အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဂျပ်ဆင်၏ ဘဝကြောင်း
event_note ခေတ်ကာလများပြပုံ

ဇူလိုင် ၁၈၁၃ - ၁၈၅၀

ဂျပ်ဆင်၏ ဘဝကြောင်း

room United States

people Adoniram Judson Anne Hesseltine Judson

Read in English

၁၈၁၃ ခုနှစ် ဇူလိုင်လတွင် မန်ဆာချူးဆက်ပြည်နယ် (Massachusetts) မှ သာသနာပြု ဇနီးမောင်နှံ အဒိုနီရမ် နှင့် အန်းန် ဟက်ဆဲလ်တိုင်း ဂျပ်ဆင် (Adoniram and Ann Hesseltine Judson) တို့သည် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ကြသည်။ (ပုံပါ အမျိုးသမီး) အန်းန်သည် ၁၈၂၅ ခုနစ်တွင် ဝက်သက်ရောဂါဖြင့် အမ်ဟာ့စ်မြို့ (ယနေ့ခေတ် ကျိုက္ခမီမြို့) ၌ ကွယ်လွန်ခဲ့သည်။ အဒိုနီရမ် ဂျပ်ဆင်မှာမူ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ကာလအတွင်း အကျဉ်းကျနေခဲ့ပြီး နောင်တွင် ပြန်လွတ်လာခဲ့သည်။ ထိုမှသည် ၁၈၅၀ ခုနှစ် သူ သေဆုံးသည့် အချိန်ထိ မြန်မာပြည်တွင် ဆက်လက် နေထိုင်သွားခဲ့သည်။ သူသည် ပထမဦးဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုရေးသားခဲ့သည်။ မြန်မာပြည်ရှိ ဂျပ်ဆင်ကောလိပ်နှင့် ဂျပ်ဆင်ဘုရားကျောင်းများ အပြင် အမေရိကန်ပြည်ထောင်စုတွင်လည်း သူ၏အမည်အား မှည့်ခေါ်ထားသော ဘုရားကျောင်း အရေအတွက် အနည်းဆုံး ၃၀ ခန့် ရှိလေသည်။ နယူးယောက်မြို့ ဝါရှင်တန်စကွဲ (Washington Square) ရှိ ဘုရားကျောင်းသည်လည်း တစ်ခုလည်း အပါအဝင် ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်