အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်မြို့တွင် ကင်းလှည့်နေသော ဗြိတိသျှတပ်
event_note ခေတ်ကာလများပြပုံ

မေ ၁၉၄၅

ရန်ကုန်မြို့တွင် ကင်းလှည့်နေသော ဗြိတိသျှတပ်

Read in English

ရန်ကုန်မြို့မှ ဂျပန် (Japanese) တို့ ဆုတ်ခွာသွားသည်မှာ နေ့ရက် အနည်းငယ်မျှသာ ရှိသေးသည့်အချိန် ၁၉၄၅ ခုနှစ် မေလ၏ ရက်သတ္တပတ်တစ်ခုတွင် ရန်ကုန်မြို့ထဲတွင် ကင်းလှည့်နေသော အမှတ် ၁၄ ဗြိတိသျှ တပ်မတော် (အမှတ် ၁၇ အိန္ဒိယတပ်ခွဲ ဖြစ်နိုင်) မှ တပ်သားများ၏ ဓါတ်ပုံ ဖြစ်သည်။ စစ်ဒဏ်ထိထားသော အိန္ဒိယနိုင်ငံ ဗဟိုဘဏ်ခွဲ (Reserve Bank of India, နောင်တွင် ဗဟိုဘဏ်) အဆောက်အဦကို နောက်ခံတွင် မြင်ရသည်။ ဂျစ်ကားကို အသေအချာ ကြည့်ပါက အိန္ဒိယစစ်သားသုံးဦးနှင့် မြေပုံကို ကြည့်နေသော ဗြိတိသျှစစ်သားတစ်ဦးကို တွေ့ရပါမည်။ ကုန်သည်လမ်းပေါ် ရောက်ရှိနေပြီး ဆူးလေဘုရားလမ်း ရှိရာ အနောက်ဘက်သို့ ဦးတည်သွားနေသည်ကို သိသွားဟန် ရှိပါသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်