၁၉ ၄၂ ဒီဇင်ဘာလ မြန်မာပြည်တွင်းရှိ ဒုတိယကမ္ဘာစစ် တိုက်ပွဲများ
event_note ခေတ်ကာလများပြပုံ

ဒီဇင်ဘာ ၁၉၄၂

၁၉ ၄၂ ဒီဇင်ဘာလ မြန်မာပြည်တွင်းရှိ ဒုတိယကမ္ဘာစစ် တိုက်ပွဲများ

Read in English

၁၉၄၂ ခုနှစ် ဒီဇင်ဘာလတွင် အမှတ် ၁၄ အိန္ဒိယတပ်မသည် မေရုကျွန်းဆွယ်ကို ဂျပန်တို့လက်မှ ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေခဲ့သည် (မအောင်မြင်ခဲ့ပါ)။ တစ်ချိန်တည်းမှာပင် ဗြိတိသျှနှင့်ဂေါ်ရခါးအထူးတပ်ဖွဲ့များ (ခြင်္သေ့များ - the Chindits) သည် မြန်မာပြည်မြောက်ပိုင်းရှိ ဂျပန်စစ်ကြောင်းကို ထိုးဖောက်နိုင်ရန် (အဝတ်စရှည်စစ်ဆင်ရေး - Operation Longcloth) ပထမဆုံးအကြိမ် ကြိုးပမ်းနေခိုက်ဖြစ်သည်။ ထိုအချိန်တွင် ဂျပန်တပ်များသည် ယူနန်ပြည်၌ တရုတ်တပ်များနှင့် တိုက်ပွဲဖြစ်လျက်ရှိသည်။ ယင်းတရုတ်တပ်၏ အမှတ် ၅ နှင့် ၆ တပ်မတော်သည် ၁၉၄၂ ခုနှစ်တွင် ရှမ်းပြည်နယ်တွင် ကျားကုတ်ကျားခဲ တပ်စွဲထားရန် အားထုတ်ခဲ့သော တပ်များဖြစ်ကြသည်။ ထိုမျှမက ယင်းတရုတ်တပ်သည် ၁၉၄၃ ခုနှစ်တွင် အမေရိကန် ထောက်ပံ့မှုဖြင့် သံလွင်မြစ်ကိုဖြတ်၍ မူဆယ်ဘက်သို့ ပြန်လည်ထိုးစစ်ဆင်လာကြသေးသည်။ များမကြာမီပင် တရုတ်နှင့်ကချင်တပ်များ၏ အကူအညီဖြင့် မြစ်ကြီးနားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ပုံတွင် (အလွန်) ငယ်ရွယ်လှသေးသော တရုတ်ကလေးစစ်သားငယ် အိမ်ပြန်ရန် မြစ်ကြီးနား၀ယ် လေယာဉ်စောင့်နေသည့်ပုံ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်