event_note ခေတ်ကာလများပြပုံ
၁၈၈၅
၁၈၈၅ ခုနှစ်က မန္တလေးနန်းတော်
ယနေ့တွင် သမ္မတဦးသိန်းစိန်သည် သီပေါဘုရင် နောက်ဆုံးအခြေချရာ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမြို့သို ပထမဆုံးအလည်လာသော မြန်မာ့ထိပ်တန်းခေါင်းဆောင် ဖြစ်သည်။ ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းသည် ရတနာဂီရိမြို့တွင် ပြည်နှင်ဒဏ်ပေးခံရသော ၁၈၈၅ ခုနှစ်မှ နတ်ရွာစံချိန် ၁၉၆၁ ခုနှစ်အထိ နှစ်ကာလ ကြာညောင်းစွာ နေထိုင်ခဲ့သည်။ နတ်ရွာစံချိန်တွင် သက်တော် ၅၇ နှစ် ရှိပြီ ဖြစ်သည်။ ဤပုံတွင် ၁၈၈၅ခုနှစ် အင်္ဂလိပ်-မြန်မာတတိယ စစ်ပွဲ အပြီး သီပေါမင်း ပါတော်မူပြီးနောက် ရက်သတ္တပတ် (၄)ပတ် မပြည့်ခင် မန္တလေးနန်းတော်တွင် ခရစမတ် အခမ်းအနားသို့ တက်ရောက်နေသော ဟမ်ပ်ရှိုင်းယားတပ်မ (Hampshire Regiment) ကို တွေ့မြင်နိုင်သည်။