အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၉ ခုနှစ်က သမ္မတစဝ်ရွှေသိုက် ဧည့်ခံသော နေ့လည်စာစားပွဲ
event_note ခေတ်ကာလများပြပုံ

၁၉၄၉

၁၉၄၉ ခုနှစ်က သမ္မတစဝ်ရွှေသိုက် ဧည့်ခံသော နေ့လည်စာစားပွဲ

room Myanmar

people President Sao Shwe Theik

Read in English

၁၉၄၉ ခုနှစ် ဧပြီလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရအိမ်တော်တွင် သမ္မတကြီး စဝ်ရွှေသိုက်မှ တည့်ခင်းဧည့်ခံသော နေ့လည်စာ စားပွဲကို ရိုက်ကူးထားသော ဓါတ်ပုံ ဖြစ်သည်။ ထိုအချိန်က ပြည်တွင်းစစ်သည် အထွတ်အထိပ်သို့ ရောက်နေပြီး ဗမာ့တပ်မတော်သည် အင်းစိန်မြို့နယ်၊ တွံတေးမြို့၊ ပုသိမ်မြို့၊ ဟင်္သာတမြို့၊ တောင်ငူမြို့၊ ပြည်မြို့၊ မန္တလေးမြို့၊ မေမြို့နှင့် အခြားမြို့များစွာကို ပြန်လည် အုပ်ချုပ်မှု ရရှိရန် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ပြည်သူ့ရဲဘော် (PVO)၊ ကွန်မြူနစ်၊ မူဂျာဟစ်ဒင် (Mujahideen) နှင့် အခြားသော လက်နက်ကိုင် အဖွဲ့မျိုးစုံနှင့် အပြင်းအထန် တိုက်ပွဲဝင်နေရချိန် ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ညှိနှိုင်းမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သွားခဲ့သည်။ များမကြာမီ ဒုတိယကမ္ဘာစစ် သူရဲကောင်း ဖြစ်သည့် နော်ဆိုင်းနှင့် အင်အား ၂၀၀၀ မျှ ရှိသော သူ၏ ကချင်တပ်ဖွဲ့က ရန်ကုန်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းရာ မြို့အနီး မိုင်တစ်ရာ အထိ ရောက်ရှိခဲ့ပြီးမှ ပြန်လည် နှိမ်နင်းနိုင်လိုက်သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်