အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဘာသာစကား ဆွေမျိုးများ

21st Century

ဘာသာစကား ဆွေမျိုးများ

room India

Read in English

လာဒါခီ (Ladhaki နှင့် ဘော်လ်တီ - Balti) ဘာသာစကားများသည် တိဘက်ဘာသာ (Tibet) နှင့် အလွန်နီးစပ်သည်။ တိဘက်-မြန်မာနွယ် (Tibeto-Burman) ဘာသာစကား ပြောဆိုသည့် လူမျိုးများတွင် အနောက်ဘက် အကျဆုံးဒေသတွင် နေထိုင်သူများ ဖြစ်သည်။ မြန်မာဘာသာနှင့် ဘာသာစကားချင်း ဆွေမျိုးတော်စပ်သည်ဟု ဆိုနိုင်ပါသည်။ တိဘက်-မြန်မာနွယ် ဘာသာစကား ဆိုသည်မှာ လူသန်း ၅၀ ခန့် ပြောဆိုကြသည့် ဘာသာစကားများကို စုစည်းထားသည့် မိသားစု ဖြစ်သည်။ ထိုမိသားစုထဲတွင် အများဆုံး အသုံးပြု ပြောဆိုကြသည့် ဘာသာစကားများမှာ တိဘက်ဘာသာနှင့် မြန်မာဘာသာ ဖြစ်သည်။ ဂျင်းဖော၊ ချင်း၊ နာဂ၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ ဘာသာစကားများသည်လည်း ဤမိသားစုဝင်ပင် ဖြစ်ကြသည်။ မြန်မာဘာသာနှင့် အနီးစပ်ဆုံးသော တိဘက်-မြန်မာနွယ် ဘာသာစကားများမှာ အိ (Yi)၊ နာရှီ (Naxi)၊ လီဆူး (Lisu)၊ အတ်စီ (Atsi)၊ နှင့် မာရူ (Maru) တို့ ဖြစ်သည်။လာဒါခီ ဘာသာစကားကို လာဒါ့ခ် (Ladakh) ဒေသတွင် ပြောဆိုကြသည်။ လာဒါ့ခ်ပြည်သည် တစ်ချိန်က လွတ်လပ်သည့် ပြည်ထောင် အဖြစ် တည်ရှိခဲ့သော်လည်း ယနေ့တွင် အိန္ဒိယနိုင်ငံ ဂျန်မူ (Jammu) နှင့် ကက်ရှ်မီယား (Kashmir) ပြည်နယ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်