အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်ကို သိမ်းပိုက်တော့မည်လား?
event_note ခေတ်ကာလများပြပုံ

၁၈၇၉

မြန်မာပြည်ကို သိမ်းပိုက်တော့မည်လား?

room United Kingdom

Read in English

၁၈၇၉ ခုနှစ်က (ဂျွန်တန်နီယယ် (John Tenniel) ရေးဆွဲ၍) ပန့်ချ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ရုပ်ပြ ဖြစ်သည်။ ပုံတွင် အိန္ဒိယဘုရင်ခံ လော့လစ်တန် (Lord Lytton) က ဗြိတိသျှဝန်ကြီးများကို မြန်မာပြည်ကို သိမ်းယူနိုင်မည့် စစ်ပွဲကို တင်ပြနေစဥ် ၎င်းတို့က အခြားသော နိုင်ငံတကာ အရေးအခင်းများနှင့် အလုပ်များနေကြပုံ ဖြစ်သည်။ ဗြိတိသျှ နယ်ချဲ့ဝါဒီ အတော်များများသည် မင်းတုန်းမင်း နတ်ရွာစံသွားသောအခါ မြန်မာပြည်ကို ဗြိတိသျှ အိန္ဒိယ အင်ပါယာထဲသို့ သွတ်သွင်းရန် အချိန်ကျလာမည်ဟု မျှော်လင့်ခဲ့ကြသည်။ သီပေါမင်း၏ ပြုပြင်ပြောင်းလဲရေး အစိုးရသစ်ကို ဗြိတိသျှသတင်းများတွင် ဆိုးယုတ်ရက်စက်သည်ဟု (မတရားသဖြင့်) သတင်းဖြန့်လေ့ ရှိခဲ့သည်။ မြန်မာပြည်ကို အမြတ်အစွန်းများ ရနိုင်သည့် ဈေးကွက်သစ်၊ တရုတ်ပြည်နှင့် ချိတ်ဆက်ရာ ဝင်ပေါက်ဟု ရှုမြင်ကြသည်။ သို့သော် အာဖဂန်နစ္စတန် အရေးကဲ့သို့ အခြားသော နိုင်ငံတကာ အရေးအခင်းများကြောင့် ကျူးကျော်မည့် ဆုံးဖြတ်ချက် နှောင့်နှေးခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်