အမေ့ခံအတိတ်
အမေ့ခံအတိတ်
ခရစ္စမတ်အမှီ ရန်ကုန်သို့ ရောက်လာသည့် ဒုတိယကမ္ဘာစစ်မီး
event_note ခေတ်ကာလများပြပုံ

၂၃ ဒီဇင်ဘာ ၁၉၄၁ - မတ် ၁၉၄၂

ခရစ္စမတ်အမှီ ရန်ကုန်သို့ ရောက်လာသည့် ဒုတိယကမ္ဘာစစ်မီး

room Myanmar

Read in English

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နှင့် ခရစ္စမတ်နေ့တွင် ရန်ကုန်ကို ပထမဦးဆုံးအကြိမ်အဖြစ် ဂျပန်အင်ပါယာ ဝင်ရောက်တိုက်ခိုက်သည်။ နာကာဂျိမာ (Nakajima) တိုက်လေယာဉ် အစီး ၃၀ ခြံရံလျက် ဂျပန်မစ်ဆူဘီရှီဗုံးကြဲလေယာဉ် အစီး ၈၀ ကျော်သည် ထိုင်းနှင့် အင်ဒိုချိုင်နား စစ်စခန်းမှ ပျံသန်းလာသည်။ အမြင့်ပေ တစ်သောင်း နှစ်ထောင်တွင် အမေရိကန်စစ်တပ်မှ ဗိုလ်မှူးကလယ်ချက်နက်လ်တ် (Claire Chennault) ဦးစီးသည့် ကျားပျံ တိုက်ခိုက်ရေးလေယာဉ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ (ယူကေ) တော်ဝင်လေတပ်၏ ရဲတင်း (Tomahawks)နှင့် ကျွဲရိုင်း (Buffaloes) တိုက်လေယာဉ်များ၊ (အမေရိကန်) ကျားပံျ (Flying Tigers) တိုက်လေယာဉ်များက ဂျပန်တို့၏တိုက်စစ်ကို ခုခံရန် ကြိုးစားခဲ့သော်လည်း ထိရောက်မှုမရှိခဲ့။ ဂျပန်တို့ဘက်မှ ပုဇွန်တောင်မှ အလုံအထိ ရန်ကုန်မြို့ထဲနေရာများကို မီးလောင်ဗုံးများ၊ ပေါက်ကွဲမှုအားကောင်းသည့် ဗုံးများကြဲကာ တိုက်ခိုက်သဖြင့် ထိုရပ်ကွက်များရှိ သစ်သားအဆောက်အအုံ ငါးပုံ သုံးပုံခန့် ပျက်စီးခဲ့ရသည်။ ရန်ကုန်ဆိပ်ကမ်းများနှင့် ဆီစက်များ အလုံးစုံ ပျက်ဆီးကုန်သော်လည်း ထိုနှစ်မေလတွင် တစ်မြို့လုံး ပြာကျသွားမည့် မန္တလေးနှင့်ယှဉ်လျှင် ရန်ကုန်မြို့တွင် အပျက်အစီးမများလှသည်မှာ ကံကောင်းပါသေးသည်။ (ထိုကာလက မြို့နေ လူဦးရေ လေးသိန်းခန့်ရှိသည့်အနက်မှ) အယောက် နှစ်ထောင်နီးပါး သေကြေခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ ထိုနေ့တွင် အသက်ဆုံးရှုံးခဲ့သော အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်များအတွက် အောက်မေ့ဖွယ်အခမ်းအနား ယနေ့ထိတိုင် တစ်ကြိမ်တစ်ခါမှ ပြုလုပ်ခြင်းမရှိသေးပါ။ မြို့နေ လူတစ်သိန်းကျော်သည် ရေကြောင်းဖြင့်သော်လည်းကောင်း၊ တတ်နိုင်ပါက (စထရင်းဟိုတယ်ရှေ့မှ စီးရသော ရေပေါ်လျှပ်ပြေး လေယာဉ်များ အပါအဝင်) လေကြောင်းဖြင့်သော်လည်းကောင်း၊ အာသံပြည်သို့ ကုန်းကြောင်းဖြင့်သော်လည်းကောင်း ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။ နောက်ထပ် ရာထောင်ချီသော လူများသည် ထိုနည်းလမ်းများအတိုင်း ထွက်ပြေးကြရပြီး လမ်းတစ်လေ ျှာက်တွင် လူထောင်သောင်းချီ သေကြေပျက်စီးကြရသည်။ အိန္ဒိယ၊ မြန်မာ၊ အင်္ဂလိပ်-မြန်မာ၊ ဥရောပ၊ တရုတ်၊ ကရင် စသည့်လူမျိုးပေါင်းစုံ ပါဝင်သည့် စစ်ပြေးဒုက္ခသည်လူအုပ်ကြီးမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အဆိုးဝါးဆုံး လူသားအစုလိုက်အပြုံလိုက် စစ်ရှောင်ခြင်းဖြစ်ရပ်များထဲမှ တစ်ခုအဖြစ် သမိုင်းတွင်ပေသည်။ ပုံအလယ်နားတွင် အကျဉ်းထောင်ဟောင်းကို ပြတ်ပြတ်ထင်ထင် မြင်နိုင်သည်။


ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်