အမေ့ခံအတိတ်
အမေ့ခံအတိတ်

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန်


မြန်မာတို့၏ အဆန်းကြယ်ဆုံးသော အိမ်နီးချင်းများ - အန်ဒမန်ကျွန်းသူကျွန်းသားများ

အန်ဒမန်ကျွန်း(Andaman Islands)သည် မန္တလေးထက်စာလျှင် ရန်ကုန်နှင့် ပိုနီးပါသည်။ ယနေ့တွင် အိန္ဒိယ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုဒေသတွင် နေထိုင်သော လူမျိုးစုများသည် ကမ္ဘာပေါ်တွင် တစ်သီးတစ်ခြား အဖြစ်ဆုံးသော လူမျိုးစုများ ဖြစ်သည်။

ယနေ့တွင် မူလအန်ဒမန်ကျွန်းသူကျွန်းသားများ ဦးရေမှာ ရာဂဏန်းခန့်သာ ရှိတော့သည်။ သူတို့ ပြောဆိုသော ဘာသာစကားမှာလည်း အခြားမည်သည့် ဘာသာစကားနှင့်မျှ မတူပါ။

မျိုးရိုးဗီဇအရဆိုလျှင် သူတို့သည် အာရှတိုက်သားများနှင့် ပို၍ နီးစပ်ပေသည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ တိဘက်၊ ယူနန်နှင့် ဂျပန်တွင် တွေ့ရှိရသော Y-Haplogroup D-M174...

1600s - 19th century
ကိုးကန့်ဒေသ မူလအစ

ကိုးကန့် (လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၏ သမိုင်းကြောင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ၁၆၀၀ ပြည့်နှစ် အလယ်ပိုင်းကာလ၌ တရုတ် ‘မင်’ မင်းဆက်သည် ကျူးကျော်ဝင်ရောက်လာသော မန်ချူးတို့၏ လက်အောက်သို့ တစ်ခဏအတွင်း ကျရာက်သွားသည်။ နောက်ဆုံး မင် ဧကရာဇ်ဘုရင် (ကွေမင်းသားဟု လူသိများသော ရောင်လီ ဧကရာဇ်)သည် ယူနန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ပြီး နောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ကာ အင်းဝဘက်သို့ ကူးလာခဲ့သည်။ အသစ်တက်သော မန်ချူး “ချင်” မင်းဆက်သည် ကိုးကန့်ဒေသကို ၁၉ ၁၂ ခုနှစ် မတိုင်ခင်အထိ...

4th Century
တရုတ်ပြည်၏ စစ်ပြိုင်ခေတ်ကာလ

မဟာအလက်ဇန္ဒားမင်း သူသိထားသောကမ္ဘာကြီးကို သိမ်းပိုက်ရန် ပြင်ဆင်နေသော ကာလ ၄ ရာစုနှစ်ကဖြစ်၏။  ချင် (Qin) မင်းဆက်ဘုရင် ဟွေ့ဝန်သည်လည်း နယ်မြေချဲ့ထွင်မှုများ ပြုလုပ်နေပြီး ယနေ့ခေတ် တရုတ်ပြည်အဖြစ် ကြီးထွားလာမည့် အင်ပါယာကြီးအတွက် အခြေခံအုတ်မြစ် ချလျက်ရှိသည်။ ဤသည်မှာ တရုတ်ပြည် စစ်ပြိုင်ခေတ်က ဖြစ်ပေသည်။ တရုတ်ပြည် တစ်ပေါင်းတစ်စည်းတည်း မရှိသေး။ ဟွေ့ဝန်အုပ်စိုးသော နိုင်ငံသည် အဆက်မပြတ် ထီးပြိုင်နန်းပြိုင်လျက်ရှိကြသော ပဒေသရာဇ်နိုင်ငံငယ်များစွာထဲမှ တစ်ခုဖြစ်သည်။ ချင် နိုင်ငံတော်မှာ မြစ်ဝါအလွန်မှစတင်ကာ ဂိုဘိသဲကန္တာရနှင့် ဘေးချင်းကပ် ခြောက်သွေ့ဖုန်ထူသောဒေသအထိ ဖြစ်သည်။ တောင်ဘက်အရပ်တွင်...

၈ ရာစုနှစ် - ၁၃ ရာစုနှစ်
တစ်ချိန်က တာလီတိုင်းပြည်

သမိုင်းဦးအစ ကာလအတော်ကြာသည်အထိ မြန်မာ့အရှေ့မြောက်ဘက် အိမ်နီးချင်းမှာ တရုတ်မဟုတ်။ လွတ်လပ်သော ယူနန် မင်းနေပြည်ဖြစ်၏။ မြို့တော်မှာ တာလီ (Dali) ဖြစ်၏။ ၈ ရာစုမှ ၁၃ ရာစုနှစ်များအထိ ကိုယ့်မင်းကိုယ့်ချင်းနှင့် ရပ်တည်နိုင်ခဲ့သော အင်အားကြီး တိုင်းပြည်တစ်ခု ဖြစ်ခဲ့သည်။ တစ်ခါတစ်ရံ အနောက်ဘက်မှ တိဘက်အင်ပါယာနှင့် မဟာမိတ်ဖွဲ့လိုက်၊ တစ်ခါတစ်ရံတွင် တရုတ် တန်မင်းဆက်၊ ဆောင်မင်းဆက်တို့နှင့် မဟာမိတ်ဖွဲ့လိုက် ပြုလုပ်နိုင်ခဲ့ပေသည်။ ယင်းတို့၏မြင်းတပ်များသည် ယနေ့မြန်မာပြည် အရပ်ဒေသအထိပင် ထိုးဖောက်ဝင်ရောက် လာခဲ့သည်။ အလယ်ခေတ်မြို့တော် ပုဂံတည်ထောင်ရာတွင် ယင်းတို့ ပါဝင်ပတ်သက်ခဲ့နိုင်ဖွယ်ရာ...


ဘင်္ဂလားပြည် သမိုင်းကြောင်း

လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်က ရှေးအကျဆုံး အာရီယန်ဘာသာစကားကို ပြောဆိုကြသော လူ့အဖွဲ့အစည်း တစ်ခုရှိသည်။ ယင်းတို့သည် ဝေဒနတ်ဘုရားများကို ကိုးကွယ်ကြ၏။ ဂင်္ဂါမြစ်တစ်လျှောက် ယနေ့ ဥတ္တပရာဒက်ရှ်ပြည်နယ် ထိုမှတစ်ဆင့် ဘီဟာနယ်များ တည်ရှိရာ အရှေ့ဘက်ဒေသသို့ ပျံ့နှံ့လာကြ၏။ အမျိုးဇာတ် ဝါစဉ်လိုက် ခွဲခြားအုပ်ချုပ်နေထိုင်သော လူ့အဖွဲ့အစည်း ဖြစ်သည်။ နတ်ဆရာက ထိပ်ပိုင်းမှ အုပ်ချုပ်ပြီး မျိုးဇာတ်၊ သွေးမနှောသည့် ထုံးထမ်းဓလေ့ကို ယုံကြည်ကြသည်။ အနောက်မြောက်ဘက်မှ အာရီယန် အသိုင်းအဝိုင်းသည် မျိုးနွယ်သန့်စင်ကြပြီး အရှေ့ဘက်တွင် တွေ့ရသော လူသစ်များကမူ ကပြားများဖြစ်ကြသဖြင့်...

11BC - 12BC
ဆန်ရှင်ဒွေ့လူမျိုးစု

တရုတ်ပြည်မထဲမှ တရုတ်စစ်စစ် မဟုတ်ကြသော “ပျောက်ဆုံးသွားသောလူမှုအဖွဲ့အစည်း” ဖြစ်သည့် ဆန်ရှင်ဒွေ့ ဒေသခံလူမျိုးစု (ယနေ့ခေတ်စီချွမ်ပြည်နယ်) အကြောင်းကို ၁၉၈၀ ခုနှစ် ၁၉၉၀ ခုနှစ်များတွင်ပြန်လည်တွေ့ရှိပြီ ဖြစ်သည်။ ဆန်ရှင်ဒွေ့ဒေသခံ လူမျိုးများသည် ကြေးခေတ်က လူ့အဖွဲ့အစည်းဖြစ်ပြီး ယင်းတို့၏ ကြေးပစ္စည်းလက်ရာများကိုတွက်ချက်ရာတွင် ဘီစီ၁၁ရာစု ၁၂ ရာစု ခန့်ဟုခန့်မှန်းရသဖြင့်သက်တမ်းအားဖြင့် နှစ်ပေါင်း (၃၂၀၀) ရှိပြီဖြစ်သည်။ ကျွန်တော်နောက်ဆုံးရေးခဲ့သော စာအုပ်ထဲတွင် ဖော်ပြပြီးခဲ့သည့်အတိုင်းယနေ့ခေတ်မြန်မာလူမျိုးများ၏ ရှေးဘိုးဘီဘင်များသည် ထိုဒဏ္ဍာရီဆန်သော လူမျိုးစုနှင့် တနည်းတဖုံ ပက်သတ်ဆက်နွယ်နေလိမ့်မည်ဟု ကောက်ချက်ချနိုင်ပါသည်။ယခုဓာတ်ပုံထဲရှိ ကြေးဦးခေါင်းမှာ ကြေး၊ ကျောက်စိမ်း နှင့်...


မြန်မာပြည်၏ ကြေးမုံပုံရိပ်သဖွယ်အလား အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများ


မြန်မာဘာသာနှင့် အလွန်နီးစပ်သော ဘာသာစကားတစ်မျိုးကို ပြောဆိုကြသော လီကျန်ဒေသ နာရှီလူမျိုး

ရာစုနှစ်ပေါင်းများစွာ လီကျန်ဒေသ (Lijiang - ကချင်ပြည်နယ် အရှေ့ဘက်ရှိဒေသ)တွင် အုပ်ချုပ်မင်းမူခဲ့သည့် နာရှီလူမျိုး (Naxi) များသည် မြန်မာဘာသာ၊ ယိဘာသာ (Yi) တို့နှင့် အလွန်နီးစပ်သော ဘာသာစကားတစ်မျိုးကို ပြောဆိုကြသည်။ ထိုလူမျိုးတို့တွင် ဆန်းကြယ်လှသော စာရေးသားပုံ နည်းစနစ်လည်း ရှိ၏။ ပုံတွင် မြင်တွေ့ရသည့်အတိုင်း “မျက်လုံး”၊ “အစားအစာ”၊ နှင့် “တောင်ဆိတ် သို့ ဆိတ်” အတွက် စကားလုံးများမှာ မြန်မာဘာသာနှင့် အင်မတန် ဆင်တူပေသည်။ ထိုတိုင်းပြည်အပေါ် တရုတ်၏လွှမ်းမိုးမှု တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး နောက်ပိုင်း...


လာဒါခီ အမျိုးသမီးများ

လာဒါခီ (Ladhaki နှင့် ဘော်လ်တီ - Balti) ဘာသာစကားများသည် တိဘက်ဘာသာနှင့် အလွန်နီးစပ်သည်။ တိဘက်တို-ဘာမန်း (Tibeto-Burman) ဘာသာစကား ပြောဆိုသည့် လူမျိုးများတွင် အနောက်ဘက် အကျဆုံးဒေသတွင် နေထိုင်သူများ ဖြစ်သည်။ မြန်မာဘာသာနှင့် ဘာသာစကားချင်း ဆွေမျိုးတော်စပ်သည်ဟု ဆိုနိုင်ပါသည်။

တိဘက်တို-ဘာမန်း ဘာသာစကား ဆိုသည်မှာ လူသန်း ၅၀ ခန့် ပြောဆိုကြသည့် ဘာသာစကားများကို စုစည်းထားသည့် မိသားစု ဖြစ်သည်။ ထိုမိသားစုထဲတွင် အများဆုံး အသုံးပြု ပြောဆိုကြသည့် ဘာသာစကားများမှာ တိဘက်ဘာသာနှင့် မြန်မာဘာသာ...

၁၂၂
တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအတွက် ပထမဦးဆုံးအကြိမ် ကြိုးပမ်းမှု

ဘီစီ ၁၂၂ တွင် တရုတ်ဧကရာဇ်သည် အနောက်တောင်အရပ်တွင် ရှိသည်ဟု သတင်းထွက်နေသော ထွက်လမ်းတစ်ခုကို ရှာဖွေရန် အထူးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်သည်။ ထိုလမ်းသည် တရုတ်ပြည်မှနေ၍ (မကြာသေးမီက ရှာဖွေတွေ့ရှိထားသည့်) အိန္ဒိယပြည်သို့လည်းကောင်း၊ အိန္ဒိယကို ကျော်လွန်ကာ တိုင်းတစ်ပါးအသစ်များဆီသို့လည်းကောင်း ပေါက်ရောက်သည်ဟု ဆိုနေကြ၏။

ထိုမတိုင်ခင်က နယ်မြေသစ်ရှာဖွေသူ ဇောင်ကျန့် (Zhang Qian) သည် မြောက်ဘက်လမ်းကြောင်းအတိုင်း ခက်ခဲကြမ်းတမ်းစွာ ခရီးရှည်ကြီး ထွက်သွားပြီးနောက် ဧကရာဇ်နန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုစဉ်က တရုတ်တို့ သိရှိထားသော ကမ္ဘာ၏ အစွန်အဖျားဘက်သို့ သူရောက်ခဲ့သည်။ ဇောင်ကျန့်သည်...

၁၄၁၃
ယူနန်ပြည်နှင့် မြန်မာနိုင်ငံမှ ပန်းသေးလူမျိုးများ

ကမ္ဘာ့သမိုင်းတွင် အထင်ကရဖြစ်သော စွန့်စွန့်စားစား ခရီးသွား နေရာသစ် ရှာဖွေသူ ပုဂ္ဂိုလ်ကြီးများထဲတွင် မြန်မာ-ယူနန်နယ်စပ်မှ လာသော ပန်းသေးမွတ်ဆလင်တစ်ဦး အပါအဝင်ဖြစ်သည်။ ၁၄၁၃ ခုနှစ်က တရုတ်သင်္ဘောများသည် အာဖရိကကမ်းရိုးတန်းသို့ ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့သည်။ (အပြန်ခရီးတွင် ယင်းတို့သည် မင် ဧကရာဇ်ကို ဆက်သရန် လက်ဆောင်ပဏ္ဏာများ သယ်ဆောင်သွားကြရာ သစ်ကုလားအုတ် တစ်ကောင်ပင် ပါသေးသည်။) ဤသည်မှာ (၁၅ ရာစု အစောပိုင်းကာလအတွင်း) အလွန် အရေးပါသော ပင်လယ်ခရီးရှည်ကြီး ခုနစ်ခုအနက်မှ စတုတ္ထမြောက် ခရီးဖြစ်ပြီး ရေတပ်ဗိုလ်မှူးအဖြစ် ဧကရာဇ်၏ အပျိုတော်ထိန်းဖြစ်သော...

၁၆၄၆
ထွက်ပြေးရလေသော တရုတ်မင်းသား

အနောက်အရပ်တွင် တစ်ခဏအတွင်း အင်အားယုတ်လျော့လာသော ရခိုင်ပြည် နယ်နိမိတ်အတွင်းသို့ မွန်ဂိုတို့ ကျူးကျော်ဝင်ရောက်လာနေသည်။ မြောက်အရပ်နှင့် အရှေ့အရပ်တွင်မူ ပိုမိုပင် အင်အားတောင့်တင်းလာသည့် တရုတ်တို့၏ ဖိအားပေးမှုမှာ  မြန်မာပြည်ဗဟိုချက်မအထိ ရောက်သည်။

၁၆၄၆ ခုနှစ်တွင် တရုတ်ပြည်ပိုင်နက် ရန်ဇီမြစ်ဝှမ်းနှင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသများ နယ်ချဲ့ မန်ချူးတပ်များ လက်အောက်သို့ ကျရောက်သွားသည်။ ၂၃ နှစ်အရွယ် ဝန်လီဧကရာဇ်၏ မြေးဖြစ်သူ မင်းသား ကွေ့ သာလျှင် အသက်ရှင်လွတ်မြောက်ခဲ့သည်။ မင်းသားသည် မင် မင်းဆက် တည်တံ့နိုင်ရေးအတွက် နောက်ဆုံး မျှော်လင့်ချက်ဖြစ်လာ၏။ စစ်မီးများ တောက်လောက်နေသည်...

၆ မေ ၁၆၅၈ - ၁၆၉၂
မြောက်ဦးသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အိန္ဒိယမင်းသား

၁၇ ရာစုက ဘင်္ဂလားနှင့် သြရိဿပြည်နယ်တို့၏ ဘုရင်ခံ ရှားရှူးဂှားမှာ မဂိုဘုရင် ရှားဂျဟန်နှင့် မိဖုရား မွန်တပ်ချ်မဟာတို့၏ ဒုတိယသား ဖြစ်သည်။ မဂိုတို့သည် အိန္ဒိယကျွန်းဆွယ် တစ်ခုလုံးနီးပါး ကျယ်ပြန့်လှသည့် အင်ပါယာကြီးကို စိုးမိုးအုပ်ချုပ်သူများ ဖြစ်ကြသည်။ မူလက အာရှအလယ်ပိုင်း၌ နေထိုင်ကြသူများ ဖြစ်ပြီး တမ်မာလိန်း (ဆာမာကန်ဒေသကို အုပ်စိုးခဲ့သည့် ကြီးကျယ်ထင်ရှားသော စစ်ဘုရင်)မှ ဆင်းသက်သည့် ဂျင်ဂျစ်ခန် စသော မွန်ဂိုမင်းဆက်အနွယ်များဟု ဆိုကြသည်။ ပထမဆုံး မဂိုဘုရင် အာသာက ၁၅၂၆ ခုနစ်တွင် ဒေလီကို သိမ်းပိုက်ခဲ့သည်။...

၁၇၆၅ - ၂၂ ဒီဇင်ဘာ ၁၇၆၉
ကောင်းတုံစာချုပ်

၁၇၆၉ ခုနစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကောင်းတုံစာချုပ် ချုပ်ဆိုကာ တရုတ်-ဗမာ စစ်ပွဲ( ၁၇၆၅ခုနှစ်မှ ဒီဇင်ဘာ ၂၂ ရက်မှ ၁၇၆၉ ခုနှစ်ထိ) ပြီးဆုံးသွားခဲ့သည်။ ဗမာ့စစ်သည်များသည် ကျင် မင်းဆက် (မန်ချူး) တို့၏ကျူးကျော်မှုကို လေးကြိမ်တိုင် အောင်မြင်စွာတွန်းလှန်နိုင်ခဲ့ကြသည်။ စတုတ္ထအကြိမ်တွင် တရုတ်ဘုရင် ကျွမ်လောင်က လူအင်အား ခြောက်သောင်းအထိ အသုံးပြုပြီး ဗမာပြည်ကို တရုတ်အင်ပါယာ အတွင်း သွတ်သွင်းရန် အပြင်းအထန် ကျူးကျော်ခဲ့သော်လည်း ဗမာတို့ကတိုက်ထုတ်ခဲ့သည်။ ကျင်မင်းဆက်တွင် အကြီးမားဆုံးရှုံးနိမ့်မှုပင်ဖြစ်သည်။ ကျင် တပ်မတော်တွင်...

1782
တီပူ၏ကျား (Tipu’s Tiger)

“တီပူ၏ကျား” (Tipu’s Tiger) ကို ယခုအခါ လန်ဒန်မြို့ရှိ ဝိတိုရိယနှင့် အဲလ်ဘတ် ပြတိုက် (Victoria and Albert Museum) တွင် ထိန်းသိမ်းထားပါသည်။ ကျားရုပ်သည် သစ်သားစက်ရုပ် ဖြစ်သည်။ ကျောပေါ်ရှိ အစိတ်အပိုင်း တစ်ခုကို ရွှေ့လျှင် စစ်သား၏ လက်များက လှုပ်ရှားလာကာ ညည်းတွားသံ ပြုသည်။ ထိုအရုပ်ကို ၁၇၈၂ ခုနစ်မှ ၁၇၉၉ ခုနစ် အတွင်း အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ မိုင်ဆိုပြည်နယ် (Mysore) ကို အုပ်ချုပ်သော တီပူစူလတန်...

၁၈၉၀ - ၁၈၉၁
အင်္ဂလိပ်လက်အောက်မှ မဏိပူရပြည်

၁၈၉၁ ခုနစ်က အင်္ဂလိပ်-မဏိပူရ စစ်ပွဲ အပြီးတွင် မဏိပူရဥပရာဇာ တိခန်ဒရာဂျိဆင်း (Yuwaraj Tikendrajit Singh) ကို ဗြိတိသျှတို့ ဖမ်းဆီးလိုက်သည်။

၁၈၉၀ ပြည့်နှစ်က စတင်ကာ တိခန်ဒရာဂျိသည် မဏိပူရ၏ စစ်သေနာပတိချုပ်နှင့် အုပ်ချုပ်သူ ဖြစ်ခဲ့ပြီး နောင်တစ်နှစ်ခန့် အကြာတွင် ဗြိတိသျှတို့က သိမ်းပိုက်လိုက်အခါမှသာ အရာကျသွားခဲ့သည်။

မဏိပူရ (မြန်မာတို့က ကသည်းဟု ခေါ်ဝေါ်ကြသည်။) သည် ၁၆၉၀ ပြည့်နှစ်က အာဏာရလာသူ တော်ဝင်မိသားစု အုပ်ချုပ်သော လွတ်လပ်သည့် မင်းနေပြည် ဖြစ်သည်။ ၁၇၂၅...

1930s
မြန်မာပြည်ရောက် ပန်ဒစ်နေရူးနှင့် သမီးဖြစ်သူ အင်ဒီရာဂန္နီတို့၏ ရှားပါးဓာတ်ပုံ

၁၉ ၃၀ ပြည့်နှစ်များ အလယ်ပိုင်းက ဖြစ်နိုင်သည်။ ပန်ဒစ်နေရူးနှင့် သမီးဖြစ်သူ အင်ဒီရာ ဂန္နီတို့ကို အာကျပ်(ယခု စစ်တွေ) အမျိုးသားအထက်တန်းကျောင်းတွင် တွေ့မြင်ရသော ရှားပါးဓာတ်ပုံတစ်ခုဖြစ်သည်။ ထိုနှစ်ကာလများအတွင်း ပန်ဒစ်နေရူးသည် မြန်မာပြည်သို့ မကြာခဏ အလည်အပတ် လာရောက်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် အမာခံထောက်ခံသူတစ်ယောက်ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနုတို့၏ မဟာမိတ် မိတ်ဆွေလည်း ဖြစ်သည်။

၁၉၄၅
လီဟင် ဘုရင်မ

မြန်မာနိုင်ငံ၏ မြောက်ဘက်မှ အိမ်နီးချင်း လီဟင်လူမျိုးစု၏ ဘုရင်မ (၁၉ ၄၅ ခုနှစ်ဝန်းကျင်)။ လီဟင်မျိုးနွယ်များသည် ယနေ့ ယူနန်ပြည်နယ်၏ အနောက်ဘက်ဒေသတွင် နေထိုင်ကြသည်။ လီဟင်လူမျိုးတို့သည် မြန်မာဘာသာဖြင့် ဆက်နွယ် ဘာသာစကားတစ်ခုကို ပြောဆိုကြပြီး တသီးတသန့် လွတ်လပ်စွာ နေထိုင်ခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်များအတွင်း ထိုဒေသသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအတွင်းသို့ ထည့်သွင်းခံလိုက်ရသည်။

၁ ဇန်နဝါရီ ၁၉၄၇ - ၂၇ မေ ၁၉၆၄
မြန်မာပြည်၏ မိတ်ဆွေကြီး ပန်ဒစ်နေရူး

၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပန်ဒစ်ဂျဝါဟာလာနေရူး ကွယ်လွန်သည်။ သူသည် မြန်မာပြည်၏ မိတ်ဆွေတော်ကြီး တစ်ယောက်ဖြစ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်များကတည်းက မြန်မာပြည်သို့ အကြိမ်ကြိမ် အလည်အပတ် လာရောက်ခဲ့သည်။ ဓာတ်ပုံမှာ ၁၉၄၇ ခုနှစ် နှစ်သစ်ကူးနေ့က ဒေလီမြို့ရှိ ဆာ့ဖ်ဒါဂျန် (Safdarjung) လေဆိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ရိုက်ကူးထားခြင်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး အတွက် ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်မြို့သို့ ခရီးထွက်လာစဉ် လမ်းတစ်ထောက်၌ နေရူးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုအခိုက် ဗိုလ်ချုပ်အောင်ဆန်း...

၁၉၄၉
Mere Piya Gaye Rangoon (ကျွန်မခင်ပွန်း ရန်ကုန်ကို သွားတယ်)

Mere Piya Gaye Rangoon (ကျွန်မခင်ပွန်း ရန်ကုန်ကို သွားတယ်) သီချင်းသည် အိန္ဒိယတွင် နာမည်အကျော်ကြားဆုံး သီချင်းများထဲမှ တစ်ပုဒ် ဖြစ်သည်။ ၁၉၄၉ ခုနှစ်က အောင်မြင်ခဲ့သော “Patanga”  ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သော သီချင်း ဖြစ်သည်။

တစ်ချိန်က ရန်ကုန်မြို့သည် အိန္ဒိယလူမျိုးများစွာအတွက် တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေနိုင်ရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ယနေ့ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသော အိန္ဒိယ မိသားစုတစ်စုက ရန်ကုန်သည် ယင်းတို့အတွက် “ပထမဆုံး အမေရိကန်” ဖြစ်သည်ဟု ကျွန်တော့်ကို...