အမေ့ခံအတိတ်
အမေ့ခံအတိတ်
တစ်ချိန်က နိုင်ငံတော်အလံ
event_note ခေတ်ကာလများပြပုံ

1930s

တစ်ချိန်က နိုင်ငံတော်အလံ

room Myanmar

Read in English

လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် သုံးရောင်ခြယ် အလံကို ၁၉၃၀ ပြည့်နှစ်များက ဒို့ဗမာအစည်းအရုံး (အမျိုးသားရေး အဖွဲ့အစည်း) မှ စတင်အသုံးပြုခဲ့သည်။ မူလက ၁၉၁၉ ခုနှစ် အိုင်ယာလန်သမ္မတနိုင်ငံ (Irish Republic) ၏ အလံကို နမူနာယူထားခြင်း ဖြစ်သည်။ ဒို့ဗမာ အစည်းအရုံးက အလံ၏ ဗဟိုချက်တွင် ဒေါင်းရုပ်ကို ထည့်ခဲ့သော်လည်း နောင်တွင် လက်ဝဲဝါဒီများက တူနှင့် တံစဥ်း ထည့်သွင်းခဲ့သည်။ ဗြိတိသျှ မြန်မာပြည်၏ အလံတွင်လည်း ဒေါင်းရုပ် ပါရှိသော်လည်း လက်ဝဲထိပ်ထောင့်ရှိ ယူနီယံဂျက် အလံ (Union Jack) ကသာ လွှမ်းမိုးခဲ့သည်။

ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်စစ်အစိုးရသည် မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံသည် ဗြိတိန်နိုင်ငံမှ လွတ်လပ်လေပြီဟု ဆိုကာ "ဗမာနိုင်ငံတော်" (၁၉၄၃-၅၄) အဖြစ် တည်ထောင်ရာ အမျိုးသားရေး လှုပ်ရှားသူများ ဖြစ်သည့် ဒို့ဗမာ အစည်းအရုံး၏ အလံကို ဗဟိုချက်တွင် ရိုးရာသင်္ကေတ ဖြစ်သည့် ဒေါင်းရုပ် ထည့်သွင်း၍ နိုင်ငံတော် အလံ အဖြစ် အသုံး ပြုခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် သုံးရောင်ခြယ် အလံကို ဗဟိုချက်တွင် ကြယ် ထည့်သွင်းကာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အလံ တဖန် ဖြစ်လာခဲ့သည်။

ပန်းချီကားမှာ ၁၉၄၃ ခုနှစ် သြဂုတ်လက မြန်မာပြည်ကို ဂျပန်တို့ သိမ်းပိုက်ပြီးနောက် ရန်ကုန်မြို့ အစိုးရအိမ်တော်တွင် ကျင်းပခဲ့သော "ဗမာနိုင်ငံတော်" (၁၉၄၃-၅၄) သစ် ဖြစ်တည်လာသည့် "လွတ်လပ်ရေး" အခမ်းအနား မြင်ကွင်း ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်