အမေ့ခံအတိတ်
အမေ့ခံအတိတ်

အလယ်ခေတ်နှင့် ခေတ်သစ်ဦးကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွှယ်မှုများ (၉၀၀မှ ၁၈၂၄ အေဒီ)

1600s - 19th century
ကိုးကန့်ဒေသ မူလအစ

ကိုးကန့် (လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၏ သမိုင်းကြောင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ၁၆၀၀ ပြည့်နှစ် အလယ်ပိုင်းကာလ၌ တရုတ် ‘မင်’ မင်းဆက်သည် ကျူးကျော်ဝင်ရောက်လာသော မန်ချူးတို့၏ လက်အောက်သို့ တစ်ခဏအတွင်း ကျရာက်သွားသည်။ နောက်ဆုံး မင် ဧကရာဇ်ဘုရင် (ကွေမင်းသားဟု လူသိများသော ရောင်လီ ဧကရာဇ်)သည် ယူနန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ပြီး နောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ကာ အင်းဝဘက်သို့ ကူးလာခဲ့သည်။ အသစ်တက်သော မန်ချူး “ချင်” မင်းဆက်သည် ကိုးကန့်ဒေသကို ၁၉ ၁၂ ခုနှစ် မတိုင်ခင်အထိ...

1610s
မြန်မာပြည်ရှိ အာမေးနီးယန်းလူမျိုးများ

လူသိနည်းလှသော်လည်း စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည့် မြန်မာနိုင်ငံရှိ လူနည်းစုအုပ်စုထဲတွင် အာမေးနီးယန်းလူမျိုးများ အပါအဝင်ဖြစ်သည်။ အဆိုပါလူမျိုးများသည် ၁၆၁၀ ပြည့်နှစ်ခန့်ကတည်းက စောစီးစွာ ပါရှားမှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ အခြေစိုက်နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ ပထမဦးဆုံးသော အာမေးနီယန်းအုတ်ဂူများတွင်...


မြန်မာပြည်၏ဂျူးလူမျိုးများ

မြန်မာနိုင်ငံရှိ လူသိအနည်းဆုံးသော လူနည်းစု အသိုင်းအဝိုင်းများအနက် တစ်စုမှာ မြန်မာဂျူးလူမျိုးများ ဖြစ်ကြသည်။ မြန်မာ(ဗမာ)နိုင်ငံတွင် ပထမဦးဆုံး မှတ်တမ်းတင်းခံရသည့် ဂျူးလူမျိုးမှာ ၁၇၆၀ ပြည့်နှစ်များက (အလောင်းဘုရားမင်းတရားကြီး လက်အောက်ရှိ) မြန်မာ့တပ်မတော်တွင် အရာရှိအဖြစ် အမှုထမ်းခဲ့သော ဆောလ်မွန်ဂက်ဘီရောလ် (Solmon Gabirol) ဆိုသူဖြစ်သည်။ ၁၉ ရာစုအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဂျူးလူမျိုးများမှာ ဘဂ္ဂဒက် (Baghdadi) ဂျူးများဖြစ်ကြသည်။ ၁၉ ၃၀ ပြည့်နှစ်လွန် အထွတ်အထိပ်ကာလတွင် (တစ်နိုင်ငံလုံး စုစုပေါင်း ဂျူးလူမျိုး ဦးရေ လေးသိန်းရှိသည့်အနက်မှ) အယောက်...

17th Cen
မြန်မာပြည်၏ ပထမဆုံး ခရစ်ယာန်များလေလား

ခရစ်တော် ထမြောက်ခြင်းပွဲတော် (အီစတာပွဲတော်)ကို မြန်မာနိုင်ငံတွင် ပထဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သူများမှာ မြန်မာပြည်ရှိ အစောဆုံး ခရစ်ယာန်ဘာသာဝင်များ နက်စတိုရီယန်း (Nestorians) ခရစ်ယာန် ကိုးကွယ်သူများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယင်းတို့သည် (မြန်မာလူမျိုးစုရယ်ဟုပင် မရှိခဲ့သေးသည့် အချိန်)၇ ရာစုခန့်ကတည်းက မြန်မာပြည်သို့ ရောက်ရှိလာခဲ့ကြသည်ဟု မှန်းဆရသည်။ နက်စတိုရီယန်းများသည် တန်မင်းဆက် (အေဒီ ၇ ရာစုမှ ၈ ရာစုထိ)လက်ထက် တရုတ်ပြည် အနှံ့အပြားတွင်သာမက အာရှအလယ်ပိုင်းတစ်လွှား၊ ပါရှားပြည်နှင့် အိန္ဒိယ၏အချို့ဒေသများတွင် ပျံ့နှံ့ရောက်ရှိ နေထိုင်နေခဲ့ကြသည်။ ပုဂံမင်းဆက်လက်ထက်တွင် (မာကိုပိုလို၏ အဆိုအရ) ယူနန်ပြည်တွင်...

၁၄၁၃
ယူနန်ပြည်နှင့် မြန်မာနိုင်ငံမှ ပန်းသေးလူမျိုးများ

ကမ္ဘာ့သမိုင်းတွင် အထင်ကရဖြစ်သော စွန့်စွန့်စားစား ခရီးသွား နေရာသစ် ရှာဖွေသူ ပုဂ္ဂိုလ်ကြီးများထဲတွင် မြန်မာ-ယူနန်နယ်စပ်မှ လာသော ပန်းသေးမွတ်ဆလင်တစ်ဦး အပါအဝင်ဖြစ်သည်။ ၁၄၁၃ ခုနှစ်က တရုတ်သင်္ဘောများသည် အာဖရိကကမ်းရိုးတန်းသို့ ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့သည်။ (အပြန်ခရီးတွင် ယင်းတို့သည် မင် ဧကရာဇ်ကို ဆက်သရန် လက်ဆောင်ပဏ္ဏာများ သယ်ဆောင်သွားကြရာ သစ်ကုလားအုတ် တစ်ကောင်ပင် ပါသေးသည်။) ဤသည်မှာ (၁၅ ရာစု အစောပိုင်းကာလအတွင်း) အလွန် အရေးပါသော ပင်လယ်ခရီးရှည်ကြီး ခုနစ်ခုအနက်မှ စတုတ္ထမြောက် ခရီးဖြစ်ပြီး ရေတပ်ဗိုလ်မှူးအဖြစ် ဧကရာဇ်၏ အပျိုတော်ထိန်းဖြစ်သော...

၁၆ ဇန်နဝါရီ ၁၅၁၆
ဘုရင့်နောင်၏ မွေးနေ့

ဘုရင့်နောင်ကို ၁၅၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် မွေးဖွားခဲ့သူဖြစ်သည်။ ဧရာဝတီ မြစ်ဝှမ်းဒေသ၊ တိုင်စကားပြောသူများရှိရာအပေါ်ဖက်ဒေသများနှင့် ချောင်ဖရာမြစ်ကို ဖြတ်ကာ အရှေ့ဘက် ထိ အောင်ပေါင်းစည်းလျက် လူမျိုးပေါင်းစုံပါဝင်သည့် ဘုရင့်နောင် ပိုင်နက်သည် အရှေ့တောင်အာရှဒေသ ဒေသတခွင်လုံးကို လွှမ်းခြုံထားခဲ့သည်။မြေပုံတွင် ၁၅၆၅ ခုနှစ် ဆိုင်ယမ် (Siam)၊ လန်နာ (Lanna) နှင့် လန်ဆန် (Lanxang) ဘုရင့်နိုင်ငံများကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဘုရင့်နောင် အထွဋ်အထိပ် ရောက်နေစဉ်ကာလက သူ၏ ပိုင်နက်ကို ပြသထားသည်။ လူမျိုးဘာသာ ယဉ်ကျေးမှုများ...

၉ စက်တင်ဘာ ၁၅၈၀
၁၅၈၀ ပြည့်နှစ်တွင် ဘုရင့်နောင်သည် အာရကန်ပြည်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လေသည်။

၁၅၈၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဘုရင့်နောင်သည် ရခိုင်ပြည်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထီးနန်းအထွတ်အထိပ်ရောက်နေချိန်ဖြစ်၍ တောင်ငူဘုရင်သည် အနောက်အရပ်ရှိ မဏိပူရမှအစပြု၍ ရှမ်းပြည်နယ်များကို ဖြတ်ကျော်ကာ Lanxang (မြန်မာဘာသာဖြင့် လင်ဇင်း သို့မဟုတ် ဗီယက်ကျင်း) အထိ အာဏာဖြန့်ကျက်နိုင်ခဲ့သည်။ ရခိုင်ပြည်တစ်ခုသာ ကျန်ရှိနေခဲ့သည်။ မုတ္တမမင်းသား သီရိသုဓ္ဓမရာဇာ ခေါင်းဆောင်ကာ ခြေလျင်တပ်သားအယောက် ၂၄၀၀၀၊ မြင်းကောင်ရေ ၁၂၀၀၊ ဆင်ကောင်ရေ ၁၂၀ နှင့် (မော်တင်စွန်းမှထွက်ခွာလာသည့်) လှေအစီး ၁၃၀၀ တို့ ပါဝင်သည့် ကြည်းတပ်နှင့်ရေတပ်ပေါင်းစု...

၁၅၉၉
ဗိုလ်မင်းစက်ဝိုင်း ရာဇာ၏ သမိုင်းကြောင်း

1600s
မြန်မာနိုင်ငံမှ ဘရင်ဂျီလူမျိုးများ

မြန်မာနိုင်ငံတွင် အသေးငယ်ဆုံးသော လူ့အသိုင်းအဝိုင်းများထဲမှ တစ်ခု ဖြစ်သော်လည်း စိတ်ဝင်စားစရာ အတော်ကောင်းသည့် ခရစ်ယာန် ဘာသာဝင်တစ်စုမှာ (ရွှေဘိုမြို့အနီးရှိ) မူးမြစ်ဝှမ်းမှ ဘရင်ဂျီလူမျိုးများ ဖြစ်သည်။ ဘရင်ဂျီသည် အာရပ်ဘာသာစကားဖြင့် အနောက်တိုင်းဥရောပသားဟု အဓိပ္ပာယ်ရသော “ဖာရင်ဂီ - Feringi” (သို့မဟုတ်) “ဖရန့် - Frank” ကို ခေါ်ဝေါ်သော အသုံးအနှုန်းကွဲ တစ်မျိုး ဖြစ်သည်။ ထိုင်းစကားဖြင့် “ဖာရန် - Farang”၊ ခမာစကားဖြင့် “ဘာရန် - Barang” ဟု သုံးနှုန်းပုံနှင့် အတူတူပင်...

ဧပြီ ၁၆၁၃
ဖိလစ်ဒီဘရစ်တို၏ ဘဝနိဂုံုး

၁၆၁၃ ခုနှစ် ဧပြီလတွင် စစ်ဘုရင် ဖိလစ်ဒီဘရစ်တိုအဲနီကုတ် (Fillipe de Brito e Nicote, ငဇင်ကာဟု မြန်မာပြည်တွင် သိကြသည်။) သည် သန်လျင်၌ တံကျင်ထိုးကာ ကွပ်မျက်ခြင်းခံရသည်။ သူသည် စိတ်ဝင်စားဖွယ် အကောင်းဆုံးသော ပေါ်တူဂီလူမျိုး စွန့်စားသူ ဖြစ်သည်။ ငယ်စဉ်က လစ်စ်ဘွန်မြို့ (Lisbon) ၌ ချို့ချို့တဲ့တဲ့ ကြီးပြင်းခဲ့ရသည်။ ရခိုင်ဘုရင်ထံတွင် ကြေးစားစစ်သည်အဖြစ် အမှုထမ်းခဲ့ပြီး နောင်တွင် သန်လျင်ဘုရင် ဖြစ်လာခဲ့သည်။ သူ၏ရင်းနှီးသောမိတ်ဆွေ တစ်ဖြစ်လဲ မဟာမိတ်မှာ မြန်မာမင်းသား၊ စာဆိုနှင့်...

မတ် ၁၆၅၉
အင်္ဂလိပ်ကြီး ရစ်ချက်ကိုဂန် (Richard Cogan): မြန်မာနိုင်ငံကို ကယ်တင်ခဲ့သူလား?

၁၆၅၀ ပြည့်နှစ်များတွင် မန်ချူးတို့သည် တရုတ်ပြည် တစ်ခုလုံးကို သိမ်းပိုက်ပြီးလုနီးပါး ဖြစ်နေပြီ။ ထိုမှတစ်ဆင့် ယူနန်ပြည်ကို ဆက်သိမ်းသည့်အခါ (မန်ချူးမင်ဆက်အဟောင်းမှ) မင် စစ်သားများ၊ ယင်းတို့၏ ဇနီးမယား သားသမီးများအပြင် ခြေသလုံးအိမ်တိုင်များ လူပေါင်းထောင်ချီကာ တောင်တန်းများကို ကျော်ဖြတ်လျှက် မြန်မာပြည်ထဲသို့ ကျူးကျော်ဝင်ရောက်လာကြသည်။ ရှမ်းနယ်များကို တိုက်ခိုက်ကာ အင်းဝနေပြည်တော်နှင့် နီးသထက်နီးလာနေသည်။ ၁၆၅၉ ခုနှစ် မတ်လ ရောက်လာသောအခါ အင်အား ၄၀၀၀ မျှ ပါဝင်သော တရုတ်တပ်သည် တံတားဦးသို့ ရောက်ရှိလာပြီး အင်းဝကို  ဝိုင်းရံထားလေသည်။ နန်းမြို့ရိုးခံတပ်မှ...

၅ မေ ၁၇၅၇
အလောင်းဘုရား ပဲခူးမြို့ကို သိမ်းပိုက်နိုင်ကာ ဟံသာဝတီတိုင်း ပျက်သုဉ်းသွားခြင်း

၁၇၆၅ - ၂၂ ဒီဇင်ဘာ ၁၇၆၉
ကောင်းတုံစာချုပ်

၁၇၆၉ ခုနစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကောင်းတုံစာချုပ် ချုပ်ဆိုကာ တရုတ်-ဗမာ စစ်ပွဲ( ၁၇၆၅ခုနှစ်မှ ဒီဇင်ဘာ ၂၂ ရက်မှ ၁၇၆၉ ခုနှစ်ထိ) ပြီးဆုံးသွားခဲ့သည်။ ဗမာ့စစ်သည်များသည် ကျင် မင်းဆက် (မန်ချူး) တို့၏ကျူးကျော်မှုကို လေးကြိမ်တိုင် အောင်မြင်စွာတွန်းလှန်နိုင်ခဲ့ကြသည်။ စတုတ္ထအကြိမ်တွင် တရုတ်ဘုရင် ကျွမ်လောင်က လူအင်အား ခြောက်သောင်းအထိ အသုံးပြုပြီး ဗမာပြည်ကို တရုတ်အင်ပါယာ အတွင်း သွတ်သွင်းရန် အပြင်းအထန် ကျူးကျော်ခဲ့သော်လည်း ဗမာတို့ကတိုက်ထုတ်ခဲ့သည်။ ကျင်မင်းဆက်တွင် အကြီးမားဆုံးရှုံးနိမ့်မှုပင်ဖြစ်သည်။ ကျင် တပ်မတော်တွင်...