အမေ့ခံအတိတ်
အမေ့ခံအတိတ်
နာဂစ် ဆိုင်ကလုန်းမုန်တိုင်း
event_note ခေတ်ကာလများပြပုံ

၂ မေ ၂၀၀၈

နာဂစ် ဆိုင်ကလုန်းမုန်တိုင်း

room Myanmar

Read in English

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကျား၊ မနှင့် ကလေးသူငယ် အယောက် ၁၂၅,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ မြန်မာ့သမိုင်းတွင် ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံး အဖြစ်အပျက်တစ်ခု အဖြစ် အမှတ်ရသင့်ပါသည်။ ထိုစဉ်က (အထူးသဖြင့် မုန်တိုင်းဖြစ်ပြီး နှစ်ပတ်အတွင်း) အစိုးရ၏ ကန့်သတ်ချက်များနှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် မုန်တိုင်းဒဏ်ခံရသူများ အတွက် ကူညီထောက်ပံ့ပေးမှုများမှာ လိုအပ်သည့် ပမာဏထက် အလွန်ပင် နည်းပါးစွာသာ ရရှိခဲ့သည်။ မုန်တိုင်းဒဏ်ထိခဲ့သည့် အလွန် ဆင်းရဲလှသော မိသားစုများထဲမှ အတော်များများသည် ယနေ့ထက်တိုင်ပင် အပြည့်အဝ နာလန်မထူနိုင်ကြသေးချေ။ သို့ရာတွင် နာဂစ်မုန်တိုင်းဒဏ်သင့်အပြီး နောက်ဆက်တွဲများသည် ၂၀၁၁-၁၂ ခုနှစ်တွင် ကောင်းသော နိုင်ငံရေး အပြောင်းအလဲများ ဖြစ်လာစေမည့် ကြိုးပမ်းအားထုတ်မှုများကို အသက်သွင်းပေးခဲ့သည်။ နာဂစ်မုန်တိုင်းကြောင့် အသိတရား ရသင့်ပါသည်။ နောင် ဆယ်စုနှစ်ပင် မကြာဘဲ နှစ်အနည်းငယ် အတွင်းပင် ရာသီဥတု ဖောက်ပြန်မှုများ၊ မြေငလျင်များ ထပ်မံ ဖြစ်ပေါ်မည်မှာ သေချာပါသည်။ 

ပုံ : Verve Photo

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉၆၀ ပြည့်နှစ်များမှ ယနေ့ထိ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်