အမေ့ခံအတိတ်
အမေ့ခံအတိတ်

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉၆၀ ပြည့်နှစ်များမှ ယနေ့ထိ)

"မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကျဆုံးလေသည့်" ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှ စ၍ နိုင်ငံသည် ဆန္ဒပြမှု၊ သပိတ်မှောက်မှုများ၊ စစ်အုပ်ချုပ်ရေး၊ ပြည်တွင်းစစ်နှင့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံခဲ့ရသည်။ ဤအပိုင်းတွင် လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်းက မြန်မာနိုင်ငံသည် ခေတ်သစ်ကမ္ဘာကြီးတွင် တည်ရှိနေခဲ့ပုံများကို နိုင်ငံရပ်ခြားမှ မြန်မာများ၏ ရှုမြင်မှုများဖြင့် သုံးသပ်ကာ ကမ္ဘာတစ်ဝှမ်း ဖြစ်ရပ်များက မြန်မာနိုင်ငံ အပေါ် အကျိုးသက်ရောက်မှုများကိုလည်း ဆွေးနွေးတင်ပြထားသည်။

Historic Events

၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာ မျက်နှာဖုံးသတင်း

၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာ (New York Times) ၏ ခေါင်းကြီးသတင်းမှာ “မြန်မာကျောင်းသား အရေးအခင်း ၁၅ ယောက်သေ၊ ညဘက်မထွက်ရ အမိန့်ထုတ်၊ အချိန်လွန် ဆန္ဒပြသူ ၂၇ ယောက် ဒဏ်ရာရ၊ တက္ကသိုလ်အဆောက်အဦ ဖောက်ခွဲခံရ” ဟူ၍ ဖြစ်သည်။ ပုံ - မဇ္ဇျိမ

အပြည့်အစုံ ဖတ်ရန်

ဟူလီယို ကော်တက်ဇာ၏ ရာယွဲလာ (Rayuela) ဝတ္ထုမှ မြန်မာအမည်များ

ကျော်ကြားသော အာဂျင်တီးနား နိုင်ငံသား (Argentina) စာရေးဆရာကြီး ဟူလီယို ကော်တက်ဇာ (Julio Cortazar) ၏ ၁၉၆၃ ခုနှစ်ထုတ် ရာယွဲလာ (Rayuela - ထွေခုန်တမ်း) ဆိုသည့် ဝတ္ထုတွင် အဓိက ဇာတ်ကောင်က အဓိပ္ပါယ်ကောက်၍ မရသော စကားလုံးများကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့ပြီး ထိုစကားလုံးများမှာ ဆန်းကြယ်လှသည်။ အောက်တွင် အဆိုပါဝတ္ထုထဲမှ ထိုထူးဆန်းသော...

အပြည့်အစုံ ဖတ်ရန်

၁၉၆၉ ခုနှစ်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနား

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Southeast Asia Games)၏ အိမ်ရှင်နိုင်ငံ အဖြစ် ၁၉၆၉ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၃ ခုနှစ်တွင် ဒုတိယအကြိမ် နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့သည်။ ၁၉၆၉ ခုနှစ်က အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲများ (Southeast Asian Peninsula Games – SEAP) ဟု ခေါ်ခဲ့သည်။ ပုံမှာ...

အပြည့်အစုံ ဖတ်ရန်

နာဂစ် ဆိုင်ကလုန်းမုန်တိုင်း

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကျား၊ မနှင့် ကလေးသူငယ် အယောက် ၁၂၅,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ မြန်မာ့သမိုင်းတွင် ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံး အဖြစ်အပျက်တစ်ခု အဖြစ် အမှတ်ရသင့်ပါသည်။ ထိုစဉ်က (အထူးသဖြင့် မုန်တိုင်းဖြစ်ပြီး နှစ်ပတ်အတွင်း) အစိုးရ၏ ကန့်သတ်ချက်များနှင့် အနောက်နိုင်ငံများ၏ စီးပွားရေး...

အပြည့်အစုံ ဖတ်ရန်

ကျားနှစ်

လွန်ခဲ့သော နှစ်တစ်ရာဝန်းကျင်က ပင်လယ်နက် (Black Sea) မှ ပစိဖိတ်သမုဒ္ဒရာ (Pacific Ocean) အထိ၊ ဆိုက်ဘေးရီးယားဒေသ (Siberia) မှ အိန္ဒိယသမုဒ္ဒရာ (Indian Ocean) အထိ အာရှတိုက် တစ်လွှားတွင် ကျားအရေအတွက် သိန်းနှင့်ချီကာ နေထိုင်ကျက်စားခဲ့သည်။ ယနေ့အချိန်တွင် ယင်းတို့ ကျက်စားရာ နယ်မြေမှာ ကျဉ်းသထက် ကျဉ်းလာပြီး ကျားအရေအတွက် ထောင်ဂဏန်းမျှသာ...

အပြည့်အစုံ ဖတ်ရန်

မွန်ထရီရယ်မြို့တွင် ကျင်းပသော ၁၉၆၇ ခုနှစ် နိုင်ငံတကာကုန်စည်ပြပွဲ (Expo '67)၊ မြန်မာနိုင်ငံ ပြခန်း၌ ဗိုလ်မှူးချုပ်ဦးတင်ဖေကို တွေ့ရစဉ်

၂၀ ရာစုနှစ် အတွင်း ကမ္ဘာ့ကုန်စည်ပြပွဲများစွာ ပြုလုပ်ခဲ့ရာ ၁၉၆၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကုန်စည်ပြပွဲကြီး ("Expo '67") သည် အအောင်မြင်ဆုံး ပြပွဲကြီးများထဲမှ တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၆၂ နိုင်ငံ ပါဝင်ပြီး လူသန်းပေါင်း ၅၀ ကျော် တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ ပြခန်းတွင် တိုင်းပြည်၏ အဖိုးတန်ဆုံး...

အပြည့်အစုံ ဖတ်ရန်

ဒီမိုကရေစီ ကျဆုံးသောနေ့

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မနက် ၂ နာရီခန့်တွင် မြန်မာ့တပ်မတော်သည် အတွင်းဝန်များရုံး၊ ဝင်ဒါမီယာအိမ်၊ ဟယ်လ်ပင်လမ်းမှ ဧည့်ဂေဟာနှင့် အခြား အရေးပါသော အစိုးရရုံးများကို ထိန်းသိမ်းလိုက်သည်။ နေ့ချင်းပင် သမ္မတကြီး မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနု၊ အစိုးရ အဖွဲ့ဝင်များနှင့် ရှမ်းစော်ဘွားများ အပါအဝင် ကျန်နိုင်ငံရေး ခေါင်းဆောင်များလည်း အထိန်းသိမ်းခံရသည်။ အရုဏ်မတက်မီပင်...

အပြည့်အစုံ ဖတ်ရန်

ယာဉ်မောင်းစနစ် ပြောင်းလဲလိုက်ကြောင်း ထုတ်ပြန်ကြေငြာချက်

၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက်နေ့က မြန်မာနိုင်ငံသည် လက်ယာကပ်မောင်းစနစ်သို့ ပြောင်းလဲလိုက်သော်လည်း ကားများကိုတော့ မပြောင်းလဲပါ။ ပုံ : ရေးနော့ဧဂရာတိုး (Renaud Egreteau)

အပြည့်အစုံ ဖတ်ရန်

ကမ်းဘရစ်ချ်တက္ကသိုလ်တွင် ပညာသင်ခဲ့သော မြန်မာသမိုင်းတွင် အရေးပါသည့် ပုဂ္ဂိုလ်ကြီးများ

မြန်မာနိုင်ငံ၏ ပြင်ပမှ တက္ကသိုလ်များထဲတွင် အင်္ဂလန်နိုင်ငံ (United Kingdom) ရှိ ကိန်းဘရစ်ချ် တက္ကသိုလ် (Cambridge University) လောက် မြန်မာနိုင်ငံ အတွက် အရေးပါခဲ့သော တက္ကသိုလ် ရှိမည် မဟုတ်ပါ။ (ရန်ကုန်တက္ကသိုလ်မှ လွဲ၍ ကိန်းဘရစ်ချ် တက္ကသိုလ်လောက် အရေးပါသည့် တက္ကသိုလ် ရှိမည် မဟုတ်ဟုပင် ဆိုနိုင်ပါသည်။)  ကိန်းဘရစ်ချ်တက္ကသိုလ်တွင် ပညာသင်ခဲ့သော မြန်မာသမိုင်း၏...

အပြည့်အစုံ ဖတ်ရန်

ကမ္ဘာကြီး ၄ ဒီဂရီ ဆဲလ်စီးရပ်စ် ပိုမိုပူနွေးလာတဲ့အခါ

ယခု ကမ္ဘာကြီးသည် စက်မှုခေတ် မတိုင်မီကထက် ၁ ဒီဂရီ ဆဲလ်စီးရပ်စ် ပိုမို ပူနွေးနေပြီ ဖြစ်သည်။ ထိပ်တန်းသိပ္ပံပညာရှင် အားလုံးက ၁.၅ ဒီဂရီ ပိုမိုပူနွေးလာလျှင် နောက်ပြန်လှည့်၍ မရနိုင်တော့ဟု လက်ခံထားကြပါသည်။ အကြီးဆုံးသော စီးပွားရေး အဆောက်အအုံများက အရေးပေါ်  ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ခြင်း မရှိပါက ၂၀၃၀ ခုနှစ် ရောက်လျှင် ထိုနောက်ပြန်လှည့်မရတော့မည့်...

အပြည့်အစုံ ဖတ်ရန်