
၁၇ ဧပြီ ၁၉၅၃
ကုလသမဂ္ဂ သမိုင်းတစ်လျှောက် အကောင်းဆုံး တင်ပြချက်တစ်ခုအဖြစ် မှတ်ကျန်ခဲ့သည့် ဦးမြင့်သိန်း၏ ပြောဆိုချက်
room Switzerland
people Justice U Myint Thein James Barrington General Li Mi
၁၉၅၃ ခုနစ် ဧပြီလ ၁၇ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၌ တရားသူကြီး ဦးမြင့်သိန်းသည် တရုတ်ကူမင်တန်တပ်များ ကျူးကျော်မှုကို မြန်မာအစိုးရက တုံု့ပြန်ခဲ့ပုံများကို တင်ပြခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ကူမင်တန် ဗိုလ်ချုပ်မှူးကြီး လိမိ (Li Mi) ဦးဆောင်သည့် တပ်သားအယောက် တစ်သောင်းထက်မက ပါဝင်သော အမျိုးသားရေးစစ်သားများသည် မြန်မာပြည်တွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ၁၉၅၃ ခုနှစ် ရောက်သောအခါ အမေရိကန်၏ ထောက်လှမ်းရေးအကူအညီ (စက္ကူ စစ်ဆင်ရေး Operation Paper) ဖြင့် အနောက်ဘက်သို့ ချီတက်လာပြီး သံလွင်မြစ်ကို ဖြတ်ကျော်ကာ ရှမ်းပြည်နယ်များအထိ ထိပါးလာခဲ့သည်။ ကူမင်တန်များသည် ဘိန်းရောင်းဝယ်မှု အကြီးအကျယ်ပြုလုပ်ရန် စီစဉ်နေခဲ့လေသည်။ ထိုအချိန်တွင် ကွန်မြူနစ်နှင့် အခြားလက်နက်ကိုင်ပုန်ကန်သူများကို ရင်ဆိုင်နေရသော မြန်မာတပ်မတော်သည် ကူမင်တန် ကျူးကျော်မှုကို ပိုင်ပိုင်နိုင်နိုင် မထိန်းသိမ်းနိုင်ဘဲရှိရာ တိုင်းပြည်၏ သက်တမ်းနုသေးသော ဒီမိုကရေစီစနစ်ပါ ယိုင်နဲ့လာခဲ့လေသည်။ ထိုဖြစ်ရပ်၏ အကျိုးသက်ရောက်မှုများသည် ယနေ့ထိတိုင် ရှိနေဆဲ ဖြစ်သည်။ ဦးမြင့်သိန်း၏ တင်ပြချက်သည် ကုလသမဂ္ဂအဖွဲ့ကြီး၏ သမိုင်းတစ်လျှောက် အကောင်းဆုံး တင်ပြချက်များတွင် ပါဝင်သည်။ ဤသည်ကို မြန်မာတို့ မမေ့အပ်ပေ။ ပုံထဲတွင် ဦးမြင့်သိန်းနှင့် နောက်တွင် ထိုင်နေသူမှာ ထက်မြက်သော မြန်မာသံမှူး ဂျိမ်းစ်ဘယ်ရင်တန် (James Barrington) ဖြစ်သည်။ သူသည် ထိုစဉ်က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားလှယ် ဖြစ်ပြီး နောင်တွင် နိုင်ငံခြားရေးအတွင်းဝန် ဖြစ်လာခဲ့သည်။
ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်