ရန်ကုန်ကျခြင်း
event_note ခေတ်ကာလများပြပုံ

၈ မတ် ၁၉၄၂

ရန်ကုန်ကျခြင်း

Read in English

နှစ်လခွဲမျှ ပြင်းထန်စွာ ဗုံုးကြဲတိုက်ခိုက်ခံရပြီးနောက် ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့သည် ဂျပန်လက်အောက်သို့ ကျရောက်သွားခဲ့သည်။ ထိုမတိုင်ခင် ရက်သတ္တ ဆယ်ပတ်အတွင်း ဂျပန် စစ်လေယာဉ်များ ဗုံးကြဲမှုကြောင့် အရပ်သား ၂၀၀၀ ခန့် အသက်ဆုံးရှုံးပြီး လူပေါင်း ၄ သိန်းခန့် စစ်ပြေးဒုက္ခသည်ဖြစ်ခဲ့ကြသည်။ မြို့တော်၏ သဘောကျင်းများ၊စက်ရုံများ၊ ရေနံချက်စက်ရုံများနှင့် မီးရထားသံလမ်းများ စသည်တို့ကို ကိုလိုနီအာဏာပိုင်တို့က မြို့မှ မထွက်ခွာမီ ဖျက်ဆီးပစ်ခဲ့ကြသည်။ ခေတ်ပျက်ကာလတွင် ရာပေါင်းများစွာသော ရုံးများ၊ဈေးဆိုင်များကို လူထုက ဝင်ရောက်လုယက်သည်။ နောက်သုံးလအကြာအတွင်း ဗြိတိသျှတို့သည် ဦးစွာ ရန်ကုန်မှ မန္တလေး၊ ထို့နောက် မန္တလေးမှ အာသံသို့ တရစပ် ဆုတ်ခွာရခြင်းသည် ဗြိတိသျှသမိုင်းတွင် ခရီးအရှည်ကြာဆုံး တပ်ဆုတ်ရခြင်းအဖြစ် မှတ်တွင်နိုင်ပေသည်။ အရှေ့တောင်အာရှတွင်း ခေတ်မီအတိုးတက်ဆုံး နိုင်ငံစာရင်းဝင် မြန်မာပြည်သည်လည်း စစ်ဘေးကြောင့်စီးပွားပျက်ကပ်ဆိုက်ခဲ့ရလေသည်။ ဤသည်မှာ အစိုးရအိမ်တော် (ယခု တိုင်းဒေသကြီးလွှတ်တော်ရှိရာ အနီးတစ်ဝိုက်)ရှေ့ ၌ အောင်ပွဲခံနေသော ဂျပန်တပ်များ၏ပုံ ဖြစ်သည်။ ၁၉၄၅ ခုနှစ် သြဂုတ်လတွင် ထိုနေရာ၌ပင် ဂျပန်တပ်မတော်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး တာကာရှိရိုကာဝါဘဲ (Takashiro Kawabe)သည် ဂျပန်တို့လက်နက်ချကြောင်း တရားဝင်လက်မှတ်ရေးထိုးခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်