အမေ့ခံအတိတ်
အမေ့ခံအတိတ်

Bo Let Ya

လေဘာပါတီ မဲနိုင်ခြင်းက မြန်မာ့သမိုင်းကို ပြောင်းလဲစေခဲ့

၁၉၄၅ ခုနှစ် ဇူလိုင်လတွင် လေဘာပါတီက ကွန်ဆာဗေးတစ် ပါတီကို အပြတ်အသတ် အနိုင်ရပြီး ဆာ ဝင်စတန်ချာချီ (Sir Winston Churchill) နေရာကို အစားထိုးကာ ကလီမန့်အက်တလီ (Clement Attlee) ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ လေဘာပါတီ၏ အနိုင်ရမှုက မြန်မာ့သမိုင်းလမ်းကြောင်းကို ပြောင်းလဲသွားစေခဲ့ကြောင်း သံသယပွားဖွယ်မရှိပါ။ ကလီမန့်အက်တလီသည် ကိုလိုနီစနစ်ကို စွန့်လွှတ်မည် ဟူသော ကတိဖြင့် တက်လာသူဖြစ်သည်။...

အပြည့်အစုံ ဖတ်ရန်

နု-အက်တလီစာချုပ် လက်မှတ်ရေးထိုးသည့်နေ့

အောက်တိုဘာ ၁ ရက်နေ့သည် ယူကေနိုင်ငံ အစိုးရနှင့် ပြည်ထောင်စုဗမာနိုင်ငံ ယာယီအစိုးရတို့အကြား ဗမာပြည်လွတ်လပ်ရေးအတွက် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့သောနေ့ နှစ်ပတ်လည်ဖြစ်ပါသည်။ ယင်းစာချုပ်မှာ နု-အက်တလီ စာချုပ်ဖြစ်၏။ ဦးနု(ယာယီအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်)၊ ဦးတင်ထွဋ် (ဘဏ္ဍာရေးဝန်ကြီး)နှင့် အခြားသူများ ခေါင်းဆောင်ကာ လအတော်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ရရှိလာသော သဘောတူစာချုပ်ဖြစ်သည်။ ဦးနုနှင့် ယူကေဝန်ကြီးချုပ် ကလီမန့်အက်တလီတို့က လက်မှတ်ရေးထိုးခဲ့ပြီး သက်သေများအဖြစ်...

အပြည့်အစုံ ဖတ်ရန်