အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဒုတိယကမ္ဘာစစ်ဘေး စစ်ဒဏ်ထိ မြန်မာပြည်

- ၁၉၄၅

ဒုတိယကမ္ဘာစစ်ဘေး စစ်ဒဏ်ထိ မြန်မာပြည်

Read in English

ဒုတိယကမ္ဘာစစ်တွင်းက အမေရိကန် (American)၊ အင်္ဂလိပ် (English)၊ အိန္ဒိယ (India)၊ တရုတ် (Chinese)၊ ဂျပန် (Japanese) နှင့် အခြားစစ်သား ငါးသိန်းကျော်မျှတို့သည် မြန်မာပြည်တွင် တိုက်ပွဲဝင်ခဲ့ကြပြီး မြို့ကြီးမြို့ငယ် တစ်ခုမကျန်၊ သင်္ဘောဆိပ်ကမ်း၊ လေဆိပ်၊ ဘူတာရုံ၊ ရေနံတွင်းများနှင့် စက်ရုံ အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။ စစ်သား ၂၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူများစွာလည်း အသက်ဆုံးရှုံးခဲ့ရသည်။ စစ်ကြီးပြီးသောအခါ တိုင်းပြည်၏ စီးပွားရေး များစွာ ယိုယွင်းနေခဲ့ပြီး လက်နက်များလည်း ပေါများစွာ ရှိနေခဲ့ခြင်းကြောင့် ပြည်တွင်းစစ်များဆီသို့ ဦးတည်သွားခဲ့လေသည်။ 

ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည် အကြောင်း ဆွေးနွေးကြရာတွင် တရုတ်တို့ ပါဝင်ခဲ့ခြင်းကို မေ့လျော့နေတတ်ကြသည်။ ၁၉၄၂ ခုနှစ် ဧပြီလက ဗြိတိသျှတပ်တို့ ဆုတ်ခွာသွားစဉ်တွင် ဂျပန်တပ်များ ဝင်ရောက်လာခြင်းကို တားဆီးရန် ဗိုလ်ချုပ်ကြီး ချန်ကေရှိတ် (Chiang Kai-shek) ၏ အမိန့်အရ တရုတ်တပ်များ (အမှတ် ၅၊ ၆ နှင့် ၆၆ တပ်မတော်တို့ ပါဝင်သော "တရုတ် ကျူးကျော်တပ်ပေါင်းစု (မြန်မာပြည်)") သည် မြန်မာပြည်တွင်းသို့ ဝင်ရောက်လာခဲ့သည်။ နောင်သုံးနှစ်မျှ ကြာမှသာ မဟာမိတ်တပ်များက လားရှိုးမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

Life မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဤဓါတ်ပုံတွင် ၁၉၄၅ ခုနှစ် ဧပြီလက ရန်ကုန်မြို့၏ အခြေအနေကို တွေ့မြင်နိုင်သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်