သင်ကြားလာကြသူများက ဦးဆောင်ခဲ့ကြပြီး အများက အလွယ်တကူ ယုံကြည်နေကြသလို အားနည်းသည့်အစိုးရ မဟုတ်ခဲ့ပါ။ ထိုစဉ်က သီပေါမင်းလက်ထက်တွင် အနောက်ကမ္ဘာနှင့် ကူးလူးဆက်ဆံပြီး တိုင်းပြည်ကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်လိုစိတ် ထက်သန်ခဲ့ကြသည်။ သို့ရာတွင် နိုင်ငံရေး၊...

စက်တင်ဘာ ၁၈၇၉
သီပေါမင်း၏ တိုက်ပုံအင်္ကျီ

အညိုရောင် သားမွှေးဖြင့် အနားကွပ်ထားသည့် ပုံပါ နက်ပြာရောင် ပိုးသားအပေါ်ရုံအင်္ကျီကို ၁၈၇၉ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့မှ ဧရာဝတီဖလော်တီလာ ကုမ္ဗဏီ၏ အထွေထွေမန်နေဂျာ မစ္စတာ ဂျော့ဆွမ်း (Mr. George Swan)က သီပေါမင်းထံ ဆက်သခဲ့သည်။ ယနေ့တွင် ထိုအင်္ကျီမှာ ဂလက်စ်ဂိုမြို့ကောင်စီ ပြတိုက်များအဖွဲ့ အပိုင်ဖြစ်သည်။ ထိုအင်္ကျီသည် မန်ချူးမာဂွာ (Manchu magua) ဟုခေါ်သော...

၁၈၇၉ - ၁၉၃၃
၁၉၁၀ ပြည့်နှစ်ဝန်းကျင်က လင်းပင်မင်းသားနှင့် သူ၏မိသားစုကို အလာလာဘတ်ရှိ လင်းပင်အိမ်တော်တွင် တွေ့ရစဉ်

လင်းပင်မင်းသားသည် မင်းတုန်းမင်း၏ ညီတော် ကနောင်မင်းသား၏ သားတော်ငယ်တစ်ပါး ဖြစ်ပြီး သီပေါမင်းနှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သည်။ ၁၈၇၉ ခုနှစ်၌ မင်းညီမင်းသားများကို ဖမ်းဆီးကွပ်မျက်မှုမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ၁၈၈၅-၇ ခုနှစ် အတွင်း ရှမ်းစော်ဘွားအချို့နှင့် အတူ ဗြိတိသျှသိမ်းပိုက်မှုကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ကာလကတ္တားသို့ ပြည်နှင်ခံရပြီး နောင်တွင် အလာလာဘတ် (Allalabad) သို့ ပို့ခံရသည်။...

1880s
သီပေါမင်း၏ ဝန်ကြီးတစ်ပါး (အမည်မသိ)

၁၈၇၀ ခုနှစ် နှောင်းပိုင်းနှင့် ၁၈၈၀ခုနှစ် အစောပိုင်း မင်းပြောင်းမင်းလွှဲ ကာလတွင် မည်သူက ပြုပြင်ပြောင်းလဲရေးသမား စစ်စစ်၊ မည်သူက ပြုပြင်ပြောင်းလဲရေး ကိုဆန့်ကျင်သူဟူ၍ ငြင်းခုံမှုများ ဖြစ်ခဲ့ဖူးပါသည်။ ရှေးရိုးစွဲဝါဒီများ ဖြစ်သော တိုင်တားမင်းကြီးနှင့် အပေါင်းပါတို့ကို ထိပ်တိုက်ရင်ဆိုင်ကာ ယောမင်းကြီးဦးဖိုးလှိုင်နှင့် ဝက်မစွပ်ဝန်ထောက်တို့က တိုင်းပြည်ကို ခေတ်မီတိုးတက်အောင် ပြုပြင်မည်ဟု တွန်းအားပေးခဲ့ကြသည်။ ပုံတွင် မန္တလေးကျဆုံးပြီးနောက် သီပေါမင်း၏ ဝန်ကြီးတစ်ပါး...

1880s
ဆင်ခိုးမလေး?

မန္တလေးမြို့မှ ဓာတ်ပုံတစ်ပုံ။ ၁၈၈၀ ပြည့်နှစ်များက ကချေသည်တစ်ဦးဖြစ်ပြီး မိဖုရား စုဖုရားလတ်၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရသူဖြစ်သည်ဟု ဆိုကြသော မရွှေမျှင်၏ပုံ ဖြစ်သည်။ သူ့အား အခြားနာမည်တစ်ခု ဆင်ခိုးမလေး ဟူသည့် နာမည်ဖြင့် ပိုသိကြသည်။ မရွှေမျှင်ကို အလွန်တရာမှ မေတ္တာသက်ဝင်နေသော ရနောင်မင်းသား(မောင်တုတ်)က ဆင်ပေါ်တင်၍ ခိုးပြေးသည်ဟု သတင်းထွက်ရာမှ ထိုနာမည်ရရှိခြင်းဖြစ်သည်။ 

၁၈၈၀
မြို့သစ်မင်းသမီး

၁၈၈၀ ပြည့်နှစ်ဝန်းကျင်က ရိုက်ကူးထားခဲ့သော မင်းတုန်းမင်းနှင့် သရစိမ်းမြို့စား မိဖုရားတို့၏ သမီးတော်။ မူလက တိုင်တားမင်းသမီး ဖြစ်သည်။ နောင်တွင် မြို့သစ်မင်းသမီး ဖြစ်လာသည်။ သီပေါမင်းနှင့် ဖအေတူ မအေကွဲ မောင်နှမ ဖြစ်ပြီး ကောလင်းမင်းသား၏ ကြင်ယာတော် မြို့သစ်မင်းသမီး သီရိသူရိယဓမ္မဒေဝီ။

ဧပြီ ၁၈၈၂
ကျောက်မြောင်းမြို့စား၏ ဆင်းမလားခရီးစဉ်

၁၈၈၂ ခုနှစ်က ယခုကဲ့သို့သော ရက်သတ္တပတ်တွင် ဆော်ဘွန်း (Sorbonne) တွင် ပညာသင်ယူခဲ့သော ကျောက်မြောင်းမြို့စားသည် အိန္ဒိယဘုရင်ခံ လော့ဒ်ရစ်ပွန် (Lord Ripon) နှင့် ဆွေးနွေးရန် ဆင်းမလားမြို့ (Simla) သို့ ရောက်ရှိနေခဲ့သည်။ ဤသည်မှာ စစ်မဖြစ်ရေး အတွက် နောက်ဆုံးကြိုးပမ်းအားထုတ်မှု ဖြစ်ပြီး များမကြာခင်တွင် ဖြစ်ပေါ်လာတော့မည့် မြန်မာပြည်တစ်ခုလုံုး သိမ်းပိုက်ခံရခြင်းကို ရှောင်ရှားရန်ဖြစ်သည်။ ထိုစဉ်က...

၁၈၈၂ - ၁၉၄၅
၁၈၈၂ ခုနှစ်က မန္တလေး

သီပေါမင်းလက်ထက် မန္တလေးနန်းတော်၏ တစ်ခုတည်းသော ဓာတ်ပုံ။ ဂျာမန်လူမျိုး စူးစမ်းရှာဖွေသူ အီမီလ် ရိုင်းဘက်ခ် (Emil Riebeck)မှ ရိုက်ကူးထားခြင်း ဖြစ်သည်။ နန်းမြို့ရိုးအတွင်း အဆောက်အအုံများစွာ ရှိနေသည်ကို သတိပြုကြည့်နိုင်သည်။ ပင်မနန်းဆောင်နှင့် လွှတ်တော် အဆောက်အဦများအပြင် တော်ဝင်မိသားစုများ၊ မှုးကြီးမတ်ရာများ၏ နေအိမ်များကို တွေ့နိုင်သည်။ ထိုအိမ်တော်များကို ၁၈၈၀ ခုနှစ် နှောင်းပိုင်းကာလများတွင် ဗြိတိသျှတို့က မီးရှို့ဖျက်ဆီးလိုက်ကြသည်။ ၁၉၀၁...

၁၈၈၃ - ၁၉၅၃
သီပေါမင်း၏ ဒုတိယမြောက် သမီးတော်

သီပေါမင်း၏ သမီးတော် ဒုတိယမြောက်မင်းသမီး (အရှင်ထိပ်စုမြတ်ဖုရားလတ်)သည် မိဘနှစ်ပါး မန္တလေးမှ ပြည်နှင်ဒဏ်ခံရသည့်နှစ် ၁၈၈၅ ခုနှစ်တွင် အသက် ၂ နှစ်သာသာ ရှိသေးသည်။ ၁၉ ၁၆ ခုနှစ် အောက်တိုဘာလတွင် သူမသည် (မန္တလေးနန်းတွင်းအမှုထမ်းဖြစ်ခဲ့သော) ဦးခင်မောင်လတ်ဆိုသူနှင့် ခိုးရာလိုက်ပြေးကာ အိမ်ထောင်လျက်သားကျခဲ့သည်။ ယင်းတို့နှစ်ဦးသည် ဟိမဝန္တာတောင်ခြေ၊ ဒါဂျီလင်း (Darjeeling)အနီး ကော်လင်ပေါင် (Kalimpong)တွင် နို့စားနွားမွေးမြူရေးလုပ်ငန်း အသေးစား...

၁၈၈၅
၁၈၈၅ ခုနစ်က မန္တလေးနန်းတော်

ယနေ့တွင် သမ္မတဦးသိန်းစိန်သည် သီပေါဘုရင် နောက်ဆုံးအခြေချရာ အိန္ဒိယပြည် ရတနာဂီရိမြို့သို ပထမဆုံးအလည်လာသော မြန်မာ့ထိပ်တန်းခေါင်းဆောင် ဖြစ်သည်။ ရတနာဂီရီမြို့တွင် ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းသည် ပြည်နှင်ဒဏ်ပေးခံရသော ၁၈၈၅ ခုနှစ်မှ နတ်ရွာစံချိန်အသက် (၅၇)နှစ်ပြည့်သည့် ၁၉၆၁ ခုနှစ်အထိ နှစ်ကာလ ကြာညောင်းစွာနေထိုင်ခဲ့သည်။ ဤပုံတွင် ၁၈၈၅ခုနှစ် အင်္ဂလိပ်ဗမာ တတိယ စစ်ပွဲ အပြီး သီပေါမင်း ပါတော်မူပြီးနောက်...

၁၈၈၅
တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲနှောင်း ဘုရင့် သက်တော်စောင့်တစ်ဦး

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ပြီးခါစက မန္တလေးမြို့တွင် ရိုက်ကူးထားသော ဘုရင့် သက်တော်စောင့်တစ်ဦးပုံ။

၁၈၈၅
ဦးမောင်ကြီး

ဤပုံထဲမှ ပုဂ္ဂိုလ်မှာ ကျွန်ုပ်ဖခင်ဘက်က အဘီတော်စပ်သူ ဦးမောင်ကြီး ဖြစ်ပါသည်။ ၁၈၈၅ ခုနှစ် ဝန်းကျင်က ရိုက်ကူးခဲ့သော ဓာတ်ပုံပေါ်တွင် ထပ်ကာဆွဲထားသည်ဟု ယူဆရပါသည်။ ဦးမောင်ကြီးသည် ၁၈၈၀ ပြည့်နှစ် အစောပိုင်းကာလများက သီပေါမင်း၏ ရွှေတိုက်စိုး ဖြစ်ခဲ့ပြီး ဝက်မစွပ်ဝန်ထောက်နှင့် ကျောက်မြောင်းအတွင်းဝန်တို့ထံ တပည့်ခံခဲ့ဖူးသူ ဖြစ်သည်။ ဦးမောင်ကြီး၏ တူတော်စပ်သော ကျွနု်ပ်၏ ဦးကြီးဖြစ်သူ မန္တလေးမြို့မှ ဦးဘဦးသည်...

၂၇ နိုဝင်ဘာ ၁၈၈၅
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့၊ အင်းဝတွင် မြန်မာတို့ လက်နက်ချ

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့၊ အင်းဝတွင် မြန်မာတို့ လက်နက်ချသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗမာပြည်သိမ်းပိုက်ရေးတပ်၏ ဗိုလ်ချုပ်ကြီး ဆာဟယ်ရီပယ်ရီဒါဂက်စ်နှင့် လက်နက်ချမည့်အကြောင်း ဆွေးနွေးရန် ကျောက်မြောင်းအတွင်းဝန်နှင့် ဝက်မစွပ်ဝန်ထောက်တို့သည် အင်းဝသို့ ရောက်ရှိလာခဲ့သည်။ အင်းဝခံတပ်၏ တပ်မှုး မြို့သစ်မြို့စားက ထိုနန်းတွင်းအမတ်နှစ်ဦး၏ အမိန့်ကို လိုက်နာရန် ငြင်းဆန်ခဲ့သည်။ နိုဝင်ဘာလ ၂၇ ရက်နေ့တွင်...

၁၇ နိုဝင်ဘာ ၁၈၈၅
မင်းလှတိုက်ပွဲ

မြန်မာ့သမိုင်းတစ်လျှောက်တွင် ကံဆိုးမိုးမှောင်ကျခဲ့သော နေ့တစ်နေ့မှာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ဖြစ်သည်။ ဗိုလ်မှူးချုပ် ဂျီအက်စ်ဝှိုက် (GS White) လက်အောက်ရှိ ဗြိတိသျှနှင့် အိန္ဒိယတပ်များသည် မမျှော်လင့်ဘဲ မြန်မာမြို့စောင့်တပ်၏ ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံခြင်းကို အောင်နိုင်လိုက်ပြီးသည့်နောက် မင်းတပ်ခံတပ်ကို သိမ်းနိုင်ခဲ့သည်။ ယင်းမင်းလှခံတပ်မှာ အီတလီဒီဇိုင်းဖြစ်သည်။ မြန်မာဘက်မှ တစ်ရာကျော် ကျသည်။ ဗြိတိသျှတို့ဘက်မှ စက်သေနတ်များ...

၁၈၈၅
၁၈၈၅ ခုနှစ်က မန္တလေး