အမေ့ခံအတိတ်
အမေ့ခံအတိတ်
အစောပိုင်းက မြန်မာစီးပွားရေး ကိုယ်စားလှယ်အဖွဲ့
event_note ခေတ်ကာလများပြပုံ

၁ သြဂုတ် ၁၉၂၃

အစောပိုင်းက မြန်မာစီးပွားရေး ကိုယ်စားလှယ်အဖွဲ့

Read in English

ပုံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ကို လန်ဒန်မြို့တွင် တွေ့ရသည့် မြင်ကွင်းဖြစ်ပါသည်။ ၁၉၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က ဘာမင်ဂန်မြို့ (Birmingham) သို့ ပျံသန်းမည့် ဗြိတိသျှပြည်တွင်းလေကြောင်း ဝန်ဆောင်မှု၏ ဟန်ဒလေပေ့ချ် ဒဘယူအိတ် (Handley Page W8) တောင်ပံနှစ်ထပ် ခရီးသည်တင် လေယာဉ်ကြီးပေါ်သို့ တက်နေသည့် အခိုက် ဖြစ်သည်။ ဤသည်မှာ "ဒိုင်အာခီ"အစိုးရ အုပ်ချုပ်ရေး အစဦးပိုင်းကာလ ဖြစ်ပြီး မြန်မာပြည်သည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခု အဖြစ် ရှိနေဆဲဖြစ်သည်။ ကိုယ်စားပြု အစိုးရအဖွဲ့ ပေါ်ပေါက်ရေးဆီသို့ တစ်လှမ်းချင်းစီ ချီတက်ရန် ကြိုးပမ်းလာနေကြသည်။ ၁၉၂၂ ခုနှစ်တွင် ပထမဦးဆုံး ရွေးကောက်ပွဲ၊ ပထမဦးဆုံးသော ဥပဒေပြုလွှတ်တော် (အတွင်းဝန်များရုံးတွင် တည်ရှိခဲ့)၊ ပထမဦးဆုံးသော မြန်မာဝန်ကြီးများ စသဖြင့် ပေါ်ပေါက်လာခဲ့သည်။ 

၁၉၂၀ ပြည့်နှစ်များက လုပ်ငန်းများ အခြေအနေ ကောင်းလှရာ တိုင်းပြည်စီးပွားရေး အောင်မြင်ထွန်းကားသော ရွှေခေတ် ဖြစ်ခဲ့သည်။ ဆန်နှင့် ကျွန်းသစ် တင်ပို့ရောင်းချခြင်းမှ အမြတ်အစွန်းက မနည်းလှ။ ရန်ကုန်မြို့မှာ ခေတ်မီတိုးတက်ပြီး နိုင်ငံတကာမှ လူမျိုးပေါင်းစုံရှိသည့် ဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံဘက်မှ လူဝင်မှု နှုန်းထားသည် ၁၉၂၈ ခုနှစ်တွင် အမြင့်ဆုံးတွင် ရှိနေခဲ့သည်။  ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီးဆိုက်ခြင်း (Great Depression) နှင့်အတူ ထိုအရာများ အားလုံး ရုတ်တရက် ပြိုလဲပျက်စီးသွားတော့သည်။ ၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာ့သွင်းကုန်ပို့ကုန် ဈေးနှုန်းများ ကမောက်ကမဖြစ် ထိုးဆင်းသွားသည်။ အလုပ်လက်မဲ့ အရေအတွက် မိုးထိုးလာပြီး စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံရသည်။ မြေယာလွှဲပြောင်းရေး ဖြစ်သည်။ ယင်းနောက် ၁၉၃၉ ခုနှစ် ရန်ကုန်မြို့တွင် လူမျိုးရေး အဓိကရုဏ်များ ဖြစ်ပွားသည်။ ဖက်ဆစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒ ထကြွလာပြီး နောက်ဆုံး ၁၉၄၁ ခုနှစ်တွင် စစ်ဖြစ်ကာ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်