အမေ့ခံအတိတ်
အမေ့ခံအတိတ်

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅)

Historic Photos

Historic Events

၁၉၄၃ ခုနှစ် ဒေါက်တာဘမော် ဂျပန်သို့ ရောက်ရှိစဉ်

ဂျပန်နိုင်ငံဝန်ကြီးချုပ် တိုဂျိုအပါအဝင် အခြားသူများနှင့် ဆွေးနွေးမှုများပြုလုပ်ရန် (သခင်မေ၊ ဦးသိန်းမောင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ) ဒေါက်တာဘမော် ၁၉၄၃ ခုနှစ် မတ်လ၌ ဂျပန်နိုင်ငံသို့ ဆိုက်ရောက်စဉ်။ နောက်မကြာမီတွင် ဒေါက်တာဘမော်သည် ဝင်ရိုးတန်းနိုင်ငံ အင်အားစု၏ မဟာမိတ်ဖြစ်လာသော မြန်မာနိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ သို့မဟုတ် အဓိပတိ ဖြစ်လာလေသည်။

အပြည့်အစုံ ဖတ်ရန်

“ဂျပန်တွေကို ဝေးဝေးရှောင်”

၁၉၄၃ ခုနှစ်၀န်းကျင်က မြန်မာနိုင်ငံကို ဗုန်းကြဲရခြင်းမှာ မြန်မာတို့ကို မဟုတ်ဘဲ ဂျပန်များအတွက်သာ ရည်ရွယ်ကြောင်းကို မြန်မာရွာသားများအား ရှင်းပြထားသည့် အမေရိကန်လေတပ်မှ ဖြန့်ဝေသော လက်ကမ်းစာစောင်။

အပြည့်အစုံ ဖတ်ရန်

သမိုင်းဝင် မြစ်ကြီးနားတိုက်ပွဲ

၁၉၄၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကချင်နှင့် မဟာမိတ်တပ်ဖွဲ့များ အားဖြည့်မှုဖြင့် တရုတ်၊ (မယ်ရစ်လ်၏ ဖောက်ထွင်းသူများ (Merill’s Marauders) တပ်ဖွဲ့ အပါအဝင်) အမေရိကန်တပ်များသည် မြစ်ကြီးနားမြို့ကို ဂျပန်တို့လက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အရေးကြီးလှသော တိုက်ပွဲတစ်ခု ဖြစ်ပေသည်။  မြစ်ကြီးနားမြို့ရှိ အရေးကြီးသော လေယာဉ်ဆင်းကွင်းများကို ပြန်လည် ချုပ်ကိုင်လာနိုင်ခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်

ဂျပန်တို့ လက်နက်ချခြင်း

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က အမေရိကန် ရေတပ်သင်္ဘော USS Missouri ပေါ်တွင် ဂျပန်အင်ပါယာသည် မဟာမိတ်တပ်များထံ တရားဝင် လက်နက်ချသည်။ ထိုနေ့က မဟာမိတ်တပ်၏ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောအစီး ၁၀၀ ကျော်ခန့် တိုကျိုပင်လယ်အော်၌ ရှိနေခဲ့သည်။ မဟာမိတ်အင်အားစု၏ ကိုယ်စားလှယ်အဖြစ် မဟာမိတ်တပ်များ၏ စစ်သေနာပတိ အမေရိကန် တပ်မတော် ဗိုလ်ချုပ်မှူးကြီး ဒေါက်ဂလပ်စ်မက်အာသာ...

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်မြို့ အစိုးရအိမ်တော်၌ ဂျပန်ဗိုလ်ချုပ်ကြီး တရားဝင် လက်နက်ချစဉ်

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရအိမ်တော်၌ ဂျပန်ဗိုလ်ချုပ်ကြီး အီချိဒါဂျီရို (မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော် ခေတ္တ ကာကွယ်ရေး ဦးစီးချုပ်) သည် ဗြိတိသျှ ဗိုလ်မှူးချုပ် အီးပီအီးအမ်းစထရောင်း (E.P.E Armstrong) ရှေ့မှောက်တွင် တရားဝင် လက်နက်ချသည်။ (ဗိုလ်မှူးချုပ် အမ်းစထရောင်းသည် အမှတ် ၁၂ ဗြိတိသျှ တပ်မတော် တပ်မှူး...

အပြည့်အစုံ ဖတ်ရန်

၁၉၄၅ ခုနစ်က မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း

ထိုစဉ်က မဟာမိတ်တပ်တို့သည် အရပ်ရပ်တွင် အရေးနိမ့်နေချိန် ဖြစ်သည်။ ဗြိတိသျှနှင့် အမေရိကန်တပ်များသည် ရိုင်းမြစ်ကို ကျော်ဖြတ်ချီတက်လာခဲ့ပြီး အင်အား ၂ သန်းကျော် ရှိသော ဆိုဗီယက်တပ်များက ပိုလန်နိုင်ငံကို သိမ်းပိုက်ကာ ဘာလင်မြို့သို့ အရှေ့အရပ်မှ ချီတက်ခဲ့ကြသည်။ ပစိဖိတ်ဒေသတွင် အမေရိကန်ရေတပ်များသည် ဂျပန်တပ်များကို အိုင်အိုဂျီမာမြို့တွင် နှိမ်နင်းနိုင်ခဲ့ပြီး တိုကျိုမြို့ကို စတင်ဗုံးကျဲနေချိန် ဖြစ်သည်။ ထိုဖြစ်ရပ်များ မတိုင်မီ ၁၅...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်တွင် ဒုတိယကမ္ဘာစစ် စတင်သော ကာလ

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်ဂျပန်တို့က တနင်္သာရီတိုင်းကို စ၍ ကျူးကျော်ခဲ့ကြသည်။ ပုံမှာ ဆူးလေဘုရားလမ်းပေါ်တွင် ကင်းလှည့်နေသော ဗြိတိသျှ တပ်စုတစ်စု ဖြစ်သည်။  အားလုံး စစ်ဘေးရှောင်သွားသည့် နောက်ဆုံးအချိန် ၁၉၄၂ ခုနှစ် မတ်လ ၇ ရက်နေ့ထိ မြို့ထဲတွင် တပ်စွဲထားသော အမှတ် ၁ ဂလောက်ချက်စ်တာရှိုင်းယားတပ်မှ ဖြစ်ဟန် ရှိသည်။

အပြည့်အစုံ ဖတ်ရန်

ဂျပန်တို့ ကျရှုံးခြင်း

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ၁၉၄၅ ခုနှစ် သြဂုတ်လတွင် ဂျပန်တပ်တို့ လက်နက်ချခြင်းအခမ်းအနား ကျင်းပခဲ့သည်။ ဒုတိယကမ္ဘာစစ် ကာလတစ်လျှောက် အကြီးမားဆုံး စစ်တပ်ဖြစ်သည့် လက်နက်ကိုင် စစ်သည်တစ်သန်း ပါဝင်သော အမှတ် ၁၄ ဗြိတိသျှတပ်သည် ဗမာပြည် နယ်နိမိတ်အတွင်းရှိ ဂျပန်တပ်မတော်ကို အောင်နိုင်ပြီးနောက် စစ်ပွဲအပြီးတွင် မာလာယုကျွန်းကို ဝင်ရောက်ရန် ပြင်ဆင်နေခဲ့ကြသည်။ ဓာတ်ပုံထဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို နောက်ခံအဖြစ် တွေ့မြင်နိုင်ပါသည်။

အပြည့်အစုံ ဖတ်ရန်

၁၉၄၃ ခုနှစ် မတ်လက 'ရှာရှင်ရှူဟို' မဂ္ဂဇင်း မျက်နှာဖုံး

ဖော်ပြပါပုံမှာ ရှာရှင်ရှုဟို အမည်ရှိ ဂျပန်မဂ္ဂဇင်းတစ်ခု၏ မျက်နှာဖုံးဖြစ်ကာ ဒေါက်တာဘမော်နှင့် လုပ်ဖော်ကိုင်ဖက်များ တိုကျိုမြို့ ဟာနဲဒါလေဆိပသို့ ဆိုက်ရောက်လာသည့်ပုံကို ဖော်ပြထားသည်။ နောက်ငါးလအကြာတွင် ဒေါက်တာဘမော်သည် မြန်မာပြည်၏ အဓိပတိ ဖြစ်လာခဲ့သည်။ ပုံ၏နောက်တွင် ဒိုင်နိပွန်ကိုကု (Dai Nippon Koku) ခေါ် ဂျပန်တော်ဝင်လေကြောင်းလိုင်းပိုင် ဟုယူဆရသော စစ်တပ်သုံး မီဆူဘီရှိ ကေအိုင်-၅၇ (Mitsubishi KI-57) သယ်ယူပို့ဆောင်ရေး...

အပြည့်အစုံ ဖတ်ရန်

လီဒိုလမ်းမကြီး (သို့) စတီးဝဲလ်လမ်းမကြီး

၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် လီဒိုလမ်းမကြီး (ခေါ်) စတီးဝဲလ်လမ်းမကြီး (Ledo or Stillwell Road) ကို အပြီးသတ်နိုင်ခဲ့သည်။ ထိုလမ်းမကြီးသည် ကချင်တောင်တန်းဒေသကို ဖြတ်သန်းကာ အာသံပြည်နှင့် ယူနန်ပြည်၊ ကူမင်းမြို့တို့ကို ဆက်သွယ်ထားသည်။ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကို မြန်မာနိုင်ငံမှ တစ်ဆင့် ဆက်သွယ်ထားသည့် တစ်ခုတည်းသော ခေတ်သစ်လမ်းမကြီးလည်း ဖြစ်သည်။ ဤလမ်းမကြီးကို...

အပြည့်အစုံ ဖတ်ရန်