အမေ့ခံအတိတ်
အမေ့ခံအတိတ်

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁)

1940s
မိတ္ထီလာတိုက်ပွဲနှင့် မန္တလေးတိုက်ပွဲသည် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များနှင့် ဂျပန်အင်ပါယာအကြား လွန်စွာအရေးပါလှသော တိုက်ပွဲများဖြစ်ကြသည်။

ယခုရက်သတ္တပတ်များအတွင်း မိတ္ထီလာတိုက်ပွဲနှင့် မန္တလေးတိုက်ပွဲတို့၏ ၇၁ နှစ်မြောက် နှစ်ပတ်လည် ကျရောက်သည်။ ယင်းတိုက်ပွဲနှစ်ခုသည် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များနှင့် ဂျပန်အင်ပါယာအကြား လွန်စွာအရေးပါလှသော တိုက်ပွဲများဖြစ်ကြသည်။ မြန်မာ့သမိုင်းကြောင်း ရှေးရှုရာကိုလည်း ပြောင်းလဲသွားစေခဲ့သော တိုက်ပွဲများဖြစ်သည်။ ၁၉ ၄၃ ခုနှစ် နိုဝင်ဘာလတွင် ကိုင်ရို၌ အသစ်ဖွဲ့စည်းလိုက်သည့် “ကုလသမဂ္ဂ”၏ ခေါင်းဆောင်များဖြစ်သော ဖရန်ကလင်းဒီရိုစဘက် (Franklin D. Roosevelt)၊ ဝင်စတန်ချာချေးလ် (Winston Churchill)၊ ချန်ကေရှိတ် (Chang Kai-shek) တို့သည် မြန်မာပြည်ကို ကျည်းကြောင်းမှ ထိုးဖောက်ဝင်ရောက်ရန် သဘောတူလိုက်ကြသည်။...

၂၅ ဇွန် ၁၉၀၀ - ၂၅ ဇွန် ၁၉၀၃
မြန်မာပြည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဆက်စပ်နေသူနှစ်ဦး၏ မွေးနေ့

ဇွန်လ ၂၅ ရက်နေ့သည် မြန်မာပြည်၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဆက်စပ်နေသည့် နာမည်ကျော်နှစ်ဦး၏ မွေးနေ့ ဖြစ်သည်။ လော့ဒ်မောင့်ဘက်တန် (Lord Mountbatten) ကို ၁၉၀၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဖွားမြင်ပြီး သူသည် အိန္ဒိယနိုင်ငံ၏ နောက်ဆုံးဘုရင်ခံချုပ် ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့တောင်အာရှ မဟာမိတ်တပ်များ၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘီအိုင်အေတပ်မတော်ကို ကူညီထောက်ပံ့ရန် သဘောတူညီခဲ့သူလည်း ဖြစ်သည်။
 ဂျော့အိုဝယ်လ် (George Orwell) ကို...

၂၀ ဇန်နဝါရီ ၁၉၁၀
မြန်မာပြည်၏ ထင်ရှားသောအရပ်ဘက်ဝန်ထမ်း ဦးညွန့်၏ မွေးနေ့

မြန်မာပြည်၏ ထင်ရှားသော အရပ်ဘက်ဝန်ထမ်းများစွာထဲမှ တစ်ဦးဖြစ်သူ ဦးညွန့်ကို ၁၉၁၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်၊ အောက်စ်ဖို့ဒ် တက္ကသိုလ် နှင့် လန်ဒန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ဦးညွန်သည် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လွတ်လပ်သော မြန်မာပြည်အစိုးရတွင် အကြီးတန်းအရပ်ဘက်ဝန်ထမ်းတဦး အဖြစ် တာဝန်ထမ်းခဲ့သည်မှာ ကုလသမဂ္ဂသို့ ၁၉၅၃ ခုနှစ်တွင် သွားရောက် တာဝန်မထမ်းဆောင်ရခင် အထိပင်ဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း ဦးညွန့်သည် ကုလသမဂ္ဂ ၏ အာရှနှင့် အရှေ့ဘက်ဒေသများဆိုင်ရာ...

၂၃ ဒီဇင်ဘာ ၁၉၄၁
မြန်မာ့စစ်ပွဲကင်းမဲ့နေ့ရက်များ

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် စစ်မီး အတိငြိမ်းသည့်အချိန် ၃၁ လသာ ရှိခဲ့သည်။ ဂျပန်တို့ မဟာမိတ်တို့ထံ လက်နက်ချခဲ့သော ၁၉၄၅ ခုနှစ် သြဂုတ်လမှ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သော ၁၉၄၈ ခုနှစ် မတ်လအကြား ကာလပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ် လမ်းကြောင်းများ အကြောင်း စဉ်းစားကြရသည့်အခါတိုင်း နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော လက်နက်ကိုင်တိုက်ပွဲများ အကြောင်းကိုလည်း ချန်ရစ်ထား၍ မရပေ။...

၁၉၄၁ - ၈ မေ ၁၉၄၈
ဦးစော ကြိုးပေးခံရခြင်း

၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်မှုဖြင့် အင်းစိန်ထောင်တွင် ဦးစောအား ကြိုးပေးစီရင်ခဲ့သည်။ လုပ်ကြံမှုှနှင့် ပတ်သက်၍ ပဟေဌိများစွာ ရှိသော်လည်း ဦးစော၏ ပါဝင်ပတ်သက်မှုမှာ အငြင်းပွားစရာ မရှိပေ။ ရုပ်အလောင်းကို ထောင်အတွင်းမှာပင် အမည်မတပ်ထားသော အုတ်ဂူတစ်ခုတွင် မြေမြှုပ်သြင်္ဂီုလ်ခဲ့သည်။ ဝဲဘက်မှ ဓာတ်ပုံမှာ ၁၉၄၁ ခုနှစ်က လန်ဒန်နှင့် ဝါရှင်တန်သို့ မြန်မာပြည် နန်းရင်းဝန် (ဝန်ကြီးချုပ်)အဖြစ် ဦးစော သွားရောက်ခဲ့စဉ်ကပုံ ဖြစ်ပါသည်။

၂၀ မတ် ၁၉၄၅
မန္တလေးစစ်ပွဲနှင့် မိတ္ထီလာစစ်ပွဲ

၁၉၄၅ ခုနှစ် မတ်လ ၂၀ ရက်တွင် ဗိုလ်ချုပ်ကြီး ဆာမွန်တေဂူစတော့ဖို့ (Sir Montagu Stopford) ဦးစီးသော အမှတ် ၁၄ ဗြိတိသျှခြေမြန်တပ်မ၏ တပ်စုအမှတ် ၃၃သည် မန္တလေးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီး ရှိဟာချီကာတာမူရာ (Shihachi Katamura) ဦးစီးသော အမှတ် ၁၅ ဂျပန်တပ်မတော်သည် မန္တလေးမြို့တွင် တပ်စွဲထားပြီး လူအင်အား၊ လက်နက်အင်အား မမျှသော်လည်း ရွပ်ရွပ်ချွံချွံ ခုခံခဲ့ကြသည်။ ထိုလအစောပိုင်းက မိတ္ထီလာမြို့သည်လည်း အမှတ် ၂၅၄၊ ၂၅၅ အိန္ဒိယသံချပ်ကာတပ်များ...

၁၅ မေ ၁၉၄၅
ဒုတိယဗိုလ်ချုပ်ကြီး စလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြား ဆက်ဆံရေး

၁၉၄၅ ခုနှစ် မေလ ၁၅ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် အောင်လံမြို့နေ၍ ဧရာဝတီမြစ်ကို ဖြတ်သန်းသည်။ မေလ ၁၆ ရက်နေ့တွင် မိတ္ထီလာမြို့သို့ လေယာဉ်ဖြင့် ခရီးဆက်ကာ အမှတ် ၁၄ ဗြိတိသျှ တပ်မတော်၏ ဒုတိယဗိုလ်ချုပ်ကြီး ဝီလီယံ စလင်း (Lt. General William Slim)နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်။ အမှတ် ၁၄ တပ်မတော်သည် ဒုတိယကမ္ဘာစစ်တွင်းက အင်အားအကြီးမားဆုံး ဓနသဟာယစစ်တပ် ဖြစ်သည်။ အိန္ဒိယ၊ အာဖရိကန်၊ ဗြိတိသျှ၊ ဂေါ်ရခါး၊...

ဒီဇင်ဘာ ၁၉၄၇
ဦးနုနှင့် ဂန္ဒီကို ဒေလီတွင် တွေ့ရစဉ်

ဂန္ဒီလုပ်ကြံမခံရမီ တစ်လ ကျော်ကျော်ခန့်အလို၊ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလတွင် ဦးနု (ထိုစဉ်က သခင်နု) နှင့် မဟတ္တမဂန္ဒီကို ဒေလီ (Delhi) ရှိ ဘယ်လာအိမ် (Birla House) တွင် အတူတကွ တွေ့မြင်ရခြင်း ဖြစ်သည်။ ဂန္ဒီက ဦးနုလက်ဆောင်ပေးသော မြန်မာခမောက်ကို ဆောင်းထားပါသည်။

၁၉၄၇ - ၁၉၉၅
ဂျူဗလီဟော

ဤသည်မှာ ဂျူဗလီဟောပုံ ဖြစ်သည်။ ဂျူဗလီဟောသည် အများပြည်သူများနှင့် သက်ဆိုင်သော အခမ်းအနားများစွာ ကျင်းပရာနေရာတစ်ခု ဖြစ်ခဲ့သောကြောင့် သမိုင်းတွင် အင်မတန် အရေးပါသော နေရာဖြစ်သည်။ ဂျူဗလီဟော၌ ၁၉၄၇ ခုနှစ်က ဖက်ဆစ်တော်လှန်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး (AFPFL) ညီလာခံ ကျင်းပခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ထိုနေရာ၌ပင် ပြသထားခဲ့သည်။ ပေါ်ထွက်ခဲ့ဖူးသမျှ သရုပ်ဆောင်များထဲမှ အထူးချွန်ဆုံးသော ဇာတ်ဆောင်မင်းသားတစ်ဦးဖြစ်သည့် ဆာဂျွန်ဂျီလ်ဂွတ် (Sir John Gielgud) သည်လည်း ၁၉၄၆ ခုနှစ်တွင် ဂျူဗလီဟော၌...

၁၂ ဖေဖေါ်ဝါရီ ၁၉၄၇
ပြည်ထောင်စုနေ့ အထိမ်းအမှတ်

ယနေ့ပြည်ထောင်စုနေ့သည်.၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ချုပ်ဆိုခဲ့သော ပင်လုံသဘောတူညီမှုစာချုပ်ကို အမှတ်ရစေပါသည်။ ပင်လုံစာချုပ်မှာ (ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော) ဗမာအစိုးရအလုပ်အမှုဆောင်အဖွဲ့ကိုယ်စားလှယ်များ၊ တောင်တန်းဒေသ (ချင်းတောင်တန်း၊ကချင်တောင်တန်း၊ရှမ်းပြည် နှင့်အတူ ကိုးကန့်နှင့်ဝတောင်တန်းဒေသ) ကိုယ်စား လှယ်များ၊ရှမ်းစော်ဘွားများ နှင့် အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်၏ကိုယ်စားလှယ်များ အကြား ရက်ပေါင်းများစွာ အကြေအလည်ဆွေးနွေးခဲ့ကြရသည့် ရလဒ်ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ ဦးတင်ထွဋ်က ဗမာ အစိုးရ အဖွဲ့ကို ကူညီပံ့ပိုးပါသည်။ ဘုရင်ခံ၏ အလုပ်အမှုဆောင်ကောင်စီတွင် တောင်တန်းဒေသကိုယ်စားလှယ် ဟူသော အဖွဲ့ဝင်နေရာအသစ်တခုထားရှိရန်၊ဘဏ္ဍာရေး ယာယီစီမံချက်များ၊ ကချင်ပြည်နယ်...

၁၉၄၇ - ၄ ဇန်နဝါရီ ၁၉၄၈
လွတ်လပ်ရေးနေ့ နှစ်ပတ်လည်

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် (များမကြာမီ ပြည်တွင်းစစ်မီးများ တောက်လောင်မည့်) စပ်ကူးမပ်ကူးကာလကို ကောင်းမွန်စွာ နားလည်သဘောပေါက်ရန် ထိုစဉ်က ကမ္ဘာတစ်ဝန်းရှိ အဖြစ်အပျက်များကို အသိအမှတ်ပြုဖို့ အရေးကြီးပါသည်။ ၁၉ ၄၈ ခုနှစ် အစောပိုင်းကာလတွင် ကမ္ဘာကြီးတစ်ခုလုံး ဂယက်နေခဲ့သည်။ - ဆိုဗီယက်က ဘာလင်ကို ပိတ်ဆို့လိုက်ရာ အသစ်ပေါ်ပေါက်လာသည့် စစ်အေးတိုက်ပွဲ ဆူပွက်တော့မည့် အခြေအနေတွင် ရှိနေသည်။ - စစ်ဒဏ်ကြောင့် ဖြူခါပြာခါကျနေသော ဥရောပကို ပြန်လည်တည်ဆောက်မည့် မာရှယ်အစီအစဉ် “Marshall Plan” ကို အမေရိကန်က အတည်ပြုတော့မည့်ဆဲဆဲ အချိန်ဖြစ်သည်။...

၁၅ သြဂုတ် ၁၉၄၇
လွတ်လပ်ရေး သမိုင်းကြောင်းချင်း နီးစပ်ခဲ့သော အိန္ဒိယနှင့် မြန်မာ

၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗြိတိသျှလက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်ရေး ရသည်။ ထိုအချိန်တွင် တိုင်းပြည်မှာ အပိုင်းပိုင်းကွဲနေပြီး တစ်ဆက်တည်းမှာပင် ပါကစ္စတန်နိုင်ငံအသစ် ပေါ်ပေါက်လာခဲ့သည်။ များမကြာမီပင် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့သည်။ သို့သော် ထိုစဉ်က မြန်မာနိုင်ငံသည် ဓနသဟာယနိုင်ငံများ ပြင်ပ၊ လွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံအဖြစ် မရှိသေးပါ။ ထို့ကြောင့် ကော်မရှင်နာမင်းကြီး (ဦးဝင်း)က  နယူးဒေလီသို့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သည်။

မြန်မာနှင့် အိန္ဒိယအကြား လွတ်လပ်ရေးရရန် အစပျိုးသည့်လမ်းစဉ်မှာ...

၁၃ ဇူလိုင် ၁၉၄၇
ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်က ဗိုလ်ချုပ်အောင်ဆန်းသည် မြို့တော်ခန်းမ လေသာဆောင်မှ သူ၏ နောက်ဆုံးမိန့်ခွန်းကို ပြောကြားခဲ့သည်။ ထိုမှ ခြောက်ရက်အကြာတွင် ဗိုလ်ချုပ လုပ်ကြံခံရလေသည်။ (နောက်ခံမှ အဆောက်အဦး အများစုသည် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ထိထားသောကြောင့် နောင်တွင် ဖြိုချကာ ယနေ့တွင် Centrepoint နှင့် AGD ဘဏ် အဆောက်အဦးများ ဖြစ်လာခဲ့သည်။)

ဒီဇင်ဘာ ၁၉၄၇
၁၉ ၄၇ ခုနှစ် ဒီဇင်ဘာလက ဝေန်ကြီးချုပ် သခင်နုနှင့် မဟတ္တမဂန္နီတို့ကို ဒေလီရှိ ဘာလာအိမ်တော်တွင် တွေ့ရစဉ်။

အိန္ဒိယနှင့် မြန်မာ ကိုလိုနီဆန့်ကျင်သည့်သမိုင်းကြောင်းမှ ဆက်နွှယ်မှုရှိနေခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ နေပြည်တော်သို့ ရောက်ရှိခဲ့သည်။ အိန္ဒိယခေါင်းဆောင်များ မြန်မာနိုင်ငံသို့ မကြာခဏ အလည်အပတ်လာကြသည်မှာ လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်ကတည်းက ဖြစ်သည်။ ရာဘင်ဒြာနတ် တဂိုး၊ နရန်ဒရာ မိုဒီ၊ ပန်ဒစ် နေရူး၊ ဆာဒါးပတယ်လ်၊ ဆူဘာ ချန်ဒရာ ဘို့စ်၊ ဒေါက်တာ အမ်ဘေဒကာနှင့် စသူများ။ အိန္ဒိယ၏ နောက်ဆုံးဧကရာဇ် ဗဟာဒူး ရှားဇဖာသည်လည်း ရန်ကုန်သို့ ပြည်နှင်ဒဏ်ခံခဲ့ရပြီး ယင်းရုပ်အလောင်းကို...

၁၉ ဇူလိုင် ၁၉၄၈
၁၉ ၄၈ ခုနှစ် ပထမဦးဆုံးသော အာဇာနည်နေ့ အထိမ်းအမှတ်။

သြဂုတ် ၁၉၄၈
တိုင်းရင်းသားပေါင်းစုံ အမှန်တကယ်ပါဝင်ခဲ့သည့် ၁၉၄၈ ခုနှစ် မြန်မာအစိုးရ

၁၉ ၄၈ ခုနှစ် သြဂုတ်လ - ကွန်မြူနစ် (အလံဖြူနှင့် အလံနီ) ပြည်သူ့ရဲဘော်အစည်းအရုံးနှင့် “မူဂျာဟီဒင်”လက်နက်ကိုင်ပုန်ကန်မှုများ အားကောင်းလာနေချိန်တွင် သမ္မတစပ်ရွှေသိုက်နှင့် တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းတို့သည် ရန်ကုန်ကော်ပိုရေးရှင်းအဆောက်အဦရှေ့တွင် စစ်သားများအား ကြည့်ရှုစစ်ဆေးစဉ်။ ထိုအချိန်တွင် မာရှယ်လော ကြေညာထားပြီး ဖြစ်သည်။ ထိုအခိုက် ဧရာဝတီမြစ်ဝှမ်းတလျှောက် ကရင်၊ ကချင်နှင့် ချင်း တပ်ရင်းများနှင့် မြန်မာကွန်မြူနစ်နှင့် ပြည်သူ့ရဲဘော်အစည်းအရုံးမှ လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ထိုအချိန် (ထိုတစ်ကြိမ်တည်းတွင်သာ) မြန်မာအစိုးရအဖွဲ့သည် ရှမ်းလူမျိုး သမ္မတ၊ ဗမာလူမျိုး ဝန်ကြီးချုပ် (ဦးနု)၊ ကရင်လူမျိုး...

၁၉၄၈
၁၉၄၈ ရွှေတိဂုံုဘုရားပုံ

ဤသည်မှာ ၁၉၄၈ ခုနှစ်တွင် နာမည်ကျော် ပြင်သစ်ဓာတ်ပုံဆရာ အွန်နရီကာတီရေဘရေဆွန် (Henri Cartier-Bresson) ရိုက်ကူးခဲ့သော ရွှေတိဂုံုဘုရားပုံ ဖြစ်သည်။ ပုံတွင် ဟိုတစ်ခေတ်က ခမ်းခမ်းနားနား ရှိလှခဲ့သော မြန်မာပြည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ယခုတော့ အတိတ်မှ ခမ်းနားမှုမျိုးကို ကျွန်တော်တို့ ထာဝရ စွန့်လွှတ်လိုက်ပြီဟု ထင်ပါသည်။

၄ ဇန်နဝါရီ ၁၉၄၈
မြန်မာ့ ပထမဦးဆုံးသော လွတ်လပ်ရေးနေ့

မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် လွတ်လပ်ရေးနေ့တွင် သခင်နုအား ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ညောင်ရွှေသားဖြစ်သူ ပထမဆုံး သမ္မတ စပ်ရွှေသိုက်မှ ကျမ်းကျိန်ပေးစဉ်။

၂၂ မတ် ၁၉၄၈
လော့ဒ်မောင့်ဘက်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သားသမီးများ

ဓာတ်ပုံမှာ ၁၉၄၈ ခုနှစ် မတ်လ ၂၂ ရက်နေ့က နယူးဒေလီတွင် ရိုက်ကူးခဲ့သော လော့ဒ်မောင့်ဘက်တန် (Lord Mountbatten)၊ လေဒီမောင့်ဘက်တန်၊ (ဝဲဘက်တွင်) ဒေါ်အောင်ဆန်းစုကြည် နှင့် (ယာဘက်တွင်) ဦးအောင်ဆန်းဦးတို့ပုံ ဖြစ်သည်။ ထိုစဉ်က လော့ဒ်မောင့်ဘက်တန်သည် လွတ်လပ်သော အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံး ဘုရင်ခံချုပ် ဖြစ်သည်။ (အိန္ဒိယသည် ၁၉၄၇ ခုနှစ် သြဂုတ်လမှ ၁၉၅၀ ခုနှစ် ဇန်နဝါရီလအထိ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည်ဖြစ်ခဲ့သည်။)

၄ ဇန်နဝါရီ ၁၉၄၈
၁၉၄၈ ခုနှစ် ရန်ကုန် ခေတ်လူငယ်စတိုင်

ဓာတ်ပုံမှာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ မနက်ခင်းတွင် ရိုက်ကူးထားသော ပုံ ဖြစ်သည်။