အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ဗဟိုချက်မ
event_note ခေတ်ကာလများပြပုံ

၁၉၆၁

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ဗဟိုချက်မ

Read in English

၁၉၆၁ ခုနှစ်ဝန်းကျင် ကုန်သည်လမ်းနှင့် ဖယ်ရာလမ်းထောင့်။နောက်ခံတွင် ရန်ဒါဟောက်စ်ကို မြင်နေရပါသည်။ ထိုလမ်းဆုံတစ်ဝိုက်သည် မြို့တော်၏ ဘဏ္ဍာရေး ဗဟိုချက်မဖြစ်ခဲ့ဖူးပါသည်။ ထိုခေတ်က အာရှတွင် တိုးတက်ဆုံးသော ဘဏ္ဍာရေးစနစ်များထဲတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစနစ်သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ထိုဘဏ္ဍာရေး အချက်အချာနေရာတွင် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ်များ အရေအတွက် ဒါဇင်နှင့်ချီကာ တည်ရှိခဲ့သည်။ (လမ်းဆုံမှ အောက်ဘက် ဆက်လျှောက်သွားပါက ညာဘက်တွင် တွေ့ရမည့်) Lloyds Bank နှင့် Standard and Charter Bank အပါအဝင် HSBC နှင့် Grindlays အစရှိသော ဘဏ်များ၊ Prudential ကဲ့သို့သော အာမခံကုမ္ဗဏီများ တည်ရှိရာနေရာဖြစ်ခဲ့သည်။ (ဘဏ္ဍာရေးလုပ်ငန်းများအားလုံး ပုံပါလမ်းဆုံမှ တစ်ဘလောက်အတွင်းတွင် ရှိကြသည်။)

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်