အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဘဏ်လမ်းပေါ်မှ ဘာလ်သဇာ အဆောက်အဦ
event_note ခေတ်ကာလများပြပုံ

၁၉၀၅

ဘဏ်လမ်းပေါ်မှ ဘာလ်သဇာ အဆောက်အဦ

Read in English

ရန်ကုန်မြို့ရှိ အလှဆုံး အဆောက်အဦများထဲမှ တစ်ခုမှာဘဏ်လမ်းပေါ်မှ ဘာလ်သာဇာ အဆောက်အဦဖြစ်သည်။ ထိုအဆောက်အဦကို ၁၉၀၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မြန်မာပြည်သို့ ၁၈၆၀ ပြည့်နှစ်များတွင် ပြောင်းရွှေ့လာသော အာမေးနီးယန်းများဖြစ်သည့် ဘာလ်သာဇာ မိသားစုမှ နှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့သည်။ (၁၆၀၀ ပြည့်နှစ်များမှစ၍  အာမေးနီးယန်းတို့သည် မြန်မာနိုင်ငံအတွက် အရေးပါသော လူမျိုးများ ဖြစ်ခဲ့သည်)။ ဆိုင်မွန် အစရှိသော ကုမ္ပဏီပေါင်းများစွာ၊ ဥပဒေရုံးများစသဖြင့် ထိုအဆောက်အဦတွင် ငှားရမ်းဖွင့်လှစ်ခဲ့ကြသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ယခုအခါ အဆောက်အဦသည် ပုံသဏ္ဌာန်အတော်ပင် ယိုယွင်းနေပြီ ဖြစ်သည်။ ဘဏ်လမ်းသည် အထူးသဖြင့် ကားမဝင်ရ လမ်းလျှောက်သူများအတွက် သီးသန့်ဟု သတ်မှတ်လိုက်လျှင် ရန်ကုန်မြို့ရှိ အသာယာဆုံးသော လမ်းများထဲ အပါအဝင် ဖြစ်လာနိုင်ပါသည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်