အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉ ၄၂ ခုနှစ် ဧပြီလက မန္တလေးမြို့ ဖျက်ဆီးခံရသည်
event_note ခေတ်ကာလများပြပုံ

၃ ဧပြီ ၁၉၄၂

၁၉ ၄၂ ခုနှစ် ဧပြီလက မန္တလေးမြို့ ဖျက်ဆီးခံရသည်

၁၉ ၄၂ ခုနှစ် ဧပြီလ ၃ ရက်နေ့ ညပိုင်းအချိန်တွင မစ်ဆူဘီရှီဂျပန်ဗုံးကြဲလေယာဉ်များသည် ရှေးတော်ဝင်မြို့ဟောင်းကို မီးလောင်ဗုံးများကြဲ တိုက်ခိုက်ရာ မီးတဟုန်းဟုန်း တောက်လောင်တော့သည်။ မန္တလေး အဆောက်အဦ သုံးပုံ နှစ်ပုံခန့် ပျက်စီးသွားသည်။ (တစ်မြို့လုံး လူဦးရေ တစ်သိန်းခွဲခန့်ရှိသည့်အနက်) အနည်းဆုံး လူ နှစ်ထောင်မှ ရှစ်ထောင်အကြား သေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရသည်များလည်း အတော်များပါ၏။ မီးကျွမ်းပြီး ပုပ်သိုးနေသော လူသေအလောင်းများသည် ကျုံးပတ်လည် အပြည့်ဖြစ်နေ၏။ ချစ်ချစ်တောက်ပူသော နွေနေပူပူကြောင့် သေခြင်းတရား၏ အနံ့ဆိုးမှာ တစ်မြို့လုံးပျံ့နေသည်။ တစ်မြို့လုံး လူသူကင်းမဲ့ ခြောက်ကပ်နေသည်။ ထိုစဉ်က ကျွနု်ပ်၏ဖခင်မှာ အသက် ၁၀ နှစ်အရွယ်ဖြစ်သည်။ ဖခင်၏မိသားစုသည် မြင်းလှည်းစီးကာ မင်းကွန်းအနီးရှိ ရွာတစ်ရွာသို့ စစ်ရှောင်ထွက်ပြေးသည်။ စစ်ကြီးအတွင်း ဖခင်ဖြစ်သူသည် ထိုရွာဘုန်းကြီးကျောင်းတွင် ကိုရင်ဘဝနှင့် နေထိုင်ခဲ့သည်။ ဧပြီလ ၅ ရက်နေ့သို့ ရောက်သည့်အခါ မြို့တွင် လူတစ်ယောက်မှ မရှိသလောက်ပင်။ တိုင်းမ်အန်လိုက်ဖ် မဂ္ဂဇင်းထုတ်ဝေသူ ဟန်နရီလူ့စ်၏ဇနီး ကလဲဘု့သ်လူ့စ်သည် ထိုနေ့ညနေပိုင်းက မန္တလေးသို့ ရောက်လာခဲ့သည်။ ဗုံးဒဏ်ကြောင့် အဆောက်အဦ အပျက်အယွင်းများ၊ ပုပ်စော်နံဟောင်သော လူသေအလောင်းများကို နေရာအနှံ့ မြင်ခဲ့ရသည်။ သူမက “ဒီနေ့ညမှာ မန္တလေးဆိုတာ မရှိတော့”ဟု ရေးသားခဲ့သည်။ ထိုအခိုက်တွင် အမှတ် ၁၅ ဂျပန်တပ်မတော်သည် ပြည်မြို့မှ မန္တလေးသို့ ချီတက်လာနေပြီး နောက်သုံးပတ်အကြာတွင် မန္တလေးကို သိမ်းခဲ့သည်။ တောင်ငူတွင် တပ်စွဲထားသည့် တရုတ်အမျိုးသားရေးတပ်မတော် (မြန်မာပြည်ဆိုင်ရာ တရုတ်စစ်ဆင်ရေးအင်အားစု)သည် (မတ်လ ၃ ရက်နေ့တွင်) လားရှိုးသို့ ဆုတ်ခွာရသည်။ (ဧပြီလ ၂၉ ရက်နေ့တွင်) လားရှိုးမှ တပ်ဆုတ်ရပြန်သေးသည်။ ဗြိတိသျှနှင့် အိန္ဒိယတပ်များသည် မေမြို့သို့ ဦးတည်ဆုတ်ခွာရပြီး ထို့နောက် မြစ်ကြီးနား၊ အာသံကို ဖြတ်ကျော်ကာ ထွက်ခွာခဲ့ကြသည်။ ဖော်ပြပါပုံမှာ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်း မန္တလေးတွင် မြန်မာမီးသတ်သမားနှင့် တပ်သားများ မီးငြိမ်းသတ်ရန် ကြိုးစားနေသည့်ပုံဖြ

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်