အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဘာကြောင့် တရုတ်ပြည်နှင့် ဆက်ဆံရေး အရေးကြီးရသလဲ
event_note ခေတ်ကာလများပြပုံ

၁၉၆၀

ဘာကြောင့် တရုတ်ပြည်နှင့် ဆက်ဆံရေး အရေးကြီးရသလဲ

room China

Read in English

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးသည် တိုင်းပြည်၏ အနာဂတ်စီးပွားရေး အပြင် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အတွက်ပါ အရေးကြီးလှသည်။ ယနေ့မြန်မာနိုင်ငံသည် ၂၁ ရာစု၏ အကြီးမားဆုံးသော စက်မှုတော်လှန်ရေးပေါ်ပေါက်ခဲ့သည့် နိုင်ငံကြီး၏ အိမ်နီးနားချင်း ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ထိုအနေအထားကို ကောင်းစွာ (သို့မဟုတ် မှားယွင်းစွာ) ကိုင်တွယ်နိုင်ခြင်း ရှိ၊မရှိအပေါ် မူတည်ကာ သာမန်ပြည်သူလူထု၏ နေထိုင်မှုဘဝများ အမျိုးမျိုး ပြောင်းလဲသွားမည် ဖြစ်သည်။ မွန်ဂိုတို့၏ အောင်မြင်မှုများကအစ မင်မင်းဆက် ကျဆုံးမှုအထိ နောက်ဆုံး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ပေါက်လာသည့်အဆုံး တရုတ်နိုင်ငံ၏ သမိုင်းတစ်လျှောက် ကြီးမားသော ပြောင်းလဲမှု အားလုံးသည် မြန်မာနိုင်ငံပေါ် ကြီးစွာသော သက်ရောက်မှု ရှိခဲ့သည်။ သမ္မတရှီကျင်းပင် (Xi Jinping) လက်ထက် တရုတ်၏ ပြည်တွင်းဖြစ်ရပ်များ မှန်သမ ျှသည် မြန်မာနိုင်ငံအတွက် အရေးကြီး ထည့်သွင်းစဉ်းစားစရာများ ဖြစ်ပေသည်။ ဓာတ်ပုံမှာ ၁၉၆၀ ပြည့်နှစ်က ပီကင်းမြို့တွင် ရောက်ရှိနေသော ဦးနု၏ပုံ ဖြစ်သည်။ ဓာတ်ပုံထဲတွင် ဒေါ်မြရီ၊ အဓိပတိ ကျိုးအင်လိုင် (Zhou Enlai)နှင့် သမ္မတ လျူရှောင်ချီ(Liu Shaoqi) တို့ကို တွေ့ရသည်။ ၁၉၅၀ပြည့်နှစ် အစောပိုင်းကာလများက ကူမင်တန်တပ်များက ကျူးကျော်လာသောကြောင့် ရှမ်းပြည် အရှေ့ပိုင်းတွင် စစ်ဖြစ်ပွားခဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေးကြီးကြောင့် ၁၉၆၉ ခုနှစ်တွင် တရုတ်တို့ ထောက်ခံသော ကွန်မြူနစ် ကျူးကျော်မှု ဖြစ်လာခဲ့ကာ အရှေ့မြောက် နယ်စပ်တလျှောက်လုံးတွင် လွတ်လပ်သည့်ဒေသများ ဖြစ်လာခဲ့သည်။ ဦးနု သွားရောက်စဉ်ကမူ ဆက်ဆံရေးများ အဆင်ပြေနေခဲ့ပြီး ဦးနုနှင့်အတူ အဖွဲ့ဝင် ၄၀၀ ပါသော အင်အားတောင့်သည့် သံအဖွဲ့ လိုက်ပါသွားခဲ့သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်