အမေ့ခံအတိတ်
အမေ့ခံအတိတ်
event_note ခေတ်ကာလများပြပုံ

၁၈၃၀ - ၁၈၃၂

ဗုဒ္ဓဘာသာက ယုံကြည်လက်ခံထားသော စကြာဝဠာဗေဒ

room Myanmar

Read in English

၁၈၈၅ ခုနှစ်က မန္တလေးမြို့ကို ဗြိတိသျှတို့ သိမ်းယူမနိုင်မီ သီပေါမင်း လက်ထက်က ရေးဆွဲခဲ့ဟန် ရှိသော ပုရပိုက်မှ ရရှိသော ဤပန်းချီကားတွင် ဗုဒ္ဓဘာသာက ယုံကြည်လက်ခံထားသော စကြာဝဠာ ဖြစ်တည်လာပုံကို စာနှင့်ရော၊ ပန်းချီနှင့်ပါ အသေးစိတ် ပုံဖော်ထားသည်။ 

မြေပုံတွင် ဗုဒ္ဓဘာသာက လက်ခံထားသည့် စကြာဝဠာ၏ ဗဟိုချက်တွင် မြင့်မိုရ်တောင် တည်ရှိ၍ တောင်တန်းများနှင့် မြစ်များက ဝန်းရံထားသည်။ မြင့်မိုရ်တောင်နှင့် ကျွန်းကြီးပေါ်တွင် ပေါက်ရောက်ရာ အပင်ကို အစွဲပြု၍ အမည်ပေးထားသည့် ကျွန်းကြီးလေးကျွန်းကို သမုဒ္ဒရာက ခြားထားသည်။ လူသားမျိုးနွယ်တို့သည် ဇမ္ဗူဒီပ အမည်ရှိ တောင်ကျွန်း (မြေပုံ၏ လက်ယာဘက်) တွင်သာ နေထိုင်နိုင်ပြီး အခြားသော ကျွန်းကြီးများကို လူသားတို့ မသွားရောက်နိုင်ပေ။ 

ဤပုရပိုက်တွင်ပင် ဘုံ ၃၁ ဘုံကိုလည်း ဖော်ပြထားသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ငရဲပြည် ဖြစ်သည့် အောက်ဆုံးဘုံ ၈ ဘုံကို ပုရပိုက်ထဲတွင် ၁၆ လွှာ သို့မဟုတ် ၃၂ မျက်နှာတွင် ကျယ်ပြန့်စွာ ဖော်ပြထားသည်။ မူရင်း ပန်းချီဆရာက ကြောက်မက်ဖွယ်ရာ မြင်ကွင်းများကို အသေးစိတ် ရေးဆွဲထားသည်မှာ အံ့အားသင့်စရာပင် ကောင်းတော့သည်။ ထူးခြားချက်မှာ အလွှာတိုင်း၌ ပွက်ပွက်ဆူနေသော ငရဲအိုးကြီးတွင် အရှင်လတ်လတ် ပြုတ်ခံနေရသည့် လူတစ်စုပုံ ပါခြင်း ဖြစ်သည်။ 

နတ်ပြည်၊ ငရဲပြည်နှင့် ကြားတွင် ရှိသော ဘုံအဆင့်ဆင့်ကို ဖော်ပြထားသည့် ပုရပိုက် အပြည့်အစုံကို ဗြိတိသျှ စာကြည့်တိုက်၏ ဝက်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်ပါသည်။ 

အောက်ဖော်ပြပါ (ဗြိတိသျှ စာကြည့်တိုက် ထိန်းသိမ်းထားသည့်) ဗုဒ္ဓဘာသာက လက်ခံထားသော စကြာဝဠာဗေဒကို သရုပ်ဖော်ထားသော အခြား ပုရပိုက် တစ်ဆူတွင် တစ်ဦးတစ်ယောက်က ဖြစ်နိုင်သော ဖြစ်တည်မှု အမျိုးမျိုးကို သရုပ်ဖော်ထားသည်။ ဤပန်းချီမှာ ဗုဒ္ဓဘာသာက လက်ခံထားသည့် စကြာဝဠာကို ရေးဆွဲထားပုံများထဲမှ တစ်ပုံ ဖြစ်သည်။ ဥရောပ လက်ရေးနှင့် မှတ်ချက်ရေးထားသည်ကို တွေ့ရှိရသဖြင့် ၁၈၃၀-၃၂ ခုနှစ်က မြန်မာပြည်တွင် နေထိုင်ခဲ့သော အရှေ့အိန္ဒိယကုမ္ပဏီ၏ သံတမန် ဖြစ်သည့် ဟင်နရီဘာနေး (Henry Burney) က ပန်းချီဆရာထံတွင် အပ်နှံ၍ ရေးဆွဲခဲ့သည်ဟု ယူဆရပါသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်