အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာ့ရိုးရာ ဆေးမင်ကြောင်ကျမ်း

သြစတြီးယန်းလူမျိုး ဆရာဝန်နှစ်ဦး ဖြစ်သည့် ဒေါက်တာ အန်တွန်အဲဖင်ဂါနှင့် ဒေါက်တာ ကားလ်ဟိုက်ဇ်မန်းတို့ ရေးသားသည့် “အရေပြားရောဂါများ မှတ်တမ်း” စာအုပ်တွင် ဖော်ပြထားသည့် ကပ္ပတိန် ကော့စတန်တီနပ်စ်၏ ပုံတူပန်းချီ
သြစတြီးယန်းလူမျိုး ဆရာဝန်နှစ်ဦး ဖြစ်သည့် ဒေါက်တာ အန်တွန်အဲဖင်ဂါနှင့် ဒေါက်တာ ကားလ်ဟိုက်ဇ်မန်းတို့ ရေးသားသည့် “အရေပြားရောဂါများ မှတ်တမ်း” စာအုပ်တွင် ဖော်ပြထားသည့် ကပ္ပတိန် ကော့စတန်တီနပ်စ်၏ ပုံတူပန်းချီ

19th century

မြန်မာ့ရိုးရာ ဆေးမင်ကြောင်ကျမ်း

room Myanmar

Read in English

ဤစာမျက်နှာမှာ ဗြိတိသျှ စာကြည့်တိုက်မှ ထိန်းသိမ်းထား၍ ဝက်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်သည့် ၁၉ ရာစုလက်ရာ မြန်မာ့ရိုးရာ ဆေးမင်ကြောင်ကျမ်းမှ စာမျက်နှာများ ဖြစ်သည်။ မြန်မာ့ရိုးရာ ထိုးကွင်းဆရာများက အကိုးအကား အဖြစ် အသုံးပြုခဲ့ဟန် ရှိသည်။ မြန်မာ့ရိုးရာ ဆေးမင်ကြောင်များသည် မြွေပြီးသည်၊ ကျည်ပြီးသည်၊ ဓါးပြီးသည်၊ မကောင်းဆိုးဝါးနှင့် ရောဂါဘယ ပြီးသည် စသည်ဖြင့် ထူးခြားသော အစွမ်းသတ္တိများ ရှိသည်ဟု ယုံကြည်ကြသည်။ 

ဤဆေးမင်ကြောင်ကျမ်းသည် မိမိကိုယ်ကို “ကပ္ပတိန် ကော့စ်တန်တီနပ်စ် (Captain Costentenus)” ဟု အမည်ပေးထားသူ မြန်မာပြည်တွင် ရောက်နေခဲ့သည့် ကာလက အသုံးပြုခဲ့ဟန် ရှိသည်။ ကပ္ပတိန် ကော့စ်တန်တီနပ်စ်ကို “ဆေးမင်ကြောင် အပြည့်ထိုးထားသော ဂရိမင်းသား” ဟု ခေါ်တွင်ကြပြီး သူ့ခေတ်အခါက ကမ္ဘာပေါ်တွင် ဆေးမင်ကြောင် အများဆုံး ထိုးထားသူ ဖြစ်နိုင်ခဲ့သည်။ ၁၈၇၀ ပြည့်နှစ်များက ဥရောပတိုက်နှင့် အမေရိကန် ပြည်ထောင်စု တစ်ခွင် လှည့်လည်၍ ပီတီဘာနမ် (P. T. Barnum) ၏ ကမ္ဘာကျော် ဆပ်ကပ်ပြပွဲတွင် ထင်ရှားသော ပြပွဲတစ်ခု ဖြစ်ခဲ့သည်။ နားရွက်များနှင့် ခြေဖဝါးမှ လွဲ၍ ငယ်ထိပ်မှ ခြေဖျားထိ တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင် ၃၈၈ ခု ရှိသည်ဟု ဆိုသည်။ 

ကပ္ပတိန် ကော့စ်တန်တီနပ်စ်က ဆေးမင်ကြောင်များ ထိုးဖြစ်ခဲ့သည့် ဇာတ်ကြောင်းမှာ အမျိုးမျိုး ဖြစ်ပြီး တစ်ခုနှစ် တစ်ခု မတူပေ။ ဇာတ်ကြောင်းတစ်မျိုးမှာ သူသည် မြန်မာပြည်တွင် ရတနာသိုက် ရှာဖွေနေရင်း အဖမ်းခံရပြီး မြန်မာဘုရင်က အပြစ်ပေးသည့် အနေဖြင့် ဆေးမင်ကြောင်များ အပြည့် ထိုးပေးလိုက်သည်ဟု ဆိုသည်။ နောက်တစ်မျိုးမှာ အာရှတိုက် အလယ်ပိုင်းတွင် ရွှေတူးနေစဥ် လူရိုင်းများက ဖမ်း၍ ဆေးမင်ကြောင်များ ထိုးကာ အပြစ်ပေးလိုက်သည်ဟု ဆိုသည်။ ဆေးမင်ကြောင် ထိုးရာတွင် လူလေးဦးက သူ့ကို ချုပ်ထားက ၃ လကြာအောင် နေ့တိုင်း ထိုးပေးသည်ဟု ဆိုသည်။ ကြော်ငြာတစ်ခုတွင် “ရက်စက်ကြမ်းကြုတ်လှပြီး လက်စားချေလိုစိတ်ကြောင့် တဆတ်ဆတ် တုန်နေသော အသားပြင်ပေါ်သို့ အချက်ပေါင်း ၇,၀၀၀,၀၀၀ ကျော် တဖြည်းဖြည်းချင်း ညှင်းဆဲကာ ထိုးပေးခဲ့သည်။” ဟု ဆိုထားသည်။

အမှန်တကယ်တွင်မူ သူ၏ ဆေးမင်ကြောင်များသည် မြန်မာ့ရိုးရာ အကာအကွယ် ဖြစ်စေသည့် အစီအရင် ဆေးမင်ကြောင်များ ဖြစ်ပြီး ပြစ်ဒဏ်ပေးကာ ထိုးခံရခြင်း မဖြစ်နိုင်ပေ။ ဆေးမင်ကြောင် အထိုးခံရန် ဆရာတစ်ဦးဦးထံ အပ်နှံခြင်းသာ ဖြစ်နိုင်ပြီး အနောက်နိုင်ငံ အစိုးရများက အရှေ့တိုင်းမှ နိုင်ငံများကို ကျူးကျော်သိမ်းပိုက်နေသည့် ခေတ်ကာလတွင် အနောက်တိုင်းမှ ပွဲကြည့်ပရိသတ်များအား အရှေ့တိုင်းမှ ရက်စက်ကြမ်းကြုတ်သော ဘုရင်များ၊ လူရိုင်းများ အကြောင်း စိတ်လှုပ်ရှားဖွယ် ဖြစ်အောင် ဖန်တီးပြောဆိုခြင်းသာ ဖြစ်နိုင်သည်။ 

လက်တွေ့တွင်လဲ ကပ္ပတိန် ကော့စ်တန်တီနပ်စ်သည် သူ၏ ဆေးမင်ကြောင်များကို ပြသရင် အတော်ပင် ဝင်ငွေကောင်းခဲ့သည်။ ဝတ်စားကောင်းလှများနှင့် စိန်ရွှေရတနာ လက်ဝတ်လက်စားများ ဝတ်ဆင်လေ့ ရှိကာ အတော်အသင့်သော ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုများလည်း ပိုင်ဆိုင်ခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်