အမေ့ခံအတိတ်
အမေ့ခံအတိတ်

ကမ္ဘာ့ မြို့တော်အဖြစ် ရန်ကုန် (၁၈၅၃-၁၉ ၆၂)

၁၉၀၅
ဘဏ်လမ်းပေါ်မှ ဘာလ်သဇာ အဆောက်အဦ

ရန်ကုန်မြို့ရှိ အလှဆုံး အဆောက်အဦများထဲမှ တစ်ခုမှာဘဏ်လမ်းပေါ်မှ ဘာလ်သာဇာ အဆောက်အဦဖြစ်သည်။ ထိုအဆောက်အဦကို ၁၉၀၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မြန်မာပြည်သို့ ၁၈၆၀ ပြည့်နှစ်များတွင် ပြောင်းရွှေ့လာသော အာမေးနီးယန်းများဖြစ်သည့် ဘာလ်သာဇာ မိသားစုမှ နှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့သည်။ (၁၆၀၀ပြည့်နှစ်များမှစ၍  အာမေးနီးယန်းတို့သည် မြန်မာနိုင်ငံအတွက် အရေးပါသော လူမျိုးများဖြစ်ခဲ့သည်)။ ဆိုင်မန် အစရှိသော ကုမ္ပဏီပေါင်းများစွာ၊ ဥပဒေရုံးများစသဖြင့် ထိုအဆောက်အဦတွင် ငှားရမ်းဖွင့်လှစ်ခဲ့ကြသည်။...

၁၉၀၅ - ၁၉၁၄
၁၉၁၄ ခုနှစ်က ရန်ကုန်တွင် တွေ့ရသော အမေရိကန်နှင့် မြန်မာမိတ်ဆွေများ

၁၉၁၄ ခုနှစ်က အမေရိကန်နှင့် မြန်မာမိတ်ဆွေများကို ရန်ကုန်မြို့တွင် တွေ့ရပုံ။ အလယ်တွင် ထိုင်နေသော အမျိုးသမီးမှာ အမေရိကန်ပြည်ထောင်စု၏ ၂၉ ယောက်မြောက် သမ္မတ ဝါရန်ဟာဒင် (Warren Harding) ၏ ညီမဖြစ်သူ ကယ်ရိုလင်း ဟာဒင် ဗိုတော (Carolyn Harding Votaw) ဖြစ်သည်။ သူမသည် (သူမနောက်တွင် ရပ်နေသော) ခင်ပွန်းဖြစ်သူ ဟာဘာဗိုတော...

၁၉၀၅
အမှတ် ၆၁၉ ကုန်သည်လမ်းရှိ တော်ဝင်ဟိုတယ်

၁၉ ၀၅ခုနှစ်က ဆောက်လုပ်ပြီးစီးသည့် တော်ဝင်ဟိုတယ် (Royal Hotel)သည် အမှတ် ၆၁၉ ကုန်သည်လမ်း (ကုန်သည်လမ်းနှင့် ဘရုတ်ကင်းလမ်း၊ ယနေ့ ဘိုကလေးဈေးလမ်းထောင့်)တွင် တည်ရှိခဲ့သည်။ ယနေ့ ဂမုန်းပွင့် ကုန်တိုက် ဖြစ်သည်။ တစ်ခေတ်တစ်ခါက ရန်ကုန်မြို့တွင် ထိတ်ထိတ်ကြဲ ဟိုတယ် ၃ ခုရှိခဲ့ရာ တော်ဝင်ဟိုတယ်သည် စထရန်းဟိုတယ်၊ မင်တိုမင်ရှင်တို့နှင့်အပြိုင် ရပ်တည်ခဲ့သော ဟိုတယ်ဖြစ်သည်။ ခေတ်အမီဆုံး...

၁၉၁၀
၁၉၁၀ ပြည့်နှစ်ဝန်းကျင် ဆူးလေဘုရား

၁၉၁၀
၁၉၁၀ ပြည့်နှစ်များက ဒလဟိုဇီလမ်း

၁၉၁၀ ပြည့်နှစ်များက ဘရွတ်ကင်းလမ်း (ယခု ဘိုကလေးဈေးလမ်း)အနီး ဒလဟိုဇီလမ်း (ယခု မဟာဗန္ဓုလလမ်း)ကို မြင်ရပုံ။ အတွင်းဝန်များရုံး တည်ဆောက်ပြီးခါစ ဖြစ်သည်။

၁၉၁၀
၁၉ ၁၀ ပြည့်နှစ် ရန်ကုန်ဖက်ရှင်

၁၉၁၁
၁၉၁၁ ခုနှစ်ဝန်းကျင် ရွှေတိဂုံ ဘုရားဖူးလာသော ဂျာမန်များ

၁၉ ၂၀ ပြည့်နှစ်များ မတိုင်မီအထိ ရွှေတိဂုံဘုရား ရင်ပြင်ပေါ်သို့ ဥရောပလူမျိုး အများစုသည် ဖိနပ်စီး၍ တက်လေ့ရှိခဲ့သည်။ မြန်မာတို့က မည်သူမဆို ဖိနပ်ချွတ်ရမည်ဟု အတင်းအကြပ် ပြောသောအခါ အများစုမှာ ဖိနပ်ချွတ်ရမည်စိုး၍ ရွှေတိဂုံကိုပင် မလာကြတော့သည်မှာ ၁၉ ၄၀ ပြည့်နှစ်များ မတိုင်ခင်ကအထိ ဖြစ်သည်။

၁၉၁၄
၁၉၁၄ ခုနှစ်က ရန်ကုန်မြို့၏ စိတ်ဝင်စားဖွယ်မြေပုံ

ယနေ့တိရစ္ဆာန်ဥယျာဉ်နေရာ၏ အနောက်မြောက်ထောင့်တွင် ထိုစဉ်ကအင်္ဂလိပ်သင်္ချိုင်း ရှိခဲ့ဖူးသည်။

၁၉၁၅
၁၉၁၅ ခုနှစ် ရန်ကုန်

လွန်ခဲ့သော နှစ်တစ်ရာခန့်က ရန်ကုန်မြို့၏ လူမှုပတ်ဝန်းကျင် အနေအထားကို ပြသော စိတ်ဝင်စားဖွယ်ရာ မြေပုံဖြစ်၏။မပုံအရ အစိုးရအိမ်တော်၏ တောင်ဘက်၊ ဟယ်လ်ပင်လမ်းနှင့် ပဲခူးကလပ်တစ်ဝိုက်မှစ၍ အောက်ဘက် စိန့်ဂျွန်းကောလိပ်နှင့် ကီလီလမ်းအထိသော်လည်းကောင်း၊ ရွှေတောင်ကြားရပ်ကွက် (ထိုစဉ်က ဝင်ဒါမီယာ မရှိသေး)နှင့် ကန်တော်ကြီး၏ မြောက်ဘက်ပိုင်းတွင်လည်ကောင်း မြို့၏လူကုံထံအသိုင်းအဝိုင်းသည် နေထိုင်ကြသည်။ ရောက်လမ်း၊ အတွင်းဝန်များရုံးတဝိုက်နှင့် အရှေ့ဘက်ရှိ သောမဆင်လမ်း (ယနေ့ ဗိုလ်တထောင်ဘုရားလမ်း) အထိ...

၁၉၂၀
ခေတ်ကောင်းစဉ်ကာလ ၁၉ ၂၀ ပြည့်နှစ်များအတွင်းက ဖယ်ယာလမ်း (ပန်းဆိုးတန်းလမ်း) အောက်ဘလောက်၏ ပုံရိပ်။

ဝဲမှယာ - ဆိုဖဲယား အဆောက်အဦ၊ ဧရာဝတီ ဖလေ့တေးလာကုမ္ပဏီအဆောက်အဦ (လက်ရှိ ကုန်တွင်းရေကြောင်းပို့ဆောင်ရေးရုံး)၊ ဂရင်းလေးဘဏ် (လက်ရှိ မြန်မာ့စိုက်ပျိုးရေးဘဏ်)၊ ဆန်အန်ပေါန်းဒစ် (နောက်ပိုင်းတွင် ရန်ကုန်မြို့ ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံးခန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနဖြစ်လာ)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်။

၁၉၂၀
၁၉၂၀ ပြည့်နှစ်ဝန်းကျင်က ပုဇွန်တောင်ဘူတာ (ရန်ကုန်မြို့ထဲ၏ အရှေ့မြောက်ဘက်တွင် ရှိပါသည်)

၁၉၂၀
ရန်ကုန်တွင် သက်တမ်းအရင့်ဆုံး ရုပ်ရှင်ရုံ


မွန်ဂိုမာရီလမ်းရှိ အိတ်ဆဲစီးယား (Excelsior) ပြဇာတ်ရုံ၊ ယနေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ဝဇီရာ ရုပ်ရှင်ရုံကို ၁၉ ၅၀ ပြည့်နှစ်ဝန်းကျင်က တွေ့မြင်ရသည့် ဓာတ်ပုံဖြစ်ပါသည်။ မင်းသမီး အက်စသာဝီလျံ ပါဝင်သရုပ်ဆောင်ထားသည့် “Bathing Beauty” “ရေကူးဝတ်စုံဖြင့် မိန်းမလှလေး”အမည်ရှိ ရုပ်ရှင်ကားကို ရုံတင်ပြသနေသည့်ကာလဖြစ်သည်။ ၁၉ ၂၀ ပြည့်နှစ်များအတွင်းက ဆောက်လုပ်ခဲ့ပြီး ရန်ကုန်တွင် သက်တမ်းအရင့်ဆုံး ရုပ်ရှင်ရုံဖြစ်သည်။ 

၁၉၂၀
ဆူးလေစင်တာပွိုင့် မရှိသေးခင်က

၁၉ ၂၀ ပြည့်နှစ်ဝန်းကျင်က ဆူးလေးဘုရားလမ်း (ဖစ်ချ်စကွဲပန်းခြံ)။

၁၉၂၃
၁၉ ၂၃ခုနှစ် ပုဇွန်တောင်ဘူတာရုံ

၁၉၂၃ - ၁၉၆၂
မြန်မာ့ဒီမိုကရေစီ မွေးဖွားရာ အဆောက်အအုံ

ဝန်ကြီးများရုံး အဆောက်အအုံဝန်းအတွင်းရှိ ပုံပါအဆောက်အဦကို အသစ်ဖွဲ့စည်းလိုက်သော ဥပဒေပြုကောင်စီ ရုံးစိုက်ရန်အတွက် ရည်ရွယ်ကာ ၁၉ ၂၃ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၁၉ ၃၇ - ၁၉ ၄၂ ခုနှစ်အတွင်း ဒေါက်တာဘမော်၊ ဦးစော၊ ဦးပု စသည့် ဝန်ကြီးချုပ်များလက်ထက်တွင် ပြည်သူ့လွှတ်တော်အဖြစ် တည်ရှိခဲ့သည်။ ၁၉ ၄၇ ခုနှစ်တွင် နိုင်ငံ၏ပထမဦးဆုံးသော ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပေ...

၁၉၂၄
၁၉၂၄ ခုနှစ်က ရန်ကုန်မြင်းပြိုင်ကွင်း

ဓါတ်ပုံမှာ ၁၉၂၄ ခုနစ်က ယောက်လမ်းအနီးမှ မြင်းပြိုင်ကွင်းဟောင်း ဖြစ်သည်။ (မြင်းပြိုင်ကွင်းကို ၁၉၂၆ ခုနစ်တွင် ကျိုက္ကဆံကွင်းသို့ ရွှေ့ပြောင်းခဲ့သည်။)

၁၉၂၅
၁၉ ၂၅ ခုနှစ် စထရန်းဟိုတယ်ကို ရန်ကုန်ကမ်းနားဘက်မှ မြင်ရစဉ်

၁၉၂၅
၁၉၂၅ ခုနှစ်က ရန်ကုန်မြို့ ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း)

၁၉၂၇
အစောပိုင်းကာလ ကိုကာကိုလာဆိုင်

မြန်မာပြည်နှင့် ဆယ်စုနှစ်ပေါင်းများစွာဝေးကွာနေခဲ့သော ကိုကာကိုလာကုမ္မဏီ သည် ယခုအခါ မြန်မာပြည်သို့ပြန်ရောက်ပြီ ဖြစ်သည်။ တစ်ခေတ်က ရန်ကုန်ရှိ ကိုကာကိုလာဆိုင်၏ ဓာတ်ပုံ ဖြစ်ပါသည်။ ဆော်လ်မွန်ဆိုသည့်ဆိုင်ကို ၁၉၂၇ ခုနှစ်က ရိုက်ကူးထားပါသည်။ (ကုန်သည်လမ်းဟု ထင်ပါသည်)

ဇန်နဝါရီ ၁၉၂၇ - 1950s
ဂျင်မခါနာကလပ်

ဟယ်လပင်လမ်းပေါ်ရှိ ရန်ကုန်ဂျင်မခါနာကလပ်သည် စစ်တွင်းက ပျက်စီးသွားခဲ့သည်။ ကလပ်ကို ပိတ်သိမ်းလိုက်သည့် ၁၉၅၀ ပြည့်နှစ်များမတိုင်မီအထိ ရန်ကုန်၏ ထိပ်တန်းလူမှုရေးကလပ်နှစ်ခုထဲမှ တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ (ကျန်တစ်ခုမှာ ပဲခူးကလပ် ဖြစ်သည်။) ၁၉၂၇ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်ဂျင်မခါနာ အဖွဲ့သည် ပထမတန်း ခရစ်ကတ်ကစားပွဲကို မာလီဘုန်း ခရစ်ကတ်အသင်း (Marlyebone Cricket Club)နှင့် ယှဉ်ပြိုင်ကစားခဲ့သည်။ ဂျော့အိုဝဲလ် (George...