အမေ့ခံအတိတ်
အမေ့ခံအတိတ်
ချင်းမိုင်ကို အလည်လာသည့် မြန်မာများ

1820s

ချင်းမိုင်ကို အလည်လာသည့် မြန်မာများ

Read in English

မြန်မာတို့က ဇင်းမယ်ဟု ခေါ်သည့် လာနာပြည် (Lanna) (သို့မဟုတ်) ချင်းမိုင်ပြည် (Chiang Mai) သည် စတင်တည်ထောင်သော ၁၃ ရာစုနှောင်းပိုင်းကပင် သမိုင်းကြောင်း တစ်လျှောက် အများအားဖြင့် လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့သည်။ ချင်းမိုင်သူ၊ ချင်းမိုင်သားများသည် ကျိုင်းတုံမြို့နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် ပြောဆိုသည့် တိုင်ဘာသာစကား (Tai) နှင့် အလွန်နီးစပ်သည့် တိုင်ဘာသာခွဲ တစ်မျိုးကို အသုံးပြုသည်။ ချင်းမိုင်ပြည်သည် ၁၅၅၈ ခုနှစ်မှ ၁၇၇၅ ခုနှစ် အထိ မြန်မာဘုရင်တို့၏ လက်အောက်တွင် ရှိခဲ့သည်။ ထို့နောက် ၁၉ ရာစုတွင် လက်ရှိထိုင်းမင်းဆက်၏ လက်အောက်သို့ ရောက်သွားခဲ့သည်။ 

ပုံမှာ ချင်းမိုင်မြို့ရှိ ဝပ်ဖရာ့ဆင်း (Wat Phra Singh) တွင် ရှိသည့် နံရံပန်းချီပုံ ဖြစ်သည်။ ၁၈၂၀ ပြည့်နှစ်များက ချင်းမိုင်သို့ လာရောက်သည့် မြန်မာကိုယ်စားလှယ်များ (ကုန်သည်များ ဖြစ်နိုင်) ဖြစ်ပါသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်