အမေ့ခံအတိတ်
အမေ့ခံအတိတ်

ကမ္ဘာ့ မြို့တော်အဖြစ် ရန်ကုန် (၁၈၅၃-၁၉ ၆၂)

late 19th Century
ရှေးခေတ်ကတည်းက မြန်မာနှင့်ဆက်စပ်မှုရှိခဲ့သော စကော့တလန်


၁၉  ရာစုနှစ် အနှောင်းပိုင်းနှင့် ၂၀ ရာစုနှစ် အစောပိုင်းကာလများအတွင်း ရန်ကုန်ရှိ ထိတ်ထိတ်ကြဲ ကုမ္ပဏီအများစုမှာ စကော့တလန်လူမျိုးအပိုင်များ ဖြစ်ခဲ့ကြပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဂေါက်သီးရိုက် အားကစားနှင့် ဝီစကီအရက်ရှိနေခြင်းတို့သည် စကော့တလန်နှင့် မြန်မာအကြား ဆက်ဆံရေး၏ အမွေအနှစ်များဟုပင် ဆိုရပေမည်။ မျိုးရိုးစဉ်ဆက် ရန်ကုန်မြို့တွင် နေထိုင်လုပ်ကိုင်စားသောက်ခဲ့သော စကော့လူမျိုး အရေအတွက် ထောင်ပေါင်းများစွာ ရှိခဲ့သည်။ ကိုလိုနီခေတ်က ရန်ကုန်မြို့ရှိခဲ့သော စုစုပေါင်း ဥရောပလူမျိုး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် စကော့လူမျိုးများ ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ် ပြုလုပ်ခဲ့သော အီဒင်ဘာ့ပွဲတော်၏...


မြန်မာပြည်၏ဂျူးလူမျိုးများ

မြန်မာနိုင်ငံရှိ လူသိအနည်းဆုံးသော လူနည်းစု အသိုင်းအဝိုင်းများအနက် တစ်စုမှာ မြန်မာဂျူးလူမျိုးများ ဖြစ်ကြသည်။ မြန်မာ(ဗမာ)နိုင်ငံတွင် ပထမဦးဆုံး မှတ်တမ်းတင်းခံရသည့် ဂျူးလူမျိုးမှာ ၁၇၆၀ ပြည့်နှစ်များက (အလောင်းဘုရားမင်းတရားကြီး လက်အောက်ရှိ) မြန်မာ့တပ်မတော်တွင် အရာရှိအဖြစ် အမှုထမ်းခဲ့သော ဆောလ်မွန်ဂက်ဘီရောလ် (Solmon Gabirol) ဆိုသူဖြစ်သည်။ ၁၉ ရာစုအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဂျူးလူမျိုးများမှာ ဘဂ္ဂဒက် (Baghdadi) ဂျူးများဖြစ်ကြသည်။ ၁၉ ၃၀ ပြည့်နှစ်လွန် အထွတ်အထိပ်ကာလတွင် (တစ်နိုင်ငံလုံး စုစုပေါင်း ဂျူးလူမျိုး ဦးရေ လေးသိန်းရှိသည့်အနက်မှ) အယောက်...


မြန်မာပြည်၏ ဂိုအာလူမျိုးများ

တစ်ချိန်တစ်ခါက ဂိုအာလူမျိုး (Goans) အသိုင်းအဝိုင်းကြီးတစ်စု ရန်ကုန်မြို့တွင် နေထိုင်ခဲ့ဖူးသည်။ (ယင်းတို့သည် ပေါ်တူဂီပိုင် ဂိုအာမြို့မှ လာကြသည်။) ပုံပါ အဆောက်အဦမှာ ရန်ကုန်ရှိ ဂိုအာလူမျိုးပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ကာ အမှတ် ၄၆၅ ဒလဟိုစီလမ်း (မဟာဗန္ဓုလလမ်း)၌ တည်ရှိခဲ့သော E.M de Souza အိမ်သုံးဆေးဝါးနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင် (ဆေးဆိုင်) ဖြစ်သည်။ ယနေ့တွင် ထိုနေရာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တည်ရှိသည်။ စိတ်မကောင်းစရာမှာ အဆောက်အဦ၏ ဆင်ဝင်ကြီး မရှိတော့ချေ။


မင်တိုမင်ရှင်ဟိုတယ်

တခေတ်တခါက ရန်ကုန်မြို့တွင် Strand Hotel နှင့်အဆင့်တူ အကောင်းဆုံးဟုသတ်မှတ်ခြင်းခံခဲ့ရပြီး ယနေ့ခေတ်တွင် ဖြိုလှဲခံရ၍ပျောက်ကွယ်သွားပြီဖြစ်သော မင်တိုမင်ရှင်ဟိုတယ်။ ဟယ်လ်ပင် လမ်းနှင့် လိဒ်စ်လမ်းထောင့် (ယခု ကလေးဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်) တွင် တည်ရှိခဲ့သည်။ အရှေ့အာရှဒေသတွင် ပြင်သစ်စားဖိုမှူးများကို ဂုဏ်ယူဖွယ်ပိုင်ဆိုင်ခန့်အပ်ထားသည်ဟု ကြေညာလေ့ရှိသည်။ (အမ်မ် လာ ကလာရီ)


၁၉၃၀ ပြည့်နှစ်ဝန်းကျင်က ရန်ကုန်စည်ပင်သာယာရေးဌာန၏ ငွေရပြေစာ တစ်စောင်

၁၉၃၀ ပြည့်နှစ်ဝန်းကျင်က အခွန်နှင့်ပတ်သက်သော စိတ်ဝင်စားဖွယ် သမိုင်း ပုံရိပ်တစ။ ရန်ကုန်စည်ပင်သာယာရေးဌာန၏ ငွေရပြေစာ တစ်စောင် ဖြစ်သည်။ စုစုပေါင်း ၁၀ ရူပီးနှင့် ၁၄ အန်နာ ကျသင့်ပြီး အထွေထွေ၊ သန့်ရှင်းရေး၊ရေ နှင့် မီး ခွန်များ အဖြစ် ခွဲခြားပေးဆောင်ထားသည်။ ပေးဆောင်သူမှာ အမှတ် ၁၂၂ အီဗန်ဆန်လမ်း (ယခု မရမ်းကုန်းလမ်း) ရှိ အိမ်ပိုင်ရှင်တစ်ဦးဖြစ်သည်။

1970
ရန်ကုန်မြို့ ၊စိန့်ဂျွန် ကောလိပ်။

ရန်ကုန်မြို့ ၊စိန့်ဂျွန် ကောလိပ်။ ၁၉၃၉-၁၉၄၀ ခုနှစ်ဒုတိယကမ္ဘာစစ် မဖြစ်ခင်လေးတွင် ရိုက်ခဲ့သောပုံဟုကျွန်တော်ယူဆသည်။ သို့သော်မှားနိုင်ပါသည်။စိန်ဂျွန်အပါအဝင် ဗမာပြည်ရှိများစွာသော အခြားကျောင်းများသည် ၁၉၇၀ ခုနှစ်များအထိ အာရှ၏ အကောင်းဆုံးကျောင်းများထဲတွင်အပါအဝင်ဖြစ်သည်။


ဖဲယားလမ်း (ပန်းဆိုးတန်း)နှင့် ကုန်သည်လမ်းထောင့်တွင် ရှိခဲ့ဖူးသော Whiteaway Laidlaw အမည်ရှိ ကုန်တိုက်။

ထိုအဆောက်အအုံကို ဖြိုဖျက်ပစ်လိုက်ကြပြီ ဖြစ်သည်။ ထိုနေရာတွင် အသစ်ဆောက်ထားသော အဆောက်အဦမှာ ကြည့်လို့မကောင်းလှချေ။

1940s - 1970s
တစ်ချိန်က နာမည်ကျော် ဘားလမ်းမှ စားသောက်ဆိုင် - Silver Grill

တစ်ချိန်က ရန်ကုန်မြို့တွင် အကျော်ကြားဆုံး ညပွဲလမ်းသဘင် သွားရာနေရာမှာ အမှတ် ၈၂ ဘားလမ်း (ယခု မဟာဗန္ဓုလ ပန်းခြံလမ်း)ရှိ Silver Grill ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီနှင့် ပြီးနောက်ပိုင်း နိုင်ငံခြားသားများနှင့် မြန်မာလူမျိုးများအကြား၊ စစ်ကြီးအတွင်းက ဂျပန်အရာရှိများအကြား ရေပန်းစားသော စားသောက်ဆိုင်ဖြစ်ခဲ့သည်။ ညစာစားပွဲဝတ်စုံဖြင့်သာ ဝင်ခွင့်ရှိပြီး ဂျက်ဇ်ဂီတ နားဆင်နိုင်သော နေရာတစ်ခုဖြစ်သည်။ မူလဆိုင်ပိုင်ရှင်မှာ အာမေးနီးယန်းလူမျိုး ပီတာ အာရာတွန်း (Peter Aratoon) ဖြစ်သည်။ နောင်တွင် ထိုနေရာကို နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်အဖြစ် အသုံးပြုခဲ့သည်။...

၁၇၆၀
၁၇၆၀ ခုနှစ်က ရန်ကုန်

မြေပုံထဲတွင် ဆူးလေဘုရားသည် မြောက်ဘက်သို့ချွန်ထွက်နေသော အငူစွန်းကလေး တစ်ခုကို ဖြတ်လျက် တည်ရှိနေပြီး မြို့မှာ ကျွန်းတကျွန်းနှင့် တူနေသည်ကိုတွေ့ရမည်။ မြို့ကို ၁၂ ပေမြင့်သော ကျွန်းလုံးစည်းရိုးဖြင့် ကာရံထားသည်။ စည်းရုံးဝင်ပေါက်များစွာရှိပြီး အုတ်လမ်း နှစ်လမ်း (ရွှေတိဂုံဘုရားလမ်းနှင့် ဝန်ကြီးလမ်း) တို့က ရွှေတိဂုံဘုရားရှိရာသို့ ဦးတည်သွားသည်။ (လမ်းခုလတ်တွင် တောနက်နက်နှင့် ကျားများရှိ၏) မြို့ဟောင်းတွင် (ပေါ်တူဂီ ) ရိုမန်ကက်သလစ် ဘုရားကျောင်းနှင့် အာမေးနီးယန်း ဘုရားကျောင်းများ ရှိသလို ဗလီ တစ်ခု၊ မြို့အုပ်အိမ်နှင့် တရားရုံး တစ်ခုလည်းရှိသည်။ အာမေးနီးယန်းသင်္ချိုင်းမှာ...

၁၈၂၄ - 1850s
၁၈၂၄ ခုနှစ်ဝန်းကျင်က ဆူးလေဘုရား

ဗြိတိသျှလက်ထက်မတိုင်မီ ဆူးလေဘုရားသည် ရေပတ်ပတ်လည် ဝိုင်းနေသော ကျွန်းငယ်တစ်ခုပေါ်တွင် ရှိနေခဲ့ပါသည်။ ဆူးလေဘုရားမှ ရန်ကုန်မြို့ဟောင်းသို့ သစ်သားတံတားတစ်ခုကို ဖြတ်ကာ ကူးလူးသွားခဲ့ရသည်။ ၁၈၂၀ ပြည့်နှစ်များကာလမှ မြို့ဟောင်းမှာ ယနေ့ဆူးလေဘုရားလမ်းမှ သိမ်ဖြူအထိ၊ အောက်ဘက် ကမ်းနားလမ်းအထိသာ ရှိခဲ့သည်။ မြို့တွင် မြို့ဝန်အိမ်တော်၊ အကောက်ခွန်ရုံး၊ ရိုမန်ကက်သလစ်နှင့် အာမေးနီးယန်း ဘုရားရှိခိုးကျောင်းများ၊ ဗလီအချို့၊ ဘုရင့်အမှုထမ်းများနှင့် ပြည်ပကုန်သည်များ၏ နေအိမ်များသာ ရှိခဲ့သည်။ ၁၈၅၀ ပြည့်နှစ်များ ရောက်သည့်အခါ ဗြိတိသျှမြို့တည်ဆောက်သူများက ဆူးလေဘုရားကို မြို့လယ်ခေါင်အဖြစ် ထားရှိရန် ဆုံးဖြတ်ခဲ့ကြပြီး ဘုရားအနီး ရေများကို...

၁၈၅၅
ကျားလမ်းကြား

ဂုံုးကျော်တံတား မဆောက်လုပ်မီက - ဦးဝိစာရလမ်းမှ မြောက်ဘက်သို့ သွားသော ဓမ္မစေတီလမ်း (ယခင်က ဘောင်ဒရီလမ်း) သည် ဗြိတိသျှခေတ်က ကျားလမ်းကြား ဟု အမည်တွင်ခဲ့သည်။ ထိုလမ်းသည် ရန်ကုန်မှ (ထိုစဉ်က သီးသန့်ရွာတစ်ရွာ ဖြစ်သည့်) ကြည့်မြင်တိုင်သို့ တိုက်ရိုက်ရောက်ရှိသည့်လမ်း ဖြစ်သည်။ ကျားလမ်းကြား၏ ပထမဆုံး ဓာတ်ပုံကို ၁၈၅၅ ခုနှစ်တွင် မင်းတုန်းမင်းထံ အခစားဝင်သော ဗြိတိသျှသံအဖွဲ့နှင့် ပါလာသည့် ဓာတ်ပုံဆရာ လင်နရက်စ်ထရိုက်ပ် (Linnaeus Tripe) က ရိုက်ကူးခဲ့သည်။ ၁၈၅၀ ပြည့်နှစ်များတွင် ကျားရိုင်းများ...

၁၈၅၅
ဖူးရခဲသည့် သပ္ပါယ်လှသော အလံပြဘုရား ၁၈၅၅ ခုနှစ် ပုံရိပ်

ယနေ့ စစ်ရုံးချုပ်ဟောင်းဝန်းအတွင်း၌ တည်ရှိသော ဖူးရခဲလှသည့် သပ္ပါယ်ဖွယ်ရာ အလံပြဘုရား။ ဤအစောပိုင်းကာလဓာတ်ပုံကို လင်နေယက်စ် ထရိုက်ပ် (Linnaeus Tripe)က ၁၈၅၅ ခုနှစ် နိုဝင်ဘာလတွင် ရိုက်ကူးထားခြင်းဖြစ်သည်။ ထိုစဉ်က ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော သင်္ဘောများအား အလံပြအချက်ပေးရာအဖြစ် ရှိနေခဲ့သည်။

၁၈၆၅
၁၈၆၅ ခုနှစ်ဝန်းကျင်က ဆူးလေဘုရား

၁၈၆၈
၁၈၆၈ ခုနှစ်ဝန်းကျင် ဒလဘက်မှ မြင်ရသည့် ရန်ကုန်မြို့ မြင်ကွင်း

၁၈၆၈ ခုနှစ်ဝန်းကျင် ဒလဘက်မှ မြင်ရသည့် ရန်ကုန်မြို့၏ မြင်ကွင်း၊ အမေရိကန်ဓာတ်ပုံဆရာ ဂျေဂျက်ဆန် (J. Jackson) ရိုက်ကူးသည်။

၁၈၇၀
၁၈၇၀ ပြည့်နှစ်ဝန်းကျင် ရန်ကုန်ရုံးခန်းတစ်ခုတွင် ဖြစ်သည်။

၁၈၇၅
၁၈၇၅ ခုနှစ်ဝန်းကျင်က ရန်ကုန်ကမ်းနား

၁၈၈၄ - ၁၉၃၅
၁၉၃၅ ခုနစ်ဝန်းကျင်က ရန်ကုန်ဓာတ်ရထား

ရန်ကုန်မြို့တွင် ပထမဆုံး ရေနွေးငွေ့သုံး ဓာတ်ရထားလိုင်းကို ၁၈၈၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ကမ်းနားလမ်းမှ ရွှေတိဂုံထိ ပြေးဆွဲခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံး ဓာတ်ရထားများကို ၁၉၀၆ ခုနှစ်တွင် စတင် အသုံးပြုခဲ့ပြီး စင်ကာပူ၊ မနီလာနှင့် ဘန်ကောက်တို့နှင့် တစ်ချိန်တည်း သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်များတွင် ဓာတ်ရထားများသည် မြို့တွင်း သွားလာရန်အတွက် လွယ်ကူချောမွေ့သော အများပြည်သူသုံး ပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြို့၏ဓာတ်ရထားစနစ် အလုံးစုံ ပျက်စီးသွားခဲ့လေသည်။

1890s
၁၈၉၀ ပြည့်နှစ် ကာလများက ဆူးလေဘုရား

ရှေးခေတ်ဗမာပြည်၏ ဓာတ်ပုံများကို စိတ်ဝင်စားသူများအတွက် သတင်းကောင်းတခု။ ဗြိတိသျှ စာကြည့်တိုက် တွင် ရှေးခေတ်ဗမာပြည် ဓာတ်ပုံများကို စုစည်းထားပြီး ထိုမှ ရာချီသော ဓါတ်ပုံများကို အင်တာနက်လိပ်စာ www.bl.uk တွင် လေ့လာကြည့်ရှုနိုင်ပြီ ဖြစ်သည်။ ယခုပုံမှာ ဂျာမန်ဓာတ်ပုံဆရာ ဖီးလစ် ခလိုင်ယာ (Philip Kliers) က ၁၈၉၀ ခုနှစ်တွင် ရိုက်ကူးထားသော ဆူးလေဘုရားပုံဖြစ်ပါသည်။ ဘားလမ်းဘက်မှ ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ မြို့တော်ခန်းမ အဟောင်းကို ပုံ၏ ညာဘက်တွင်တွေ့မြင်နိုင်ပြီး ရွှေတိဂုံဘုရားကို အဝေးတွင် ပျပျ မြင်နေရသည်။...

၁၈၉၀
၁၈၉ ၀ ပြည့်နှစ်ဝန်းကျင် ရွှေတိဂုံဘုရားတောင်ဘက်မုဒ်

၁၈၉၀
၁၈၉ ၀ ပြည့်နှစ် ဝန်းကျင် ဆူးလေဘုရားနှင့် မြို့တော်စည်ပင်ရုံးဟောင်း

ဤသည်မှာ ၁၈၉ ၀ ပြည့်နှစ်ဝန်းကျင်က ဖိလစ်အဒေါ့ဖ်ကလီအာ (Phillip Adolph Klier) ရိုက်ကူူးထားသော ဆူးလေဘုရားနှင့် မြို့တော်စည်ပင်ရုံးဟောင်း (ရိုပွန်ခန်းမ)၏ မြင်ကွင်းဖြစ်သည်။