အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဂျူဗလီဟော
event_note ခေတ်ကာလများပြပုံ

၁၉၄၇ - ၁၉၈၅

ဂျူဗလီဟော

people Sir John Gielgud

Read in English

ဂျူဗလီဟောသည် သမိုင်းတွင် အင်မတန် အရေးပါသော နေရာ ဖြစ်သည်။ ၁၈၉၇ ခုနှစ်က ဝိတိုရိယ ဘုရင်မကြီး (Queen Victoria) ၏ စိန်ရတု အထိမ်းအမှတ် အဖြစ် တည်ဆောက်ခဲ့သော ဂျူဗလီဟောသည် အများပြည်သူများနှင့် သက်ဆိုင်သော အခမ်းအနားများစွာ ကျင်းပရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်က ဂျူဗလီဟောတွင် ဖက်ဆစ်တော်လှန်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) ညီလာခံ ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတကွ ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ထိုနေရာ၌ပင် ပြသထားခဲ့သည်။ ပေါ်ထွက်ခဲ့ဖူးသမျှ သရုပ်ဆောင်များထဲမှ အထူးချွန်ဆုံးသော မင်းသားတစ်ဦး ဖြစ်သည့် ဆာဂျွန်ဂျီလ်ဂွတ် (Sir John Gielgud) သည်လည်း ၁၉၄၆ ခုနှစ်တွင် ဂျူဗလီဟော၌ ဟမ်မလက် (Hamlet) ပြဇာတ်ကို ကပြသွားခဲ့ဖူးသည်။ ၁၉၈၅ ခုနှစ်က ဂျူဗလီဟောကို ဖြိုဖျက်လိုက်ခြင်းသည် ထိုအချိန်က ကျိုင်းတုံစော်ဘွား၏ ဟော်နန်းကို ဖြိုချပစ်လိုက်ခြင်းကဲ့သို့ပင် သမိုင်းဝင် အမွေအနှစ်ကို လက်သရမ်းဖျက်ဆီးခြင်း လုပ်ရပ်တစ်ခု ဖြစ်ပေသည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်