အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၄ ခုနှစ်က ကချင်ပြည်နယ်တွင် တွေ့ရသော အမေရိကန်စစ်သားတစ်ဦး
event_note ခေတ်ကာလများပြပုံ

၁၉၄၄

၁၉၄၄ ခုနှစ်က ကချင်ပြည်နယ်တွင် တွေ့ရသော အမေရိကန်စစ်သားတစ်ဦး

people Wayne Martin

Read in English

၁၉၄၄ ခုနှစ် မတ်လက ရိုက်ကူးခဲ့သည့် ဤဓါတ်ပုံတွင် အမေရိကန်စစ်သား ဝိန်းမာတင် (Wayne Martin) က ကလေးငယ်တစ်ဦးအား ပီကေ ပေးနေသည်ကို တွေ့ရသည်။ တပ်သားမာတင်သည် ဂျပန်တို့ကို ခုခံသည့် အမေရိကန် အထူးတပ်ဖွဲ့ ဖြစ်သော "မယ်ရစ်လ်၏ ဖောက်ထွင်းသူများ (Merrill’s Marauders)" တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ဟူးကောင်းတောင်ကြားဒေသရှိ ဝလောဘန်စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ပြီးနောက် ရိုက်ကူးထားသော ဓါတ်ပုံ ဖြစ်သည်။ စစ်ဆင်ရေးတွင် တပ်သား ၂,၇၅၀ ခန့် ပါဝင်ခဲ့ပြီး တရုတ် သံချပ်ကာတပ်နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲသည် ၅ ရက် ကြာမြင့်ခဲ့ပြီး ရန်သူ ၈၀၀ ခန့် ကျဆုံးက ဖောက်ထွင်းသူများ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး၍ ၃၇ ဦး ဒဏ်ရာရခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်