အလှည့်ကျ သမိုင်းကြောင်း တင်ပြချက်
၁၈၅၈ - ၁၉၂၉
room United States
အမေရိကန် ပြည်ထောင်စုတွင် ပထမဆုံး ပညာသင်ယူဖူးသည့် မြန်မာကျောင်းသား
အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံးရောက်ရှိခဲ့သော မြန်မာကျောင်းသား (အမေရိကန် ပြည်ထောင်စုသို့ ပထမဦးဆုံး ရောက်ဖူးသော မြန်မာလူမျိုးလည်း ဖြစ်နိုင်ပါသည်။) မှာ မောင်ရှောလူး ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ် မဖြစ်မီ ၁၈၅၈ ခုနှစ်တွင် မောင်ရှောလူးသည် သူ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့မှ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania) လူးဝစ္စဘာ့ဂ်မြို့(Lewisburg) သို့ခရီးနှင်ခဲ့သည်။ ဤဓါတ်ပုံမှာ ၁၈၆၅ ခုနှစ်ဝန်းကျင်က အင်ဒီယားနားပြည်နယ်...
people King Mindon Maung Shaw Loo President Andrew Johnson
မြန်မာ့ သမိုင်းကြောင်းကို ခေတ်ကာလများပြပုံ နှင့် လေ့လာလိုက်ပါ။
ပရောဂျက်အကြောင်း
ယခုဝက်ဘ်ဆိုဒ် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အံသြဖွယ်ရာ သမိုင်းကြောင်းကို လူအများ စိတ်ပါဝင်စားမှု ပိုမိုတိုးမြင့်လာစေရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ လက်ရှိသင်ကြားနေသော သမိုင်းတွင် မဆန်းစစ်ဘဲ လက်ခံထားသော အမြင်များ၊ ရှုထောင့်နှစ်ဘက်မှသာ ကန့်သတ်ကြည့်မြင်သော သဘောထားများ ပါရှိနေတတ်ရာ နိုင်ငံ၏သမိုုင်းတလျှောက် အဓိကကျသော အတိတ်ကာလများကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် ထိုအတွေးအမြင်များကို စိန်ခေါ်ရန်မှာ ကျွနု်ပ်တို့၏ ရည်ရွယ်ချက်ဖြစ်ပါသည်။ ထို့အပြင် တရုတ်ယူနန်ပြည်နယ်နှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသ စသော အိမ်နီးနားချင်းဒေသများ၏ သမိုင်းကြောင်းကို မြန်မာစာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးနိုုင်ရန် ထဲထဲဝင်ဝင် ဖော်ပြလိုက်ပါသည်။ ယနေ့ မြန်မာနိုင်ငံ ကြုံတွေ့နေရသော စိန်ခေါ်မှုများစွာကို ရင်ဆိုင်နိုင်ရန်အတွက် အတွေးသစ် အမြင်သစ်၊ စိတ်ကူးအသစ်များ လိုအပ်သည်ဟု ကျွနု်ပ်တို့အနေနှင့် ယုံကြည်မိပါသည်။ မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းကို ရှင်းလင်းစွာ နားလည်သဘောပေါက်ပြီး ဆန်းစစ် သုံးသပ်ခြင်းမှသာ ထိုသို့တွေးခေါ်နိုင်ပါလိမ့်မည်။