အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဦးမောင်ကြီး
event_note ခေတ်ကာလများပြပုံ

၁၈၈၅

ဦးမောင်ကြီး

Read in English

ဤပုံထဲမှ ပုဂ္ဂိုလ်မှာ ကျွန်ုပ်ဖခင်ဘက်က အဘီတော်စပ်သူ ဦးမောင်ကြီး ဖြစ်ပါသည်။ ၁၈၈၅ ခုနှစ် ဝန်းကျင်က ရိုက်ကူးခဲ့သော ဓာတ်ပုံပေါ်တွင် ထပ်ကာဆွဲထားသည်ဟု ယူဆရပါသည်။

ဦးမောင်ကြီးသည် ၁၈၈၀ ပြည့်နှစ် အစောပိုင်းကာလများက သီပေါမင်း၏ ရွှေတိုက်စိုး ဖြစ်ခဲ့ပြီး ဝက်မစွပ်ဝန်ထောက်နှင့် ကျောက်မြောင်းအတွင်းဝန်တို့ထံ တပည့်ခံခဲ့ဖူးသူ ဖြစ်သည်။

ဦးမောင်ကြီး၏ တူတော်စပ်သော ကျွနု်ပ်၏ ဦးကြီးဖြစ်သူ မန္တလေးမြို့မှ ဦးဘဦးသည် ဗဟိုစည် သတင်းစာကို တည်ထောင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဒေါက်တာဘမော်၏ အစိုးရအဖွဲ့၌ ဝန်ကြီးတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး “မြန်မာ့အုပ်ချုပ်ရေးပညာ” စာအုပ်ကို ရေးသားပြုစုခဲ့သည်။

ဦးမောင်ကြီး၏ ဖခင်ဖြစ်သူ ဦးမြရစ် (ကျွနု်ပ်၏ အဘင်တော်စပ်သူ) မှာ ၁၈၅၀ နှင့် ၁၈၆၀ ပြည့်နှစ်များက လွှတ်တော်စာရေးကြီး တစ်ဦးဖြစ်ပြီး မင်းတုန်းမင်း လက်ထက်တွင် စာဆိုတော်တစ်ဦး ဖြစ်ခဲ့သည်။ မဟာမင်းထင်သင်္ခယာဘွဲ့ဖြင့် တဘက်ဆွဲ ခုနစ်ရွာစားအဖြစ် ချီးမြှင့်ခံခဲ့ရသည်။

ဦးမြရစ်၏ဖခင်ဖြစ်သူ ဦးကျော်ဇံမှာ တဘက်ဆွဲရွာမှ သူဌေးတစ်ဦး ဖြစ်ပြီး ကုန်းဘောင်ခေတ် အစောပိုင်းကာလများ (၁၇၈၀-၁၈၂၅ ခုနှစ်ဝန်းကျင်များ) က အင်းဝဘုရင်များထံ ခစားသူ ဖြစ်ခဲ့သည်။ ဇာတိသည်လည်း (အင်းဝမြို့အနီး၊ ပုလိပ်မြို့နှင့် ဘေးချင်းကပ်တွင် ရှိသော) တဘက်ဆွဲရွာမှပင် ဖြစ်သည်။

ဦးမောင်ကြီးတို့၏ မျိုးဆက်များသည် “ရန်နောင်မင်းဇင်” မျိုးဆက်တွင် ပါဝင်သည် ဆိုသည်မှ လွဲ၍ ပြည့်ပြည့်စုံစုံ မသိရပါ။ အထူးသဖြင့် တဘက်ဆွဲရွာစား ဦးမြရစ် (နှင့် သူရေးသားခဲ့သော ကဗျာများဆိုင်ရာ အချက်အလက်များ) အကြောင်း သိရှိသူများ ရှိပါက ဖြည့်စွက်ပြောပြပေးပါရန် မေတ္တာရပ်ခံပါသည်။

(စာကြွင်း၊ ဤသည်မှာ ကျွန်တော်၏ ဖခင်ဘက်မှ ဘိုးဘွားများ ဖြစ်ပါသည်။ ဦးသန့်နှင့် အမျိုးမတော်စပ်ပါ။)


ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်