အမေ့ခံအတိတ်
အမေ့ခံအတိတ်

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ)


၁၈၈၁ ခုနှစ်က ပဲခူးမြို့ရှိ ရွှေသာလျောင်းဘုရား 


ရွှေသာလျောင်း လျောင်းတော်မူဘုရား ဆင်းတုတော်၏ သက်တမ်းမှာ ရာစုနှစ် အတော်ကြာမြင့်နေပြီဟု ယုံကြည်ရပါသည်။ မွန်တို့၏ မြို့တော် ပဲခူးမြို့ကို အလောင်းဘုရား သိမ်းယူဖျက်ဆီးပစ်ပြီး နောက်ပိုင်း ၁၇၅၇ ခုနှစ်တွင် ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော် ပျောက်ဆုံးသွားခဲ့သည်။ ၁၈၈၀ ပြည့်နှစ်တွင် တောကြီးမျက်မည်းတစ်နေရာ၌ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ရာ ၁၈၈၁ ခုနှစ်တွင် ပြင်ဆင်မွမ်းမံခဲ့သည်။

1870s
အမေရိကန်ပြည်ထောင်စုသို့ အစောဆုံး ပညာတော်သင်သွားရသော မြန်မာကျောင်းသားများထဲမှ တစ်ဦး

ဤသည်မှာ အမေရိကန်ပြည်ထောင်စုသို့ အစောဆုံး ပညာတော်သင်သွားရသော မြန်မာကျောင်းသားများထဲမှ တစ်ဦးဖြစ်သည့် ကိုလိုင်ရာ (Kolia San Thabue)၏ ဓာတ်ပုံဖြစ်သည်။ သူသည် ပုသိမ်မှ ပိုးကရင်လူမျိုးဖြစ်ပြီး ၁၈၇၀ ပြည့်နှစ် နှောင်းပိုင်းအချိန်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့သည်။ သူ့အကြောင်းအပြည့်အစုံကို သေချာမသိသော်လည်း မစ်ရှီဂန်ပြည်နယ်ကောလိပ် (Michigan College - ယခုတက္ကသိုလ် )သို့ မတက်ရောက်မီ ချီကာဂိုတက္ကသိုလ် (Chicago University) နှင့် ကာလမက်ဇူးကောလိပ် (Kalamazoo College) ၌ ပညာသင်ယူခဲ့သည်။ 

သိရှိရသလောက်မှာ သူသည် ချီကာဂို၌...

1880s
မင်းတုန်းမင်းကြီး၏ အသည်းကျော်သမီးတော်တစ်ဦးဖြစ်သည့် နောင်မွန်မင်းသမီး။

နတ်မောက် နောင်မွန်မင်းသမီးသည် မင်းတုန်းမင်းနှင့် သရစိမ်းမိဖုရားတို့၏ သမီးတော်ဖြစ်သည်။ သီရိသုမလ္လာဒေဝီဘွဲ့ အပ်နှင်းခံရကာ နောင်တွင် သီရိပဒုမ္မာဒေဝီဘွဲ့ ချီးမြှောက်ခံရသည်။။ ၁၈၅၉ ခုနှစ် မန္တလေးနန်းတော်တွင် မွေးဖွားခဲ့ပြီး ကိုလိုနီခေတ်အတွင်း ကံကုန်ခဲ့သည်။

ဤသည်မှာ မင်းသမီး အသက် ၂၀ ကျော်အရွယ် ၁၈၈၀ ပြည့်နှစ် အစောပိုင်းကာလတွင် မန္တလေးနန်းတော်၌ ရိုက်ကူးထားသောပုံဖြစ်သည်။


late 19th Cen.
၁၉ ရာစုနှောင်းပိုင်းက မြန်မာအမျိုးသားများ၏ ဝတ်စုံ

ယခုဓာတ်ပုံတွင် ၁၉ ရာစု နှောင်းပိုင်းက (လုံချည်၊တိုက်ပုံနှင့် အင်္ဂလိပ်စတိုင် အင်္ကျ ီကို တွဲ ဝတ်သည့်အလေ့ ခေတ်မစားခင်) မြန်မာအမျိုးသားများဝတ်သည့် ဝတ်စုံကိုတွေ့မြင်နိုင်သည်။ လန်ဒန်ရှိ ဗစ်တိုးရီးယားနှင့်အဲလ်ဘတ်ပြတိုက်တွင် ပြသထားခြင်းဖြစ်သည်။

1880s
တစ်ချိန်တစ်ခါ ကမ္ဘာကျော်ခဲ့သော မန္တလေးမြို့မှ ထူးထူးဆန်းဆန်း အမွှေးအမျှင်များ ရှည်လျားနေသော မိသားစု

မြန်မာပြည်အတွင်း (သို့မဟုတ် ပြည်ပ)ရှိ လူအတော်များများ မန္တလေးမြို့မှ ထူးထူးဆန်းဆန်း အမွှေးအမျှင်များ ရှည်လျားနေသော မိသားစုအကြောင်း သိရှိကြလိမ့်မည်ဟု မထင်မိပါ။ တစ်ချိန်တစ်ခါက ထိုမိသားစုသည် ကမ္ဘာကျော်ခဲ့လေသည်။ ဘကြီးတော်မင်း လာအိုတောင်တန်းဒေသများမှ ရွှေမောင်ဟု အမည်ရှိသော ကောင်လေးတစ်ဦးကို အင်းဝနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ခြင်းမှ အစပြုခဲ့သည်။ ရွှေမောင်နှင့် သူ၏အဆွေအမျိုးများသည် ဘုရင့်နန်းတာ်တွင် နေထိုင်ပြီး ပညာသင်ကြားတတ်မြောက်ခဲ့သည်။ အလည်အပတ် ရောက်ရှိလာသော ဥရောပတိုက်သားများရှေ့တွင် မိမိကိုယ်ကိုယ် ပွဲထုတ် အကြည့်ရှုခံခြင်းဖြင့် ဝင်ငွေရှာခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် မန္တလေး အသိမ်းခံရသောအခါ အသက်ဘေးလွတ်ရာ တောထဲသို့...

၁၃ မေ ၁၇၈၃
အမရပူရနေပြည်တော်

အမရပူရနေပြည်တော်ကို ၁၇၈၃ ခုနစ် မေလ ၁၃ ရက်နေ့တွင် ဘိုးတော်ဘုရားမင်းကြီး တည်ထောင်ခဲ့သည်။ ထိုစဉ်က ကုန်းဘောင်မင်းဆက်၏ သက်တမ်းမှာ ၂၅ နှစ်မျှသာ ရှိသေးပြီး တန်ခိုးအာဏာ အထွတ်အထိတ် ရောက်နေချိန် ဖြစ်သည်။ ကုန်းဘောင်မင်းတို့သည် ယိုးဒယားပြည် (Siam) ကို အခါခါ ကျူးကျော်ဖျက်ဆီးသကဲ့သို့ တရုတ်ချင်မင်းဆက်၏ တပ်များကိုလည်း နှိမ်နှင်းနိုင်ခဲ့သည်။ ရခိုင် (Arakan)၊ မဏိပူရ (Manipur)၊ အာသံ (Assam)၊ ဂျိန်းရှ (Jaintia)၊ ကချာ (Cacher) တို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ မဏိပူရ၊...

ဇူလိုင် ၁၈၁၃ - ၁၈၅၀
ဂျပ်ဆင်၏ ဘဝကြောင်း

၁၈၁၃ ခုနှစ် ဇူလိုင်လတွင် မန်ဆာချူးဆက်ပြည်နယ်မှ သာသနာပြု ဇနီးမောင်နှံဖြစ်သူ အဒိုနီရမ် နှင့် အန်းန် ဟက်ဆဲလ်တိုင်း ဂျပ်ဆင် (Adoniram and Ann Hesseltine Judson) တို့သည် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ကြသည်။ (ပုံပါ အမျိုးသမီး) အန်းန်သည် ၁၈၂၅ ခုနစ်တွင် အမ်ဟာ့စ်မြို့ (ယနေ့ခေတ်အခေါ် ကျိုက္ခမီမြို့) ၌ ဝက်သက်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ အဒိုနီရမ် ဂျပ်ဆင်မှာမူ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ကာလအတွင်း အကျဉ်းကျနေခဲ့ပြီး ၁၈၅၀ ခုနှစ် သူသေဆုံးသည့်အချိန်ထိ မြန်မာပြည်တွင်...

၃ ဖေဖော်ဝါရီ ၁၈၂၂ - ၃၀ ဇွန် ၁၉၀၈
ကင်းဝန်မင်းကြီး၏ မွေးနေ့

ယနေ့သည် ကင်းဝန်မင်းကြီး (၁၈၂၂ ဖေဖော်ဝါရီလ ၃ - ၁၉၀၈ ဇွန်လ ၃၀) ၏ မွေးနေ့ဖြစ်၏။ ကင်းဝန်မင်းကြီး(ဦးကောင်း)သည် ၁၈၇၀ ပြည့်နှစ်လွန်နှင့် ၁၈၈၀ အစောပိုင်းကာလ၌ ဗမာပြည် (မြန်မာပြည်)၏ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ပညာရှိသုခမိန်တစ်ဦးသာမက သံတမန်တစ်ဦးဖြစ်သည့် ကင်းဝန်မင်းကြီးသည် သမိုင်း၊ ဥပဒေသိပ္ပံနှင့် စာပေကျမ်းဂန်များစွာကို ပြုစုရေးသားခဲ့သည်။ ထိုခေတ်ကာလ ရွယ်တူမျိုးဆက်များကဲ့သို့ပင် ကင်းဝန်မင်းကြီး၏မျှော်မှန်းချက်မှာ စနစ်ဟောင်းနှင့်စနစ်သစ်တို့ထံမှ အကောင်းဆုံးများကို ယူကာ ရောနှောပေါင်းစပ်ထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်သောမြန်မာနိုင်ငံ ဖြစ်ပေသည်။ နောက်ဆုံးပေါ် နည်းပညာနှင့် အတွေးအခေါ်များကို...

၅ မတ် ၁၈၂၄ - နိုဝင်ဘာ ၁၈၂၄
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (အပိုင်း ၁)

ဘိုးတော်ဘုရား၏မြေး ဘကြီးတော် နန်းတက်ချိန်ဖြစ်သည်။ ကုန်းဘောင်မင်းဆက် တည်ထောင်သူ အလောင်းဘုရား၏ မြစ်လည်း ဖြစ်ပါသည်။ သူ အမွေဆက်ခံချိန်တွင် အင်ပါယာမှာ အင်အား အထွဋ်အထိပ် ရောက်နေချိန်ဖြစ်သည်။ ဘကြီးတော်ဘုရားကို ဗြိတိသျှတို့က “သိမ်မွေ့ ဖော်ရွေပြီး စိတ်ရင်းကောင်းကာ လိုက်လျော ညီထွေစွာ နေထိုင်တတ်သူ” ဟု ဖော်ပြခဲ့ဖူး၏။ “ဇာတ်သဘင် ကပြဖျော်ဖြေပွဲများ၊ အခင်းအကျင်းများနှင့် ဆင်ကျော့ခြင်း၊ လှေ ပြိုင်ပွဲတို့ကို ခုံမင်သူ” ဖြစ်သည်ဟုလည်း လူသိများသည်။ ၁၈၂၄ ခုနှစ်တွင် ဘကြီးတော်မှာ စစ်လိုလားသော အုပ်စု၏ သြဇာခံဖြစ်နေရကား ယင်းတို့က...

နိုဝင်ဘာ ၁၈၂၄ - ၂၄ ဖေဖော်ဝါရီ ၁၈၂၆
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (အပိုင်း ၂)

အပိုင်း ၁ ကို ဒီမှာဖတ်ပါ


ရခိုင်နှင့်အာသံမှ ဗန္ဓုလတပ်များ ရောက်ရှိလာခြင်းသည် ရန်ကုန်စစ်ရှေ့မျက်နှာမှ အားလျော့စိတ်ဓာတ်ကျနေသော မြန်မာစစ်သည်များအတွက် အားတက်စရာ ဖြစ်ပါသည်။ ဗန္ဓုလသည် ရောက်လျှင်ရောက်ချင်း ဗြိတိသျှတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်တော့သည်။ အရှေ့ဘက်ပုဇွန်တောင်တွင် မြို့လတ်မင်းကြီးနှင့် အင်အား သုံးထောင်၊ မြောက်ဘက်တွင် ညီတော်မင်းထင်မင်းခေါင်နှင့် အင်အားသုံးထောင်၊ အနောက်ဘက်တွင် နန်းစောင့်တပ်မှူးမင်းကြီး မဟာမင်းလှဇေယျသူနှင့် အင်အား လေးထောင်တို့ကို အသီးသီး နေရာချသည်။ ဆာအာချီဘော့ဒ် ကမ်ဘဲလ် တပ်စွဲနေသည့် သိင်္ဂုတ္တရကုန်းတော်၏...

၂၄ ဖေဖော်ဝါရီ ၁၈၂၆
ရန္တပိုစာချုပ်

ဖေဖော်ဝါရီလ ၂၄ ရက်နေ့သည် မြန်မာ့သမိုင်းတွင် အမည်းစက် ထင်ကျန်စေခဲ့သော နေ့ရက် တစ်ရက် ဖြစ်သည်။ ၁၈၂၆ ခုနစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အရှေ့အိန္ဒိယကုမ္ဗဏီ ကိုယ်စားလှယ် အနေဖြင့် ဆာအာချီဘောကမ့်ဘဲ (Sir Archibald Campbell) သည် လယ်ကိုင်းမြို့စား မဟာမင်းလှကျော်ထင်နှင့်အတူ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကို အဆုံးသတ်စေသော ရန္တပိုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ဖက်စလုံး၏ တင်းမာမှုများကြောင့် ယင်းစစ်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် ၁၈၂၆ ခုနှစ် ရောက်သောအခါ ဘုရင့်တပ်များ အလွန်အထိနာနေပြီ ဖြစ်သည်။...

၁၈၃၀ - ၁၈၈၃
တွေ့ရှိထားသည့် ယောအတွင်းဝန် ဦးဘိုးလှိုင်၏ တစ်ခုတည်းသော ဓာတ်ပုံ

အဆိုပါပုံကို ဗြိတိသျှကိုယ်စားလှယ်တစ်ဦးဖြစ်သော ဒေါက်တာ ကလီမန့်ဝီလီယျံစ် (Dr. Clement Williams)က မန္တလေးတွင် ရိုက်ကူးခဲ့သည်။ ဒေါက်တာဝီလီယျံစ်သည် မင်းတုန်းမင်းနှင့် မှုးကြီးမတ်ရာများ၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ခဲ့၏။ မကြာသေးမီကမှ ဒေါက်တာ၏ အမွေစားအမွေခံများက ဖော်ပြပါဓာတ်ပုံကို အများပြည်သူအကြား ထုတ်ပြလိုက်သည်။

ဦးဘိုးလှိုင် (၁၈၃၀ - ၁၈၈၃)သည် မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သက္ကတဘာသာ၊ ပါဠိဘာသာ၊ မြန်မာဘာသာတို့ကို ကျွမ်းကျင်ကာ ဗုဒ္ဓဘာသာ၊ တိုင်းပြည်အုပ်ချုပ်ခြင်း၊ သင်္ချာဘာသာ စသည့် ပညာရပ်ဆိုင်ရာ တန်ဖိုးရှိလှသော စာပေကျမ်းဂန်များစွာကို...

၁၈၃၆ - ၁၈၄၉
သာယာဝတီမင်းလက်ထက် ရန်ကုန်မြို့

၁၈၃၆ ခုနှစ်မှ ၁၈၄၉ ခုနှစ်များထိ စိုးစံခဲ့သော သာယာဝတီမင်းလက်ထက် ရန်ကုန်မြို့ပုံ။ ဆူးလေဘုရားကို ပုံ၏ယာဘက် အောက်ထောင့်တွင် မြင်နိုင်ပါသည်။ ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ ယနေ့တွင် (ဘားလမ်းနှင့် ကုန်သည်လမ်းထောင့်) HSBC အဆောက်အဦနေရာတွင် တည်ရှိခဲ့သည်။ အခွန်ရုံးနှင့် အာမေနီးယန်း ဘုရားကျောင်းမှာ ယနေ့ ကမ်းနားလမ်းရှိ အကောက်ခွန်ရုံး တည်ရှိရာတွင် ဖြစ်သည်။ မြို့သစ်ဆိုသည်မှာ ကန်တိုမင် ဧရိယာ (ယခု အလုံမြို့နယ်) ဖြစ်သည်။

၁၈၅၂ - ၂၀ ဒီဇင်ဘာ ၁၈၅၂
ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ

၁၈၅၂ ခုနစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ် ဖြစ်သည်။ ပထမစစ်ပွဲထက် စစ်တိုက်ချိန် တိုတောင်းသည်။ ဗြိတိသျှတို့ တစ်ဖက်သတ် နိုင်ရသည်။ မြန်မာ့ပိုင်နက်နယ်မြေများ ထပ်မံဆုံးရှုံးရသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်မှာ မြန်မာတို့၏ ရန်လိုကျူးကျော်မှုနှင့် ဗြိတိသျှတို့၏ နယ်မြေချဲ့ထွင်မှုကြောင့် ဖြစ်ခဲ့ရသော်လည်း ယခုစစ်မှာ ကာလကတ္တားမှ ဗြိတိသျှအုပ်ချုပ်သူများ၏ အပြစ်သက်သက်သာ ဖြစ်သည်။ ရန်ကုန်မြို့ဝန်က အခွန်ရှောင်သည်ဟု သံသယရှိသည့် ဗြိတိသျှ သဘောၤကပ္ဗတိန် နှစ်ဦးကို ဒဏ်ငွေရိုက်ရာမှ စတင်ခဲ့သည်။ ထိုစဉ်က အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီ (Lord Dalhousie) က...

၁၈၅၄
၁၈၅၄ ခုနှစ် ကာလကတ္တားရောက် မကွေးမြို့စားနှင့် ဆာအာသာဖယ်ယာ

အစောပိုင်းကာလ သံခင်းတမန်ခင်း၏ နောက်ထပ်ပုံရိပ်တစ်ခု။ ၁၈၅၄ ခုနှစ် ကာလတ္တား၌ ဆာအာသာဖယ်ယာနှင့် မကွေးမြို့စားတို့၏ ရေဆေးပန်းချီပုံဖြစ်သည်။ နန်းတက်ခါစ အစောပိုင်းကာလများအတွင်း မင်းတုန်းမင်းကြီး (၁၈၅၂-၁၈၅၃) သည် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အတွင်း၌ သိမ်းပိုက်ခံခဲ့ရသော အောက်မြန်မာပြည်ကို ဗြိတိသျှတို့ ပြန်လည်လွှဲပြောင်းပေးလာအောင် နားချရန် အပြင်းအထန် ကြိုးစားခဲ့လေသည်။ ၁၈၅၄ ခုနှစ်တွင် မင်းတုန်းမင်းကြီးသည် သူ၏ သြဇာအာဏာကြီးသော ဝန်ကြီးများထဲမှ တစ်ဦးဖြစ်သည့် မကွေးမြို့စား (အလွန်သြဇာအာဏာသက်ရောက်သော မိဖုရားခေါင်ကြီး၏ ဝန်ကြီးတစ်ဦး)အား သံတမန်ကိုယ်စားလှယ်အဖြစ် ဒလဟိုစီ၏မှူးမတ်ထံသို့လည်းကောင်း၊ ယင်းနောက်တွင် အိန္ဒိယမြို့တော်ဝန်ထံသို့လည်းကောင်း စေလွှတ်ခဲ့သည်။ မကွေးမြို့စားနှင့်အတူ...

၁၈၅၅
အမိကလေး

၁၈၅၅ ခုနှစ်က ဗြိတိသျှလူမျိုး ကိုးလ်စ်ဝါ့သီဂရန့်၏ လက်ရာဖြစ်သော “အမိကလေး” ၏ ရေဆေးပန်းချီပုံတူ။ အမိကလေးသည် ပြည်မြို့ စစ်ကဲကြီး၏ အငယ်ဆုံးသမီးဖြစ်သည်။ ကိုးလ်စ်ဝါ့သီဂရန့်သည် ၁၈၅၅ခုနှစ်က အမရပူရနှင့် မင်းတုန်းမင်း၏ နန်းတော်သို့ ရောက်ရှိလာသော ဆာအာသာဖယ်ရာ ခေါင်းဆောင်သည့် သံအဖွဲ့နှင့်အတူ လိုက်ပါလာသော ပန်းချီဆရာဖြစ်သည်။ ရန်ကုန်မှ အမရပူရသို့ အသွားတွင် ပြည်မြို့ ၌ ခရီးတစ်ထောက်နားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၈၅၅
၁၈၅၅ ခုနှစ် အောက်တိုဘာလ ဦးပိန်တံတား မြင်ကွင်း

အမရပူရရှိ မင်းတုန်းမင်းနန်းတော်သို့ ဆာအာသာဖယ်ယားအဖွဲ့ သံခင်းတမန်ခင်း လာရောက်စဉ် လင်နေယက်စ်ထရိုက်ပ်(Linnaeus Tripe) ရိုက်ကူးခဲ့သော ဓာတ်ပုံ။

၁၈၅၅
၁၈၅၅ ခုနှစ် ပုဂံ

ဖော်ပြပါ ကန်တော့ပလ္လင်ဘုရား၏ ဓာတ်ပုံမှာ ပုဂံတွင် ပထမဆုံး ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်နိုင်သည်။ မင်းတုန်းမင်းထံ အခစားဝင်သော ဗြိတိသျှသံအဖွဲ့နှင့် အတူပါလာသည့် ဓာတ်ပုံဆရာ လင်းနရက်စ်ထရိုက်ပ် (Linnaeus Tripe)က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ကန်တော့ပလ္လင်ဘုရားကို ၁၃ ရာစု အစောပိုင်းတွင် နရပတိစည်သူမင်းနှင့် သူ၏ သားတော် ထီးလိုမင်းလိုမင်းတို့က တည်ထားကိုးကွယ်ခဲ့သည်။

၁၈၅၅
၁၈၅၅ ခုနှစ်က အာနန္ဒာ စေတီ

အင်းဝနန်းတော်သို့ လာရောက်သော ဗြိတိသျှသံအဖွဲ့နှင့် လိုက်ပါလာသော လင်းနီယပ်စ် ထရိုက်ပ် (Linnaeus Tripe) ရိုက်ကူးခဲ့သည့် အာနန္ဒာဘုရား၏ ပထမဦးဆုံးသော ဓာတ်ပုံဖြစ်သည်။

၁၈၅၆ - ၁၉၁၅
မြန်မာပြည်မှ အိုင်းရစ်လူမျိး ရဟန်း

မြန်မာနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံအကြား ဆက်ဆံရေးသည် သမိုင်းကြောင်း ရှည်ကြာကာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အိုင်းရစ်လူမျိုး (Irish) အမျိုးသား၊ အမျိုးသမီးများစွာတို့သည် မြန်မာအရေးကိစ္စများတွင် ပါဝင်ခဲ့ကြသည်။ အထူးခြားဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဦးဓမ္မလောက (အမည်ရင်း မသိရ) ဖြစ်သည်။ ယင်းကို ဒပ်ဘလင်မြို့ (Dublin) ရှိ ချို့တဲ့သော မိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး ၁၈၅၆ ခုနှစ်တွင် အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ အမေရိကားတလျှောက် ဖြတ်သန်းပေါက်ရောက်သည့် ပထမဦးဆုံးသော ရထားလမ်းများဖြင့် ခရီးနှင်လာရာ ဂျပန်သို့ မီးသင်္ဘောဖြင့် ရောက်ရှိခဲ့သည်။ ထ့ိုနောက် သီပေါမင်း ပါတော်မူခါနီး...