အမေ့ခံအတိတ်
အမေ့ခံအတိတ်

ကမ္ဘာ့ မြို့တော်အဖြစ် ရန်ကုန် (၁၈၅၃-၁၉ ၆၂)

၁၈၅၅
ဖူးရခဲသည့် သပ္ပါယ်လှသော အလံပြဘုရား ၁၈၅၅ ခုနှစ် ပုံရိပ်

ယနေ့ စစ်ရုံးချုပ်ဟောင်းဝန်းအတွင်း၌ တည်ရှိသော ဖူးရခဲလှသည့် သပ္ပါယ်ဖွယ်ရာ အလံပြဘုရား။ ဤအစောပိုင်းကာလဓာတ်ပုံကို လင်နေယက်စ် ထရိုက်ပ် (Linnaeus Tripe)က ၁၈၅၅ ခုနှစ် နိုဝင်ဘာလတွင် ရိုက်ကူးထားခြင်းဖြစ်သည်။ ထိုစဉ်က ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော သင်္ဘောများအား အလံပြအချက်ပေးရာအဖြစ် ရှိနေခဲ့သည်။

၁၈၅၅
၁၈၅၅ ခုနှစ်က ရွှေတိဂုံဘုရား ပုံတော်

ဤသည်မှာ ရွှေတိဂုံဘုရားကို ပထဦးဆုံးအကြိမ်အဖြစ် ရိုက်ကူးခဲ့သည့် ဓာတ်ပုံတော်ဖြစ်ပါသည်။ ယနေ့ ပြည်သူ့ဥယျာဉ်ရှိသည့်ဘက်မှ ရိုက်ကူးထားသည်။

၁၈၆၀
လူသူတိတ်ဆိတ်သောကာလများကဆူးလေဘုရား(၁၈၆၀ပြည့်နှစ်ဝန်းကျင်)

၁၈၆၅
၁၈၆၅ ခုနှစ်ဝန်းကျင်က ဆူးလေဘုရား

၁၈၆၈
၁၈၆၈ ခုနှစ်ဝန်းကျင် ဒလဘက်မှ မြင်ရသည့် ရန်ကုန်မြို့ မြင်ကွင်း

၁၈၆၈ ခုနှစ်ဝန်းကျင် ဒလဘက်မှ မြင်ရသည့် ရန်ကုန်မြို့၏ မြင်ကွင်း၊ အမေရိကန်ဓာတ်ပုံဆရာ ဂျေဂျက်ဆန် (J. Jackson) ရိုက်ကူးသည်။

၁၈၇၀
၁၈၇၀ ပြည့်နှစ်ဝန်းကျင် ရန်ကုန်ရုံးခန်းတစ်ခုတွင် ဖြစ်သည်။

၁၈၇၅
၁၈၇၅ ခုနှစ်ဝန်းကျင်က ရန်ကုန်ကမ်းနား

၁၈၈၄ - ၁၉၃၅
၁၉၃၅ ခုနစ်ဝန်းကျင်က ရန်ကုန်ဓာတ်ရထား

ရန်ကုန်မြို့တွင် ပထမဆုံး ရေနွေးငွေ့သုံး ဓာတ်ရထားလိုင်းကို ၁၈၈၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ကမ်းနားလမ်းမှ ရွှေတိဂုံထိ ပြေးဆွဲခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံး ဓာတ်ရထားများကို ၁၉၀၆ ခုနှစ်တွင် စတင် အသုံးပြုခဲ့ပြီး စင်ကာပူ၊ မနီလာနှင့် ဘန်ကောက်တို့နှင့် တစ်ချိန်တည်း သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်များတွင် ဓာတ်ရထားများသည် မြို့တွင်း သွားလာရန်အတွက် လွယ်ကူချောမွေ့သော အများပြည်သူသုံး ပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြို့၏ဓာတ်ရထားစနစ် အလုံးစုံ ပျက်စီးသွားခဲ့လေသည်။

၁၈၈၉
ပဲခူးကလပ် ဓာတ်ပုံဟောင်းများ

၁၉ ၁၀ ပြည့်နှစ်က ပဲခူးကလပ်၏ ဓာတ်ပုံနှင့် ၂၀၁၅ ခုနှစ်က ရိုက်ကူးထားသော ပဲခူးကလပ် ပင်မလှေကားနှင့် ညစာစားခန်း၏ ဓာတ်ပုံများ ဖြစ်ပါသည်။ ၁၈၈၉ ခုနှစ်က ရက်ဒ်ရာ့ဒ် ကစ်ပလင် (Rudyard Kipling) သည် (ကာလကတ္တားမှ ဆန်ဖန်စစ္စကိုသို့အသွားတွင်) ပဲခူးကလပ်၌ တစ်ညတည်းခဲ့ဖူးသည်။ ညစာစားရင်း ကြားခဲ့ရသော ဇာတ်လမ်းများမှတစ်ဆင့် “The Road to Mandalay”စာအုပ်ကို ရေးသားဖြစ်ခဲ့သည်။ ပဲခူးကလပ်သည် တော်ဝင်စင်တာ မျက်နှာချင်းဆိုင် ပြည်လမ်းမပေါ်တွင် တည်ရှိပါသည်။ (ပထမဓာတ်ပုံနှစ်ခု၏ မူရင်းပိုင်ရှင် မည်သူဆိုသည်ကို...

1890s
၁၈၉၀ ပြည့်နှစ် ကာလများက ဆူးလေဘုရား

ရှေးခေတ်ဗမာပြည်၏ ဓာတ်ပုံများကို စိတ်ဝင်စားသူများအတွက် သတင်းကောင်းတခု။ ဗြိတိသျှ စာကြည့်တိုက် တွင် ရှေးခေတ်ဗမာပြည် ဓာတ်ပုံများကို စုစည်းထားပြီး ထိုမှ ရာချီသော ဓါတ်ပုံများကို အင်တာနက်လိပ်စာ www.bl.uk တွင် လေ့လာကြည့်ရှုနိုင်ပြီ ဖြစ်သည်။ ယခုပုံမှာ ဂျာမန်ဓာတ်ပုံဆရာ ဖီးလစ် ခလိုင်ယာ (Philip Kliers) က ၁၈၉၀ ခုနှစ်တွင် ရိုက်ကူးထားသော ဆူးလေဘုရားပုံဖြစ်ပါသည်။ ဘားလမ်းဘက်မှ ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ မြို့တော်ခန်းမ အဟောင်းကို ပုံ၏ ညာဘက်တွင်တွေ့မြင်နိုင်ပြီး ရွှေတိဂုံဘုရားကို အဝေးတွင် ပျပျ မြင်နေရသည်။...

၁၈၉၀
၁၈၉ ၀ ပြည့်နှစ်ဝန်းကျင် ရွှေတိဂုံဘုရားတောင်ဘက်မုဒ်

၁၈၉၀
၁၈၉ ၀ ပြည့်နှစ် ဝန်းကျင် ဆူးလေဘုရားနှင့် မြို့တော်စည်ပင်ရုံးဟောင်း

ဤသည်မှာ ၁၈၉ ၀ ပြည့်နှစ်ဝန်းကျင်က ဖိလစ်အဒေါ့ဖ်ကလီအာ (Phillip Adolph Klier) ရိုက်ကူူးထားသော ဆူးလေဘုရားနှင့် မြို့တော်စည်ပင်ရုံးဟောင်း (ရိုပွန်ခန်းမ)၏ မြင်ကွင်းဖြစ်သည်။

၁၈၉၈
အစောပိုင်း မြန်မာ NGO တစ်ခု ဖြစ်သည့် မာ့ခ်စ်အထိမ်းအမှတ်ရန်ပုံငွေ

ယခုအခါ မြန်မာနိုင်ငံတွင် ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) အရေအတွက်များစွာ ရှိလာပြီ ဖြစ်သည်။ ဤသည်မှာ အစောပိုင်း မြန်မာ NGO တစ်ခုဖြစ်သည့် မာ့ခ်စ်အထိမ်းအမှတ်ရန်ပုံငွေ (The Marks Memorial Fund) စတင်ဖွဲ့စည်းပြီးကာစ ၁၈၉၈ ခုနှစ်တွင် ရိုက်ကူးထားသောပုံ ဖြစ်သည်။ စိန့်ဂျွန်း (ယခုအခါ အထက ၁ လမ်းမတော်) ကျောင်းသားဟောင်း အိုးလ်ဘွိုင်းစ် (Old Boys)များက ကမကထပြု အလှူခံကာ ချို့တဲ့နွမ်းပါးသော ကျောင်းသားကျောင်းသူများအား ပညာသင်စရိတ်ထောက်ပံ့ပေးရန် ရည်ရွယ်ခဲ့ကြသည်။

၁၉၀၀
ကမ်းနားလမ်းရှိ စာတိုက်ကြီးဟောင်း

၁၉ ၀၀ ပြည့်နှစ်ပတ်ဝန်းကျင်က ရိုက်ကူးထားသော ကမ်းနားလမ်းမကြီးပေါ်မှ ယခင်စာတိုက်ကြီး။ ကျွနု်ပ်နှစ်သက်ရသည့် ပျောက်ပျက်သွားပြီဖြစ်သော အဆောက်အဦတစ်ခု။

၁၉၀၀
ဘောင်ဒရီလမ်း

လွန်ခဲ့သော နှစ်တစ်ရာခန့်က ရန်ကုန်မြို ၊ဘောင်ဒရီလမ်း(ယခုဓမ္မစေတီလမ်း) ။ ပုံတွင်ပါသော နေရာ မှာ ယနေ့ခေတ် စီးတီးမတ်၊ ဆဗွိုင်ဟိုတယ် ၊ ရှာကီ စားသောက်ဆိုင်တို့အနီး တစ်နေရာဖြစ်သည်။ ဘောင်ဒရီ (အနားသတ်) လမ်းဟုခေါ်ရခြင်းမှာ ထိုစဉ်က ဘောင်ဒရီလမ်းသည် မြို့အနားသတ်မျဉ်းတလျှောက်တည်ရှိခြင်းကြောင့်ဖြစ်သည်။ ဘောင်ဒရီလမ်းတွင် ကျော်ကြားသော ဗမာလူမျိုးများ နေထိုင်ကြသည်။ ရန်ကုန်မြို့တော်ဝန်ဖြစ်ဖူးသော ဦးဘသိန်းသည် လှပသော ကျွန်းသစ်အိမ်ကြီးနှင့် ဘောင်ဒရီလမ်းတွင်နေထိုင်ခဲ့သည်။ မြောက်ဘက်ယွန်းယွန်းရှိ ရွှေတောင်ကြားမှာ ထိုအချိန်တွင်မဆောက်လုပ်ရသေးဘဲ အချိန်တော်တော်ကြာမှ (၁၉၂၀ နှင့် ၁၉၃၀ အတောအတွင်း) တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

1900s
၁၉၀၀ ပြည့်နှစ်ဝန်းကျင် ဝင်္ကပါလမ်း

၁၉၀၀ ပြည့်နှစ်ဝန်းကျင် ဝင်္ကပါလမ်း

၁၉၀၀
၁၉၀၀ ပြည့်နှစ်များက ဒလဟိုဇီလမ်း

၁၉၀၀ ပြည့်နှစ်များက ဒလဟိုဇီလမ်း (ယနေ့ မဟာဗန္ဓုလလမ်း)နှင့် ၃၅ လမ်းဆုံရာမှ ဆူးလေဘုရား ရှိရာ အနောက်ဘက်သို့ မျက်နှာမူလျှက် တွေ့ရစဉ်။ ဧမာနွေလ ဘုရားကျောင်းမှ အမိုးချွန်များကို ပုံ၏ဝဲဘက်တွင် မြင်ရသည်။

၁၉၀၁
၁၉၁၀ ပြည့်နှစ်များက ဖယ်ရာလမ်း (ပန်းဆိုးတန်းလမ်း)

သောမတ်စ်ကွတ် (Thomas Cook) ရုံးခန်းသည် ၁၀၂ ဖယ်ရာလမ်း (ပန်းဆိုးတန်း အလယ်ဘလောက်) တွင် တည်ရှိခဲ့သည်။

၁၉၀၄
၁၉ ၀၄ ခုနှစ်က ရန်ကုန်မြို့

အလံပြဘုရား (ဝဲဘက်)နှင့် ရွှေတိဂုံဘုရားအား ကင်တိုမင်ရှိ ဥရောပ ခြေလျင်တပ်ရင်း ကန်တိုမင် (နောက်ပိုင်းတွင် စစ်ရုံး)မှ ဖူးမြော်ရသည့် မြင်ကွင်း။

၁၉၀၅
၁၉ ၀၅ ခုနှစ်ဝန်းကျင် ရွှေတိဂုံမှ ဗိုလ်တထောင်သို့ ပြေးဆွဲသော ဓာတ်ရထား။

ရန်ကုန်မြို့ထဲတွင် ယခုထက် ကိုယ်ပိုင်ကားအစီးရေ လျော့နည်းပြီး လူသွားပလက်ဖောင်းကျယ်ကြီးများနှင့် အများပြည်သူသုံး ပို့ဆောင်ရေးစနစ်ကောင်းကောင်းရှိပါက ပိုမိုကောင်းမွန်ပါလိမ့်မည်။ ပုံပါ ဓာတ်ရထားလိုင်းသည် ရွှေတိဂုံဘုရားမှ စတင်ကာ ဗိုလ်တထောင်ဘုရားအထိ ကမ်းနားလမ်းတလျှောက် ပြေးဆွဲလေ့ရှိသည်။ ဒလဟိုစီလမ်းတလျှောက် ပြေးဆွဲသော ဓာတ်ရထားလိုင်း နောက်တစ်ခုလည်း ရှိခဲ့သည်။