အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်သို့ ဒုတိယကမ္ဘာစစ်ကြီး ဆိုက်ရောက်လာခဲ့လေပြီ
event_note ခေတ်ကာလများပြပုံ

၂၃ ဒီဇင်ဘာ ၁၉၄၁ - မတ် ၁၉၄၂

ရန်ကုန်သို့ ဒုတိယကမ္ဘာစစ်ကြီး ဆိုက်ရောက်လာခဲ့လေပြီ

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် တိုက်လေယာဉ် အစီး ၃၀ ဝန်းရံကာ ဂျပန်မစ်ဆူဘီရှိ ကီ-၂၁ ဗုံးကြဲလေယာဉ် အစီး ၈၀ သည် မင်္ဂလာဒုံနှင့် ရန်ကုန်မြို့ထဲကို ပထမဦးဆုံးအကြိမ် ဗုံးကြဲသည်။ မြို့သူမြို့သား အရေအတွက် အမျိုးသမီးများနှင့် ကလေးများအပါအဝင် နှစ်ထောင်ခန့် ဗုံးဒဏ်သင့်ကာ သေဆုံးရသည်ဟု ယူဆရသည်။ တော်ဝင်လေတပ်၏ ရိုးရာရဲတင်း(Tomahawk) နှင့် ကျွဲများ (Buffaloes) အမည်ရှိလေယာဉ်များ၊ အမေရိကန် ကျားပျံလေယာဉ်များက ဂျပန်တပ်များ ဝင်ရောက်လာခြင်းကို ဟန့်တားရန် အားထုတ်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ချေ။ ဂျပန်တို့သည် ရန်ကုန်တစ်မြို့လုံးကို ပေါက်ကွဲမှုအားကောင်းသော မီးလောင်ဗုံးများ ကြဲသည်။ ပုဇွန်တောင်မှ အလုံအထိ သစ်လုံးအိမ် အဆောက်အဦများ၏ ငါးပုံ၊ သုံးပုံခန့် မီးလောင်ပျက်စီးသည်။ နောက်ရက်သတ္တပတ်များအတွင်း အိန္ဒိယ၊ မြန်မာ၊ အင်္ဂလိပ်-မြန်မာ၊ ဥရောပ၊ တရုတ်၊ ကရင်နှင့် အခြားလူမျိုးများ သိန်းနှင့်ချီကာ စစ်ရှောင်ရန် မြို့ကို စွန့်ခွာထွက်ပြေးကြရသည်။ ၁၉၄၂ ခုနှစ် မတ်လတွင် ရန်ကုန်သည်လည်း ဂျပန်အင်ပါယာတပ် လက်အောက်သို့ ကျရောက်လေတော့သည်။

ထိုနေ့တွင် ကွယ်လွန်ခဲ့ကြသူ ယောကျ်ား မိန်းမ ကလေးသူငယ်များအတွက် အောက်မေ့ဖွယ် အခမ်းအနားများ ယနေ့ထိမရှိသေးပါ။ လူဦးရေငါးသိန်းအနက်မှ လူ (၂၀၀၀)ကျော်သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရခဲ့ခြင်းဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်