အမေ့ခံအတိတ်
အမေ့ခံအတိတ်

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန်

အာရှတိုက်၏ အချက်အချာ ကျသော ဆုံမှတ်တွင် ရှိနေသော မြန်မာနိုင်ငံသည် ကာလရှည်ကြာကပင် အိမ်နီးချင်းနိုင်ငံများနှင့် အဆက်အသွယ်များ ရှိခဲ့သည်။ ယနေ့ မြန်မာနိုင်ငံ၏ တည်ရှိနေသော နယ်နိမိတ် ပိုင်နက် အတိအကျကို ဗြိတိသျှ ကိုလိုနီအစိုးရက သတ်မှတ်ပေးခဲ့သည်။ သို့သော် ဒေသတွင်းတွင် နေထိုင်သည့် မင်းအဆက်ဆက်၊ လူမျိုးအစုစုတို့သည် နှစ်ထောင်ချီ၍ပင် နိုင်ငံရေး၊ ယဥ်ကျေးမှု၊ ဘာသာရေးနှင့် ဘာသာစကားများ အပြန်အလှန် ကူးလူးဆက်ယှက်နေခဲ့ကြသည်။ ရှေးခေတ်များက မြို့တော်ကြီးများမှ ဝေးလေလေ၊ ထိန်းချုပ်မှု အာဏာ လျော့လေလေ ရှိခဲ့ကြရာ ထိုခေတ်ကာလများက မြေပုံနယ်နိမိတ်များမှာ ယနေ့ခေတ်နှင့် များစွာ ကွာခြားနေတော့သည်။ 

ဤအပိုင်းတွင် မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းများနှင့် ဒေသတွင်း အုပ်ချုပ်မှု အာဏာနှင့် လွှမ်းမိုးမှုများ ပြောင်းလဲသွားပုံများကို ဖော်ပြထားသည်။

Historic Events

မြန်မာပြည်၏ ကြေးမုံပုံရိပ်သဖွယ် အလား အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများ

အိန္ဒိယနိုင်ငံ (India) ဟု ဆိုလိုက်လျှင် မြန်မာ အများစုက မှန်းဆပုံဖော်ကြမိသည်မှာ ဘင်္ဂလားပင်လယ်အော် (Bay of Bengal) တစ်ဖက်ကမ်း မိမိတို့နှင့် ရာစုနှစ်များစွာ အဆက်အသွယ် ရှိခဲ့သော အိန္ဒိယနိုင်ငံ၊ တောင်ပိုင်းဒေသ (မြန်မာနိုင်ငံတွင် ကိုးကွယ်သော ဗုဒ္ဒဘာသာ အစပြုခဲ့ဖွယ်ရာ ရှိသော ဒေသ)၊ ဘင်္ဂလားဒေသ (Bengal) နှင့် အခြားဆက်စပ်ဒေသများ ဟူ၍သာ ဖြစ်သည်။...

အပြည့်အစုံ ဖတ်ရန်

မြန်မာ-ယူနန်နယ်စပ်မှ စွန့်စားရှာဖွေသူကြီး

ကမ္ဘာ့သမိုင်းတွင် အထင်ကရ ဖြစ်သော စွန့်စွန့်စားစား ခရီးသွား နေရာသစ် ရှာဖွေသူ ပုဂ္ဂိုလ်ကြီးများထဲတွင် မြန်မာ-ယူနန်နယ်စပ်မှ လာသော ပန်းသေး မူဆလင်တစ်ဦးလည်း အပါအဝင် ဖြစ်သည်။ ၁၄၁၃ ခုနှစ်က တရုတ်သင်္ဘောများသည် အာဖရိက (Africa) ကမ်းရိုးတန်း အထိ ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့သည်။ (အပြန်ခရီးတွင် ယင်းတို့သည် မင် (Ming) ဧကရာဇ်ကို ဆက်သရန် လက်ဆောင်ပဏ္ဏာများ...

အပြည့်အစုံ ဖတ်ရန်

မြန်မာတို့၏ အဆန်းကျယ်ဆုံးသော အိမ်နီးချင်းများ - အန်ဒမန်ကျွန်းသူကျွန်းသားများ

အန်ဒမန်ကျွန်း (Andaman Islands) သည် မန္တလေးမြို့ထက်စာလျှင် ရန်ကုန်မြို့နှင့် ပိုနီးပါသည်။ ယနေ့တွင် အိန္ဒိယနိုင်ငံ (India) ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုဒေသတွင် နေထိုင်သော လူမျိုးစုများသည် ကမ္ဘာပေါ်တွင် တစ်သီးတစ်ခြား အဖြစ်ဆုံးသော လူမျိုးစုများ ဖြစ်သည်။ ယနေ့တွင် မူလ အန်ဒမန် ကျွန်းသူကျွန်းသားများ ဦးရေမှာ ရာဂဏန်းခန့်သာ ရှိတော့သည်။ သူတို့ ပြောဆိုသော...

အပြည့်အစုံ ဖတ်ရန်

Mere Piya Gaye Rangoon (ကျွန်မခင်ပွန်း ရန်ကုန်ကို သွားတယ်)

"Mere Piya Gaye Rangoon" (ကျွန်မခင်ပွန်း ရန်ကုန်ကို သွားတယ်) သီချင်းသည် ၁၉၄၉ ခုနှစ်က အောင်မြင်ခဲ့သော Patanga ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သော သီချင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံ (India) တွင် အလွန် ကျော်ကြားခဲ့သည်။ အိန္ဒိယလူမျိုးများစွာ အတွက် တစ်ချိန်က ရန်ကုန်မြို့သည် တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေနိုင်ရာ နေရာတစ်ခု ဖြစ်ခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်

တီပူ၏ ကျားရုပ်

ဤ ၁၈ ရာစုလက်ရာ သစ်သားအရုပ်သည် ဥရောပသား (European) စစ်သားတစ်ဦးကို ကျားကိုက်နေဟန် ပြုလုပ်ထားသည်။ ကျောပေါ်ရှိ အစိတ်အပိုင်း တစ်ခုကို ရွှေ့လျှင် စစ်သား၏ လက်များက လှုပ်ရှားလာကာ ညည်းတွားသံ ပြုသည်။ ထိုအရုပ်ကို ၁၇၈၂ ခုနှစ်မှ ၁၇၉၉ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ မိုင်ဆိုးပြည်နယ် (Mysore) ကို အုပ်ချုပ်သော...

အပြည့်အစုံ ဖတ်ရန်

ဘာသာစကား ဆွေမျိုးများ

လာဒါခီ (Ladhaki နှင့် ဘော်လ်တီ - Balti) ဘာသာစကားများသည် တိဘက်ဘာသာ (Tibet) နှင့် အလွန်နီးစပ်သည်။ တိဘက်-မြန်မာနွယ် (Tibeto-Burman) ဘာသာစကား ပြောဆိုသည့် လူမျိုးများတွင် အနောက်ဘက် အကျဆုံးဒေသတွင် နေထိုင်သူများ ဖြစ်သည်။ မြန်မာဘာသာနှင့် ဘာသာစကားချင်း ဆွေမျိုးတော်စပ်သည်ဟု ဆိုနိုင်ပါသည်။ တိဘက်-မြန်မာနွယ် ဘာသာစကား ဆိုသည်မှာ လူသန်း ၅၀ ခန့်...

အပြည့်အစုံ ဖတ်ရန်

လီဟင်ဘုရင်မ

ဤသည်မှာ ၁၉၄၅ ခုနှစ် ဝန်းကျင်က ရိုက်ကူးထားသော မြန်မာနိုင်ငံ၏ မြောက်အရပ်မှ အိမ်နီးချင်း ဖြစ်သည့် လီဟင်ဘုရင်မ ဖြစ်သည်။ လီဟင်ပြည် (Hlihin) သည် လက်ရှိ အနောက် ယူနန်ပြည်နယ် (Yunnan) တည်ရှိရာတွင် ရှိခဲ့ပြီး လီဟင်လူမျိုးတို့သည် ကိုယ့်မင်းကိုယ်ချင်းနှင့် တသီးတသန့် နေထိုင်ခဲ့သောသူများ ဖြစ်ကြသည်။ မြန်မာဘာသာနှင့် ဆက်နွယ်နေသော ဘာသာစကားကို ပြောဆိုသည်။ ၁၉၅၀...

အပြည့်အစုံ ဖတ်ရန်

တရုတ်ပြည်၏ စစ်ပြိုင်ခေတ်ကာလ

မဟာအလက်ဇန္ဒားဘုရင် (Alexander the Great) သည် သူသိထားသော ကမ္ဘာကြီးကို သိမ်းပိုက်ရန် ပြင်ဆင်နေသော ကာလ ၄ ရာစုနှစ်က ဖြစ်သည်။  ချင် (Qin) မင်းဆက် ဘုရင် ဟွေ့ဝန် (Hui Wen) သည်လည်း နယ်မြေချဲ့ထွင်မှုများ ပြုလုပ်နေပြီး ယနေ့ခေတ် တရုတ်ပြည် အဖြစ် ကြီးထွားလာမည့် အင်ပါယာကြီး အတွက် အခြေခံအုတ်မြစ်...

အပြည့်အစုံ ဖတ်ရန်

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အတွက် ပထမဦးဆုံးအကြိမ် ကြိုးပမ်းမှု

ဘီစီ ၁၂၂ တွင် တရုတ်ဧကရာဇ်သည် တရုတ်ပြည်မှ (မကြာသေးမီက ရှာဖွေတွေ့ရှိထားသည့်) အိန္ဒိယပြည်သို့လည်းကောင်း၊ အိန္ဒိယပြည်ကို ကျော်လွန်ကာ တိုင်းတစ်ပါးသစ်များဆီသို့လည်းကောင်း ပေါက်ရောက်သည်ဟု ဆိုနေကြသည့် အနောက်တောင်အရပ်မှ လမ်းကြောင်းတစ်ခုကို ရှာဖွေရန် အထူးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်သည်။  ထိုမတိုင်ခင်က နှစ်အနည်းငယ်က နယ်မြေသစ် ရှာဖွေသူ ဇောင်ကျန့် (Zhang Qian) သည် မြောက်ဘက်လမ်းကြောင်း အတိုင်း ခက်ခဲကြမ်းတမ်းစွာ ခရီးရှည်ကြီး...

အပြည့်အစုံ ဖတ်ရန်

တစ်ချိန်က တာ့လီတိုင်းပြည်

သမိုင်းဦးအစ ကာလ အတော်ကြာသည် အထိ မြန်မာပြည်၏ အရှေ့မြောက်ဘက် အိမ်နီးချင်းမှာ တရုတ်ပြည် (China) မဟုတ်ပေ။ လွတ်လပ်သော ယူနန်ပြည် (Yunnan) ဖြစ်သည်။ မြို့တော်မှာ တာ့လီ (Dali) ဖြစ်သည်။ ၈ ရာစုမှ ၁၃ ရာစုနှစ်များ အထိ ကိုယ့်မင်းကိုယ့်ချင်းနှင့် ရပ်တည်နိုင်ခဲ့သော အင်အားကြီး တိုင်းပြည်တစ်ခု ဖြစ်ခဲ့သည်။ တစ်ခါတစ်ရံ အနောက်ဘက်မှ...

အပြည့်အစုံ ဖတ်ရန်