အမေ့ခံအတိတ်
အမေ့ခံအတိတ်
သီပေါမင်း၏ ဝန်ကြီးတစ်ပါး (အမည်မသိ)
event_note ခေတ်ကာလများပြပုံ

1880s

သီပေါမင်း၏ ဝန်ကြီးတစ်ပါး (အမည်မသိ)

Read in English

၁၈၇၀ ခုနှစ် နှောင်းပိုင်းနှင့် ၁၈၈၀ခုနှစ် အစောပိုင်း မင်းပြောင်းမင်းလွှဲ ကာလတွင် မည်သူက ပြုပြင်ပြောင်းလဲရေးသမား စစ်စစ်၊ မည်သူက ပြုပြင်ပြောင်းလဲရေး ကိုဆန့်ကျင်သူဟူ၍ ငြင်းခုံမှုများ ဖြစ်ခဲ့ဖူးပါသည်။ ရှေးရိုးစွဲဝါဒီများ ဖြစ်သော တိုင်တားမင်းကြီးနှင့် အပေါင်းပါတို့ကို ထိပ်တိုက်ရင်ဆိုင်ကာ ယောမင်းကြီးဦးဖိုးလှိုင်နှင့် ဝက်မစွပ်ဝန်ထောက်တို့က တိုင်းပြည်ကို ခေတ်မီတိုးတက်အောင် ပြုပြင်မည်ဟု တွန်းအားပေးခဲ့ကြသည်။ ပုံတွင် မန္တလေးကျဆုံးပြီးနောက် သီပေါမင်း၏ ဝန်ကြီးတစ်ပါး (အမည်မသိ) ကို တွေ့မြင်နိုင်ပါသည်။ ဝန်ကြီး ဝတ်ဆင်ထားသော အင်္ကျ ီမှာ ယနေ့ခေတ် မြန်မာအမျိုးသားများ ဝတ်သည့် တိုက်ပုံ၏ ရှေ့ပြေးဖြစ်သည်။ ရှင်မင်းဆက် (Qing dynasty) မန်ချူးမြင်းစီးသမားများ၏ အပေါ်ဝတ်အင်္ကျီမှ ဆင်းသက်လာသော အင်္ကျ ီ ဖြစ်ပါသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်