အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကိုင်ရိုညီလာခံ
event_note ခေတ်ကာလများပြပုံ

၂၂ နိုဝင်ဘာ ၁၉၄၃ - ၂၆ နိုဝင်ဘာ ၁၉၄၃

ကိုင်ရိုညီလာခံ

room Egypt

people Winston Churchill Chiang Kai-shek Louis Mountbatten President Franklin Roosevelt Joseph 'Vinegar Joe' Stillwell

Read in English

မဟာမိတ် (Allied) ခေါင်းဆောင်များ ဖြစ်ကြသည့် အမေရိကန် သမ္မတ ဖရန်ကလင် ရိုစဗဲ့ (US President Franklin Roosevelt)၊ ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ (British Prime Minister Winston Churchill) နှင့် တရုတ်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ကေရှိတ် (China's Generalissimo Chiang Kai-shek) တို့ ကိုင်ရိုမြို့ (Cairo) တွင် ကျင်းပသော ညီလာခံတွင် မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်ရေး ဆွေးနွေးကြသည့် ပုံရိပ်တစ်ခု ဖြစ်သည်။ ထိုဆွေးနွေးပွဲသို့ မဒမ်ချန်ကေရှိတ် (Madame Chiang Kai-shek, ပုံတွင် လက်ယာအစွန်)၊ မဟာမိတ်တပ်များ၏ အရှေ့တောင်အာရှ စစ်ဦးစီးချုပ် လော့လူဝီမောင့်ဘက်တန် (Lord Louis Mountbatten) နှင့် သူ၏ လက်ထောက် ဗိုလ်ချုပ်ကြီး ဂျိုးဆက် “ဗနီဂါ ဂျိုး” စတီးဝဲ (Joseph “Vinegar Joe” Stillwell) တို့လည်း တက်ရောက်ခဲ့ကြသည်။ 

တရုတ်တို့က အရေးတကြီး တိုက်တွန်းသည့် အချက်များမှာ ဗြိတိသျှ (British)၊ အိန္ဒိယ (India)၊ အမေရိကန် (American) နှင့် တရုတ် (Chinese) တို့၏ ပူးပေါင်းအင်အားဖြင့် မြန်မာပြည်တွင်းသို့ အင်အားသုံး ထိုးဖောက်ဝင်ရောက်ရန်၊ မန္တလေးမြို့ကို အဆောတလျင် သိမ်းပိုက်ရန်နှင့်  အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ပေးသော ရာသီမရွေး အသုံးပြုနိုင်မည့် လမ်းမကြီး (နောင်တွင် "စတီးဝဲလမ်းမကြီး (Stillwell Road)") တည်ဆောက်ရန် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ဗြိတိသျှနှင့် အမေရိကန်တို့ကမူ “အိုဗာလေ့ာဒ်စစ်ဆင်ရေး" (Operation Overlord - မဟာမိတ်တပ်တို့ နော်မန်ဒီကမ်းခြေ (Normandy) သို့ ဆိုက်ရောက်နိုင်ရေး) ကို ပိုမို အာရုံစူးစိုက်နေပြီး ရန်ကုန်မြို့သို့ ကြည်းကြောင်း၊ ရေကြောင်းဖြင့် ချီတက်တိုက်ခိုက်ရန် အစီအစဥ် ("Plan Z"၊ နောင်တွင် "ဒရက်ကူလာ စစ်ဆင်ရေး (Operation Dracula)") ကို ရွှေ့ဆိုင်းခဲ့သည်။ ကိုင်ရိုမြို့နှင့် ထိုမတိုင်မီက ကီဘက်မြို့ (Quebec) တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များသည် မြန်မာပြည်၏ ၁၉၄၅ ခုနှစ် နှောင်းပိုင်း နိုင်ငံရေးအခင်းအကျင်းကို ပုံဖော်ရာတွင် လွန်စွာမှ အရေးပါခဲ့ပေသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်