အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗိုလ်အောင်ကျော် အမှတ်တရ
event_note ခေတ်ကာလများပြပုံ

၂၀ ဒီဇင်ဘာ ၁၉၃၈

ဗိုလ်အောင်ကျော် အမှတ်တရ

room Myanmar

Read in English

၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့၌ စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ပေါ်တွင် ရဲတို့က တိုက်ခိုက်ခဲ့သဖြင့် တက္ကသိုလ်ကျောင်းသား ဗိုလ်အောင်ကျော် ကျဆုံးခဲ့ပြီး ကိုလိုနီဥပဒေများကို ဆန့်ကျင်ဆန္ဒပြသည့် ရာချီသော ဆန္ဒပြ ကျောင်းသားကျောင်းသူများလည်း အတွင်းဝန်ရုံးကို ချီတက်ကြစဉ် တိုက်ခိုက်ခံခဲ့ကြရသည်။ ဗိုလ်အောင်ကျော်သည် အမျိုးသားရေး လှုပ်ရှားမှုများ အတွင်း ဦးဆုံးပေါ်ပေါက်ခဲ့သော အာဇာနည် ဖြစ်ပြီး နောက်တစ်ပတ် အကြာတွင် ပြုလုပ်သည့် သူ၏ ဈာပနကို လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြရာ လူတန်းကြီးမှာ ရှည်လျားလှသဖြင့် အသုဘပို့သူများသည် ရန်ကုန်တက္ကသိုလ်မှ ကြံတောသချိုင်း(ယခု Junction Square စင်တာ) သို့ မိုင်ဝက်မျှ ခရီးကို လေးနာရီ ကြာအောင် လျှောက်ခဲ့ကြရသည်။ မြန်မာအမျိုးသားရေးဝါဒသည် ထိုစဉ်ကစ၍ အစွန်းရောက်မည့်လမ်းသို့ စတင်ချိုးကွေ့လာခဲ့သည်။ ပြင်ပကမ္ဘာကြီးတွင်မူ ဥရောပတိုက်သည် ဒုတိယကမ္ဘာစစ်ကြီးသို့ ဦးတည်နေခဲ့သည်။ (တိုင်းမဂ္ဂဇင်း (Times) က အဒေါ့ဖ်ဟစ်တလာ (Adolf Hitler) ကို ထိုနှစ်အတွက် အထူးခြားဆုံး အကျော်ကြားဆုံး အဖြစ် ရွေးချယ်ဖော်ပြခဲ့သည်။) ဂျပန်တပ်မတော်က တရုတ်ပြည်ကို ဝင်ရောက်ထိုးဖောက်လာရာ ချန်ကေရှိတ် (Chiang Kai-shek) အစိုးရသည် ချုံကင်းမြို့ (Chongking) သို့ ပြောင်းရွှေ့ရသည်။ နောင်နှစ်နှစ် အကြာတွင် မြန်မာနိုင်ငံသို့ ကမ္ဘာစစ်ကြီး ရောက်ရှိလာခဲ့လေသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်