အမေ့ခံအတိတ်
အမေ့ခံအတိတ်
မီနာမီကီကန် လျှို့ဝှက်အသင်း၏ ဗိုလ်ချုပ်ကြီး ဆူဇူကီကေအီဂျီ
event_note ခေတ်ကာလများပြပုံ

၁၉၄၁

မီနာမီကီကန် လျှို့ဝှက်အသင်း၏ ဗိုလ်ချုပ်ကြီး ဆူဇူကီကေအီဂျီ

room Japan

Read in English

၁၉၄၁ ခုနှစ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်တည်ထောင်သည့် အချိန်ကပင် မြန်မာ့တပ်မတော်နှင့် ဂျပန်နိုင်ငံတို့သည် ဆက်နွယ်နေခဲ့ကြသည်။ ဂျပန်တို့ဘက်မှ အခရာကျသော ပုဂ္ဂိုလ်မှာ မီနာမီကီကန် လျှို့ဝှက်အသင်း (အထူးစီမံကိန်း ဌာနတစ်ခု) ၏ ဗိုလ်ချုပ်ကြီး ဆူဇူကီကေအီဂျီ (Suzuki Keiji) ဖြစ်သည်။ ယင်းသည် ဗိုလ်ချုပ်အောင်ဆန်းကို ဦးစွာ စစ်တပ်ထဲဝင်ရန် စည်းရုံးခဲ့ပြီး ယနေ့ ရဲဘော်သုံးကျိပ်ဟု အများက သိလာမည့် ပုဂ္ဂိုလ်များကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ 

နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး ဆူဇူကီနှင့် မီနာမီကီကန် ရဲဘော်များသည် မြန်မာနိုင်ငံကို လွတ်လပ်ရေး ရစေလိုသူများနှင့် အလွန်ရင်းနှီးသောကြောင့် ရံဖန်ရံခါတွင် ဂျပန် အထက်အရာရှိများက ယင်းတို့ကို သံသယပင် ဖြစ်ခဲ့သေးသည်။ ဗိုလ်ချုပ်ကြီး ဆူဇူကီသည် မြန်မာနိုင်ငံနှင့် အမြဲတမ်း အဆက်အသွယ်မပြတ် ရှိနေခဲ့သည်။ ၁၉၆၆ ခုနှစ်က သူ၏ တပည့် ဖြစ်ခဲ့ဖူးသူ ဗိုလ်ချုပ်နေဝင်း တိုကျိုမြို့ (Tokyo) သွားရောက်စဥ်က သွားရောက်ကြိုဆိုခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် ကွယ်လွန်လေပြီးသော ဗိုလ်ချုပ်ကြီးဆူဇူကီ၏ ဇနီးသည်ကို ရန်ကုန်မြို့သို့ ဖိတ်ကြားခဲ့သလို နောက်နှစ်တွင် သူမဆီသို့ အလည်သွားခဲ့သေးသည်။ မီနာမီကီကန် အဖွဲ့ဝင်ဟောင်းများ ပြန်လည်တွေ့ဆုံပွဲများကို ၁၉၉၅ ခုနှစ် အထိ ကျင်းပခဲ့သည်။ 

ဖော်ပြပါ ဓာတ်ပုံထဲတွင် ဗိုလ်အောင်ဆန်းနှင့် ဗိုလ်နေဝင်း အကြား မြန်မာဝတ်စုံဖြင့် ထိုင်နေသူမှာ ဂျပန်လူမျိုး ဗိုလ်ချုပ်ကြီး ဆူဇူကီ ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်