အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပြည်ထောင်စုနေ့ အထိမ်းအမှတ်
event_note ခေတ်ကာလများပြပုံ

၁၂ ဖေဖော်ဝါရီ ၁၉၄၇

ပြည်ထောင်စုနေ့ အထိမ်းအမှတ်

Read in English

ယနေ့ပြည်ထောင်စုနေ့သည်.၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ချုပ်ဆိုခဲ့သော ပင်လုံသဘောတူညီမှုစာချုပ်ကို အမှတ်ရစေပါသည်။ ပင်လုံစာချုပ်မှာ (ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော) ဗမာအစိုးရအလုပ်အမှုဆောင်အဖွဲ့ကိုယ်စားလှယ်များ၊ တောင်တန်းဒေသ (ချင်းတောင်တန်း၊ကချင်တောင်တန်း၊ရှမ်းပြည် နှင့်အတူ ကိုးကန့်နှင့်ဝတောင်တန်းဒေသ) ကိုယ်စား လှယ်များ၊ရှမ်းစော်ဘွားများ နှင့် အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်၏ကိုယ်စားလှယ်များ အကြား ရက်ပေါင်းများစွာ အကြေအလည်ဆွေးနွေးခဲ့ကြရသည့် ရလဒ်ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ ဦးတင်ထွဋ်က ဗမာ အစိုးရ အဖွဲ့ကို ကူညီပံ့ပိုးပါသည်။ ဘုရင်ခံ၏ အလုပ်အမှုဆောင်ကောင်စီတွင် တောင်တန်းဒေသကိုယ်စားလှယ် ဟူသော အဖွဲ့ဝင်နေရာအသစ်တခုထားရှိရန်၊ဘဏ္ဍာရေး ယာယီစီမံချက်များ၊ ကချင်ပြည်နယ် သတ်မှတ်ရန် ရှေ့လုပ်ငန်းစဉ်များ နှင့် အရေးအကြီးဆုံးလုပ်ငန်းဖြစ်သည့် တောင်တန်းဒေသ များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဌာန်းသတ်မှတ်ရန် စသည့် အချက်များကို ပင်လုံစာချုပ်တွင် ထည့်သွင်းသဘော တူခဲ့ကြသည်။ အဓိက မှတ်သားရန်မှာ ယခုတင်ပြခဲ့သောပင်လုံစာချုပ် ချုပ်ဆိုခြင်း စသည့် ဖြစ်ရပ်များသည် ထိုကာလတိုင်းပြည်ဘေးပတ်လည်ရှိ ပို၍နက်ရှိုင်းသော နောက်ခံကား များကို အခြေတည်လျက် ပေါ်ပေါက်ခဲ့သည် ဟူသောအချက်ပင်။ထိုစဉ်က တရုတ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်ပွားလျက်ရှိပြီး ချိန်ကေရှိတ်အစိုးရနှင့် ကွန်မြူနစ် တို့၏ တိုက်ပွဲရလဒ်များသည် မြန်မာပြည်တောင်တန်းဒေသများပေါ်သို့ နှစ်နှစ်အတွင်း ကျော်လွန်လျှံကျ လာတော့မည်ဖြစ်ကာ ယင်းသည်ပင် မြန်မာပြည်ကိုကပ်ဆိုက်စေလိမ့်မည်ဖြစ်သည်။ ကပ်လျက် အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် ပြင်သစ်တို့က ဗီယက်မင်းတို့နှင့် တိုက်ခိုက်နေလျက်ရှိသည်။ အရေးအကြီးဆုံး ဖြစ်ရပ်မှာ အိန္ဒိယသည်သွေးမြေကျဖြစ်ရပ်ပေါင်းများစွာဖြင့် နှစ်ခြမ်းကွဲတော့မာ်ဖြစ်ပြီး ပါကစ္စတန် ပြည်သစ် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ . ပုံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် (ထိုစဉ်က လေဘာပါတီနိုင်ငံရေးပညာရှင် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များဆိုင်ရာ ဒုတိယအတွင်းအရေးမှူး အဖြစ် လွှတ်တော်တွင် တာဝန်ယူနေသူ) အာသာ ဘော်တွန်မ်လီ နှင့် လက်ဆွဲနှုတ်ဆက်နေသည်။ ဗိုလ်ချုပ်က ဘော်တွန်မ်လီကို အိန္ဒိယနိုင်ငံ နှစ်ခြမ်းကွဲခြင်း၏ ကြီးမားသော အကျိုးဆက်သည်ဗမာပြည်နှင့် ပင်လုံစာချုပ်အပေါ်မည်သိုသက်ရောက်နေပုံအားသေချာစွာပြောပြခဲ့သည်။ ဘော်တွန်မ်လီ၏ နောက်တွင်ဆာအဲရစ်မက်စတစ်ဂ်ရှိသည်။ ဆာအဲရစ် မာစတစ်ဂ်မှာဖွဲ့စည်းပုံဥပဒေ ရေးရာကျွမ်းကျင်သူဖြစ်ပြီး ၎င်းကဲ့သိုပင်ဖွဲစည်းပုံနှင့်ဘဏ္ဍာရေးရာကျွမ်းကျင်သူတဦးဖြစ်သော အိုင်စီအက်စ်ဦးတင်ထွဋ်နှင့်အတူ ပင်လုံစာချုပ် ရေးရာများတွင် ကန်လန့်ကာနောက်ကွယ်မှ အတူတကွ နီးကပ်စွာ လုပ်ကိုင်ခဲ့လေသည်။ ( သူတို့နှစ်ဦးမှာ အင်္ဂလန်တွင် ကျောင်းတက်စဉ်က ရဂ်ဘီ ဘောလုံးကစားဖော်ပြိုင်ဖက်များဖြစ်ခဲ့ကြ၏။)

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်