အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉ ၄၁ ခုနှစ်တွင် ခရစ္စမတ်မတိုင်ခင် ရန်ကုန်သို့ စစ်ကြီး ရောက်ရှိလာ
event_note ခေတ်ကာလများပြပုံ

၂၄ ဒီဇင်ဘာ ၁၉၄၁

၁၉ ၄၁ ခုနှစ်တွင် ခရစ္စမတ်မတိုင်ခင် ရန်ကုန်သို့ စစ်ကြီး ရောက်ရှိလာ

Read in English

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နှင့် ခရစ္စမတ်နေ့တွင် ရန်ကုန်ကို ပထမဦးဆုံးအကြိမ်အဖြစ် ဂျပန်အင်ပါယာ ဝင်ရောက်တိုက်ခိုက်သည်။ နာကာဂျိမာ (Nakajima) တိုက်လေယာဉ်များ ခြံရံလျက် မစ်ဆူဘီရှီဗုံးကြဲလေယာဉ် အစီး ၈၀ ကျော်သည် ထိုင်းနှင့် အင်ဒိုချိုင်နား စစ်စခန်းမှ ပျံသန်းလာသည်။ (ယူကေ) တော်ဝင်လေတပ်၏ ရဲတင်း (Tomahawks)နှင့် ကျွဲရိုင်း (Buffaloes) တိုက်လေယာဉ်များ၊ (အမေရိကန်) ကျားပံျ (Flying Tigers) တိုက်လေယာဉ်များက ပြန်လည်ခုခံခဲ့သော်လည်း ဂျပန်တို့ ရန်ကုန်ကို အပျက်အစီး များစွာဖြစ်စေခဲ့သည်။ မင်္ဂလာဒုံလေယာဉ်ကွင်းနှင့် မြို့ထဲနေရာအတော်များများသည် မီးလောင်ဗုံးများနှင့် ပေါက်ကွဲမှုအားကောင်းသော ဗုံးဒဏ်ထိကာ ပျက်စီးသွားသည်။ (ထိုကာလက မြို့နေ လူဦးရေ လေးသိန်းခန့်ရှိသည့်အနက်မှ) အယောက် နှစ်ထောင်နီးပါး သေကြေခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ ထိုနေ့တွင် အသက်ဆုံးရှုံးခဲ့သော ကျား၊မ၊ ကလေးသူငယ်များအတွက် အောက်မေ့ဖွယ်အခမ်းအနား ယနေ့ထိတိုင် တစ်ခါမှ မပြုလုပ်ကြပါ။ နောင်နှစ်ပတ်အကြာတွင် ရန်ကုန်သို့ ကုန်းကြောင်းမှ ဂျပန်တို့ ကျူးကျော်ဝင်ရောက်လာသည်။ ၁၉ ၄၂ ခုနှစ် မတ်လတွင် အမှတ် ၁၅ ဂျပန်တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ရှိုဂျီယို အိုင်ဒါ (Shojiro Iida) လက်အောက်သို့ ရန်ကုန်ကျသည်။ ဖော်ပြပါပုံမှာ အစိုးရအိမ်တော် တောင်ဘက်ခြမ်း၊ စိန့်ဂျွန်းကောလိပ်နှင့် လေဒီဒက်ဖရင်ဆေးရုံအနီးတစ်ဝိုက်ကို ဗုံးကြဲနေသည့်မြင်ကွင်း ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်