အမေ့ခံအတိတ်
အမေ့ခံအတိတ်
စစ်ကြီးအတွင်း ရန်ကုန်မြို့ ဂျပန်လက်အောက်သို့ ကျရောက်စဉ်
event_note ခေတ်ကာလများပြပုံ

၈ မတ် ၁၉၄၂

စစ်ကြီးအတွင်း ရန်ကုန်မြို့ ဂျပန်လက်အောက်သို့ ကျရောက်စဉ်

Read in English

နှစ်လခွဲမျှ ပြင်းထန်စွာ ဗုံုးကြဲတိုက်ခိုက်ခံရပြီးနောက် ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့သည် ဂျပန်လက်အောက်သို့ ကျရောက်သွားခဲ့သည်။ အခြေခံအဆောက်အအုံ အတော်များများ ဗံုးဒဏ်ကြောင့် ပျက်စီးသွားခဲ့ပြီး မြို့သူမြို့သားအများစုမှာလည်း စစ်ဒဏ်ရေှာင်ရန် ရန်ကုန်မြို့မှ စွန့်ခွာသွားခဲ့ကြပြီဖြစ်သည်။
ဤသည်မှာ အစိုးရအိမ်တော် (ယခု တိုင်းဒေသကြီးလွှတ်တော်ရှိရာ အနီးတစ်ဝိုက်)ရှေ့ ၌ အောင်ပွဲခံနေသော ဂျပန်တပ်များ၏ပုံ ဖြစ်သည်။ ၁၉၄၅ ခုနှစ် သြဂုတ်လတွင် ထိုနေရာ၌ပင် ဂျပန်တပ်မတော်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး တာကာရှိရိုကာဝါဘဲ (Takashiro Kawabe)သည် ဂျပန်တို့လက်နက်ချကြောင်း တရားဝင်လက်မှတ်ရေးထိုးခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်