အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဂျော့ချ်အိုဝဲလ် သွားနေကျ ရန်ကုန် စာအုပ်ဆိုင်
event_note ခေတ်ကာလများပြပုံ

၁၈၉၇ - 1990s

ဂျော့ချ်အိုဝဲလ် သွားနေကျ ရန်ကုန် စာအုပ်ဆိုင်

room United Kingdom

Read in English

“ရန်ကုန်ခရီးစဉ်များရဲ့ အရသာကတော့ စမာ့တ်အန်မူခါဒန် (Smart & Mookerdum) စာအုပ်ဆိုင်သွားပြီး အင်္ဂလန်မှာ အသစ်ထွက်တဲ့ ဝတ္ထုစာအုပ်တွေကို သွားဝယ်ရတာပါပဲ…” ဂျော့ချ်အိုဝဲလ် 

တစ်ချိန်က ရှိခဲ့ဖူးသည့် ဆူးလေဘုရားလမ်းမှ စမာ့တ်အန်မူခါဒန် စာအုပ်ဆိုင်သည် အလွန်ထူးခြားသော နေရာတစ်ခုဖြစ်သည်။ အင်္ဂလိပ်ဘာသာ စာအုပ်များ ရောင်းချသည့် ရန်ကုန်တွင် ပြိုင်ဘက်ကင်းသော ဆိုင်ဖြစ်သည်။ ဂျော့ချ်အိုဝဲလ် (အဲရစ်ဘလဲ) သာမက ဦးအောင်ဆန်း၊ ဦးသန့်နှင့် ဦးနုတို့ အပါအဝင် ခေတ်အဆက်ဆက် မြန်မာတို့၏ အနှစ်သက်ဆုံး စာအုပ်ဆိုင် ဖြစ်ခဲ့ပေသည်။ ယင်းစာအုပ်ဆိုင်ကို (ကုန်သည်လမ်းနှင့် ဖဲယားလမ်းထောင့်) ဆိုဖယ်အဆောက်အဦတွင် ၁၈၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် ဘားလမ်း၊ ထိုမှတစ်ဆင့် ဆူးလေးဘုရားလမ်းပေါ် မောင်ဂိုမာရီလမ်းထောင့် အနီး (ယနေ့ ဆူးလေရှန်ဂရီလာဟိုတယ် တည်ရှိရာ) သို့ ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။ ၁၉၆၀ပြည့်နှစ်များ အတွင်း ပြည်သူပိုင် သိမ်းခံရပြီး မကြာမီ အရောင်းအဝယ် ကျသွားတော့သည်။ စာအုပ်ဆိုင်တည်ရှိရာ အဆောက်အအုံကို ၁၉၉၀ ပြည့်နှစ်များအတွင်းက ဖြိုချလိုက်ကြသည်။ အနာဂတ်ရန်ကုန်မြို့တော်သည် ပိုမို၍ စိမ်းလန်းစိုပြေ သန့်ရှင်းသပ်ရပ်ပြီး စာအုပ်ကောင်းကောင်းများရှိပါက မည်မျှ ကောင်းပေးလိမ့်မည်နည်း။ 

ပုံ : စမာ့တ်အန်မူခါဒန် စုဆောင်းမှု (The Smart & Mookerdum Collection)

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်