အမေ့ခံအတိတ်
အမေ့ခံအတိတ်

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ

၁၉၅၃
၁၉ ၅၃ ခုနှစ်က ရန်ကုန်မြို့ထဲ

ဒီဇင်ဘာ ၁၉၅၄
ဝန်ကြီးချုပ်ဦးနု၏ ၁၉၅၄ ခုနှစ် တရုတ်နိုင်ငံ ခရီးစဉ်

၁၉၅၄
ဟောလိဝုဒ်မှ မြန်မာမင်းသမီး

၁၉၅၄ ခုနှစ်က ရိုက်ကူးသော “Purple Plain” ရုပ်ရှင်တွင် မင်းသားကြီး ဂရက်ဂိုရီပက် (Gregory Peck) နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သော မင်းသမီးအဖြစ် ဝင်းမင်းသန်းသည် ဟောလိဝုဒ်တွင် အောင်မြင်မှုရလာခဲ့သည်။ သူမသည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စြင်္ကာ၏ ဇနီး ဖြစ်သည်။ “Purple Plain” ရုပ်ရှင်ဇာတ်ကားသည် သူမ၏ ပထမဆုံး သရုပ်ဆောင်အတွေ့အကြုံ ဖြစ်သည်။ နောင်တွင် ဇာတ်ကောင်နေရာ အမျိုးမျိုးတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းခံရသော်လည်း နောက်ထပ် ရုပ်ရှင်တစ်ကားမှ ထပ်မရိုက်တော့ချေ။

၁၈ သြဂုတ် ၁၉၅၄
၁၉ ၅၄ ခုနှစ်က တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံး

၁၉ ၅၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ပုံနှိပ်ထုတ်ဝေခဲ့သော တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးဖြစ်သည်။ မျက်နှာဖုံးအောက်ခြေတွင် ဦးနု၏ သတိပေးချက်ကို တွေ့နိုင်သည်။ ၁၉ ၅၄ ခုနှစ် ဦးနုပြောခဲ့သည့် “အပြောကောင်းပြီး တကယ်တမ်း ပေါက်ကရလုပ်တတ်တဲ့ နိုင်ငံရေးသမားတွေကို သတိထားကြပါ”ဆိုသည့် စကားမှာ ယနေ့ခေတ်အတွက်လည်း ဆီလျော်သည်ဟု ဆိုရမည်ပင်။

၁၉၅၅
ဝန်ကြီးချုပ်ဦးနု၏ ၁၉၅၅ ခုနှစ် အမေရိကန်ပြည်ထောင်စု ခရီးစဥ်

ဧပြီ ၁၉၅၅
နာဆာ၊ ဦးနုနှင့် နေရူးတို့ သင်္ကြန် ဆင်နွှဲစဉ်

အိန္ဒိယဝန်ကြီးချုပ်များ ဗမာ အဝတ်အစားများ ဝတ်ဆင်ကာ ရေပက်ခံရန် အသင့်ဖြစ်နေသည့် ခေတ်အခါ။ ယခုတင်ပြလိုသည်မှာ အီဂျစ်သမ္မတ နာဆာ (Nasser) ၊ ဦးနု နှင့် ဝန်ကြီးချုပ် နေရူး (Nehru) တို့ ၁၉၅၅ ရန်ကုန်သင်္ကြန်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံ ဖြစ်ပါသည်။

ဇူလိုင် ၁၉၅၅
ဟောလိဝုဒ်ရောက် ဦးနု

အလွန်ထူးခြားသောဓာတ်ပုံတစ်ပုံ။ ၁၉၅၅ ခုနှစ် ဟောလိဝုဒ်တွင် ဦးနုနှင့် အဲလ်ဖရက်ဟစ်ချ်ကော့ဒ်ကို ဂျင်မီစတီးဝဒ် ၊ဒေါရစ်စ်ဒေးတို့နှင့်အတူ“သိတာတွေများလွန်းသွားသူ” ရုပ်ရှင်ရိုက်ကွင်း၌တွေ့မြင်ရစဉ်။ ဦးနု၏ညာဘက်တွင် ဒေါ်မြရီနှင့် ဦးသန့်တို့ရှိနေသည်။ ကျွန်တော့အတွက် ပထမဆုံးတွေ့ဖူးရသော ယခုဓာတ်ပုံကို ဝေမျှသည့်အတွက် ဦးကြံတိုင်းအောင်ကို ကျေးဇူးတင်လျက်။

၁၉၅၅
နယူးယောက် ယန်ကီးစ် ဘေ့စ်ဘောပွဲရောက် ဦးနု

၁၉၅၅ ခုနှစ် နယူးယောက်ယန်ကီးစ် အသင်း (New York Yankees) ယှဉ်ပြိုင်ကစားသော ဘေ့စ်ဘောပွဲတစ်ခုတွင် ဝန်ကြီးချုပ် ဦးနုကို တွေ့ရစဉ်။ ပုံတွင် (ဝဲမှယာသို့) ဦးသန့် (ထိုစဉ်က ဝန်ကြီးချုပ်၏ ပထမအတွင်းဝန်)၊ မစ္စစ် အိုင်လင်း ဘယ်ရင်တန် (Mrs. Eileen Barrington၊ မြန်မာပြည် နိုင်ငံခြားရေး အတွင်းဝန် ဂျိမ်း ဘယ်ရင်တန် - James Barrington၏ ဇနီး)၊ ဒေါ်မြရီနှင့် ဦးနုတို့ ဖြစ်ပါသည်။ (ဓာတ်ပုံကို ကိုကြံတိုင်းအောင်ထံမှ ရရှိပါသည်။)

ဧပြီ ၁၉၅၅
၁၉ ၅၅ ခုနှစ် ဘန်ဒွန်းညီလာခံသို့ အသွား

၁၉၅၅ ခုနှစ် ဧပြီလ တွင် ကျင်းပခဲ့သော ဘန်ဒွန်းအစည်းအဝေးများသည် ထိုခေတ်အခါက မြန်မာပြည်၏ အင်တိုက်အားတိုက် ရှိလှသော အပြည်ပြည်ဆိုင်ရာ သံတမန်ဆက်ဆံရေး၏ သက်သေသာဓက တစ်ခုပင် ဖြစ်ပါသည်။ ထိုသည်သာမက အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးတွင် မင်္ဂလာဒုံလေဆိပ်၏ အခရာကျစွာ အရေးပါခဲ့မှုကို သက်သေပြခဲ့ပါသည်။ ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံသို့ သွားမည်သူများအားလုံး ရန်ကုန်တွင် မဖြစ်မနေ တစ်ထောက်နားခဲ့ရသည်။ ဖော်ပြပါဓာတ်ပုံမှာ အစိုးရအိမ်တော်တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။ ပုံတွင် ပါဝင်သူများမှာ (ဝဲမှယာသို့) မြောက်ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီး နောင်တွင် ဝန်ကြီးချုပ်...

၁၉၅၅ - ၁၉၆၂
နိုင်ငံခြားရေးဝန်ကြီး ဒဲလက်စ် (Dulles) အား စဝ်ခွန်ချိုမှ ကြိုဆိုဧည့်ခံစဉ်

၁၉၅၅ ခုနှစ်က ရန်ကုန်မြို့ အစိုးရအိမ်တော်တွင် နိုင်ငံခြားရေး ဝန်ကြီး စဝ်ခွန်ချိုသည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဖောစတာဒဲလက်စ် (John Foster Dulles) အား ဥယျာဉ်ပါတီပွဲဖြင့် ဧည့်ခံကြိုဆိုခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဒဲလက်စ်မှာ သွေးအေးသည်ဟု ကျော်ကြားသည့် စစ်သားတစ်ဦး ဖြစ်သည်။ အင်ဒိုချိုင်းနားတွင် ပြင်သစ်တို့ကို အနိုင်ရခဲ့ပြီးကာစအချိန်၊ အမေရိကန် စစ်အေးတိုက်ပွဲ၌ မြန်မာပြည်၏ အနေအထားကို စိတ်ဝင်စားမှု မြင့်မားနေချိန်တွင် ယခုကဲ့သို့ လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်နွေရာသီတွင် ဦးနုသည်လည်း သမ္မတအိုင်စင်ဟောင်ဝါ (Eisenhower)၏...

၁၃ ဧပြီ ၁၉၅၅
၁၉၅၅ ခုနှစ် သြင်္ကန်

ဝဲမှယာသို့ အီဂျစ်သမ္မတ နက်ဆာ (Nasser)၊ မြန်မာဝန်ကြီးချုပ် ဦးနု၊ အိန္ဒိယဝန်ကြီးချုပ် နေရူး (Nehru)။ သမိုင်းဝင် ဘက်မလိုက် လှုပ်ရှားမှုကြီး (Non-Aligned Movement) ပေါ်ပေါက်လာမည့် ဘန်ဒွန်းညီလာခံသို့ တက်ရောက်ရန် အင်ဒိုနီးရှားသို့ သွားသည့်ခရီးစဉ်အတွင်း သမ္မတနက်ဆာနှင့် ဝန်ကြီးချုပ်နေရူးတို့သည် ရန်ကုန်တွင် တစ်ရက်ကျော်ကျော် ခရီးတစ်ထောက် နားခဲ့သည်။ ဝန်ကြီးချုပ်ဦးနုသည် သမ္မတနက်ဆာ၊ ဝန်ကြီးချုပ်နေရူးတို့နှင့်အတူ ဘန်ဒွန်းသို့ ခရီးဆက်ကြသည်။ (ဘန်ဒွန်းညီလာခံတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည့် ဦးသန့်လည်း အတူလိုက်ပါခဲ့သည်။) ဧည့်သည်တော်ကြီးများ မြန်မာဝတ်စုံ ဝတ်ဆင်ကာ အတာရေသြင်္ကန်ပွဲတော်တွင်...

၁၉၅၅
ရန်ကုန်မြို့ရောက် နေရူးနှင့် နက်ဆာ

၁၉၅၅ ခုနှစ်က ဘက်မလိုက် (ကြားနေဝါဒ) ခေါင်းဆောင်များ ဖြစ်ကြသည့် အိန္ဒိယမှ ပန်ဒစ်နေရူး (Pandit Nehru) နှင့် အီဂျစ်မှ ဂမဲလ်အဗ်ဒဲလ် နက်ဆာ (Gamal Abdel Nasser) တို့ (ဦးနုနှင့်အတူ) ရန်ကုန်မြို့ ကုန်သည်လမ်းမပေါ် လမ်းလျှောက်ထွက်နေကြသည့် ပုံရိပ်ဖြစ်သည်။ ပထမဆုံးအကြိမ် အာရှ အာဖရိက ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ဘန်ဒေါင်းသို့အသွားခရီးလမ်းတွင် ရန်ကုန်မြို့၌ ခရီးတစ်ထောက် နားကြခြင်းဖြစ်သည်။

၁၉၅၅
၁၉၅၅ ခုနှစ်က ကုလသမဂ္ဂရောက် မြန်မာများ

ဝဲမှ ယာသို့ - အမည်မသိ၊ ဒေါ်ဒိုရာသန်းအေး၊ ဒေါက်တာထင်အောင်၊ ဦးသန့်၊ ဒေါ်မြရီ၊ မစ္စ ဂျိမ်းစ်ဘယ်ရင်တန်၊ ဦး (ဂျင်မီ) ပေါ်ထင်၊ ကာနယ်လွင်၊ ဦးရစ်ချတ်ပေါ်ဦး။ ၁၉၅၅ ခုနှစ် ဇွန်လ၊ ဇူလိုင်လများက ဦးနု အမေရိကန် ပြည်ထောင်စုသို့ သွားရောက်လည်ပတ်စဉ်က ရိုက်ကူးထားသည်ဟု ထင်ပါသည်။

၁၉၅၅
မြန်မာပြည်သိ့ု လာရောက်သော ပထမဦးဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး

မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမှာ စစ်အေးတိုက်ပွဲအတွက် အမေရိကန်မူဝါဒများကို ပုံဖော်အသက်သွင်းသူကြီး ဂျွန်ဖောစတာဒဲလက်စ် (John Foster Dulles) ဖြစ်သည်။ ၁၉၅၅ ခုနှစ်က လာရောက်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က အသစ်ဖွဲ့စည်းလိုက်သော အရှေ့တောင်အာရှစာချုပ်အဖွဲ့ (SEATO – South East Asian Treaty Organization) အတွင်းသို့ ဦးနုအစိုးရ ပါဝင်ရန် လာရောက်ဆွဲဆောင်ခြင်း ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေးအရ အလွန်ရင်းနှီးနေသည်တော့ မဟုတ်ပါ။ တစ်နိုင်ငံအကြောင်း တစ်နိုင်ငံ...

ဇွန် ၁၉၅၅
၁၉ ၅၅ ခုနှစ် ဇွန်လတွင် ဝါရှင်တန်ဒီစီသို့ ရောက်ရှိလာသော ဝန်ကြီးချုပ်ဦးနုအား ဒုသမ္မတ ရစ်ချတ်နစ်ဆင်မှ ခရီးဦးကြိုပြုစဉ်

အမေရိကန်ပြည်ထောင်စုသို့ ပထမဦးဆုံး အလည်အပတ်သွားသော မြန်မာအစိုးရခေါင်းဆောင်မှာ ဦးနုဖြစ်ပါသည်။ မစ္စစ်နစ်ဆင်နှင့် ဒေါ်မြရီကို လက်ဝဲဘက် အနောက်ပိုင်းတွင် ရှိနေသည်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖောစတာဒါးလ်စ်နှင့် ဦးသန့် (ထိုစဉ်က ဝန်ကြီးချုပ်၏အတွင်းရေးမှူး)တို့သည် လက်ယာဘက်တွင် ရပ်နေကြသည်။ ဦးနုနှင့် အဖွဲ့သည် ရက်သတ္တပတ် ၂ နှစ်ကြာ အမေရိကားအနှံ့ လှည့်လည်သွားလာခဲ့သည်။ ရန်ကီအားကစားရုံတွင် ဘေ့စ်ဘောကစားပွဲကို ကြည့်ခဲ့သည်။ နယူးမက္ကစီကိုရှိ ဟိုပီဒေသခံအမေရိကန်များနှင့် တွေ့ဆုံခဲ့သည်။ ဒက်ထရွိုက်ရှိ ဖေါ့ဒ် ကားစက်ရုံကို သွားရောက်လေ့လာခဲ့သည်။ အင်ပါယာစတိတ်အဆောက်အအုံ ထိပ်ဆုံးမှနေ၍ နယူးယောက်မြို့ကို ကြည့်ရှုခဲ့သည်။ ဟောလိဝုဒ်တွင် ရုပ်ရှင်ရိုက်ကွင်းတစ်ခု၌...

၁၈ ဧပြီ ၁၉၅၅ - ၂၄ ဧပြီ ၁၉၅၅
မြန်မာ့သံတမန်ရေးရာ အထွတ်အထိပ် ရောက်စဉ်က

ဘန်ဒေါင်းညီလာခံတွင် ဝန်ကြီးချုပ်ဦးနုအား တရားသူကြီးချုပ် ဦးမြင့်သိန်း (ဝဲဘက်)နှင့် ဦးသန့် (နောက်တွင်) တွေ့ရပုံ ဖြစ်သည်။ လွတ်လပ်ပြီးစ အာရှနှင့် အာဖရိကန်ပြည်ထောင်များ၏ ဘန်ဒေါင်ညီလာခံကို စီစဉ်ကျင်းပသည့်နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် စီလုံတို့နှင့် စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုညီလာခံသည် ဘက်မလိုက်သောနိုင်ငံများလှုပ်ရှားမှု ပေါ်ပေါက်လာရေးအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။

၆ ဖေဖော်ဝါရီ ၁၉၅၆
ဒက်ဟန်မားရှိုး၏ ရန်ကုန်ခရီးစဉ်

၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဒက်ဟန်မားရှိုး (Dag Hammarskjold) သည် ရန်ကုန်သု့ိ အလည်အပတ် ရောက်ရှိခဲ့ပြီး အစိုးရအိမ်တော်တွင် သမ္မတ ဦးဘဦး၊ စီးပွားရေးနှင့် စက်မှုဝန်ကြီး ဦးရာရှစ်နှင့်အတူ ညနေပိုင်းအဖျော်ယမကာများ သုံးဆောင်ခဲ့သည်။ ဒက်ဟန်မားရှိုးသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ဒုတိယမြောက် အတွင်းရေးမှူးချုပ် ဖြစ်သည်။ ထူးချွန်ထက်မြက်သော ခေါင်းဆောင်မှု၊ သတ္တိအရာ ပြောင်မြောက်မှု၊ စီမံခန့်ခွဲမှု စွမ်းရည်တို့နှင့် ပြည့်စုံုသည့် သူသည် ကုလသမဂ္ဂအဖွဲ့ကြီး၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသမျှထဲတွင် အတော်ဆုံးသော အကြီးအကဲဟုပင် ဆိုနိုင်ပေသည်။ သူ၏ လက်ရုံးများမှာ...

နိုဝင်ဘာ ၁၉၅၆ - ဒီဇင်ဘာ ၁၉၅၆
ရန်ကုန်ရောက် အီသီယိုးပီးယား ဧကရာဇ်

အီသီယိုးပီးယား ဘုရင် ဟိုင်လဲစယ်လာစီကို ရန်ကုန်အစိုးရအိမ်တော်တွင်တွေ့ရစဉ်.ယုဒ၏ အောင်နိုင်သော ခြင်္သေ့၊ ဆော်လမွန်ဘုရင်နှင့် ရှီဗာ ဘုရင်မ၏ မျိုးဆက်၊ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူ၊ ရက်စတာဖာရီယန်များက မေရှိယဟု ယုံကြည်ခြင်းခံရသူ ဘုရင် ဟိုင်လဲစယ်လာစီ၊ ၁၉၃၀ ပြည့်နှစ်မှ ၁၉၇၄ ခုနှစ်ထိ ဘုရင်အဖြစ် အုပ်စိုးခဲ့သူဖြစ်သူလည်း ဖြစ်သည်။ ၁၉၃၅-၃၆ ခုနှစ်များတွင် အီတလီ၏ ကျူးကျော်မှုကို ခုခံခဲ့သူအဖြစ် ဟိုင်လဲစယ်လာစီကို ကမ္ဘာက သိကြသည်။ ထို့ပြင် နိုင်ငံပေါင်းချုပ်အသင်းကြီးတွင် ပါဝင်ခွင့်ရရန် စိတ်အားထက်သန်စွာ ဆောင်ရွက်မှုများကြောင့်လည်း ထင်ရှားသည်။ သို့သော်လည်း ၁၉၅၆...

ဇွန် ၁၉၅၆
ကမ္ဘာ့ကုလသမဂ္ဂရောက် ဦးနု

ဓာတ်ပုံမှာ ၁၉၅၆ ခုနှစ် ဇွန်လက ဦးနု ကမ္ဘာ့ကုလသမဂ္ဂရုံးသို့ ရောက်ရှိနေစဉ် ရိုက်ကူးထားသောပုံ ဖြစ်သည်။ ဝဲဘက်တွင် ဂျိမ်းစ်ဘယ်ရင်တန် (James Barringon၊ အမြဲတမ်း အတွင်းဝန်၊ နိုင်ငံခြားရေးရုံး) ဦးသန့် (အမြဲတမ်း အတွင်းဝန်၊ ဝန်ကြီးချုပ်ရုံး) နှင့် ဒေါက်တာ ထင်အောင် (ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ်) တို့ကို တွေ့မြင်နိုင်ပါသည်။

၁ ဇန်နဝါရီ ၁၉၅၆
ရန်ကုန်တွင် အေးမြသော ရာသီဥတု ရှိခဲ့စဉ်တုန်းက - ၁၉ ၅၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပွဲတော်များအတွက် ပြင်ဆင်နေကြစဉ်

၂၀ ရာစုနှစ်အစောပိုင်း အစိုးရထုတ်စာစောင်များထဲတွင် ဖော်ပြထားချက်အရ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း ရန်ကုန် ရာသီဥတုသည် အေးမြ သာယာပြီး နံနက်ခင်းအပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက် (၁၅ ဒီဂရီ ဆယ်လ်စီးယပ်) အထိကျဆင်းခဲ့ပါသည်။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုကြောင့် ဒီဇင်ဘာ-ဇန်နဝါရီလပိုင်းတွင် ရက်သတ္တပတ်အနည်းငယ်ကြာ ရာသီဥတု အနည်းငယ်အေးခြင်းသည်ပင်လျှင် အတိတ်မှာ ကျန်ရစ်ခဲ့တော့မည်ဖြစ်ကြောင်း စိုးရိမ်မိပါသည်။