အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာ့ရုပ်ရှင်လောက
event_note ခေတ်ကာလများပြပုံ

1920s

မြန်မာ့ရုပ်ရှင်လောက

Read in English

မြန်မာ့ရုပ်ရှင်သည် အာရှဒေသတွင် သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောကများထဲမှ တစ်ခု ဖြစ်ပြီး သက်တမ်းမှာ နှစ်တစ်ရာကျော်ပင် ရှိနေပြီ ဖြစ်သည်။ မြန်မာ့ ပထမဦးဆုံးသောရုပ်ရှင်မှာ ၁၉၂၀ ခုနှစ်က ဦးအုန်းမောင် ရိုက်ကူးသည့် ဦးထွန်းရှိန် (အမျိုးသားရေး ရှေ့နေ တစ်ဖြစ်လဲ ဗုဒ္ဓကလျာဏယုဝအသင်း ခေါင်းဆောင်) ၏ ဈာပန အခမ်းအနားကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင် ဖြစ်သည်။ နောက်ပိုင်းနှစ်များတွင် ရုပ်ရှင်သည် မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ နောင်တွင် ဦးအုန်းမောင်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဇာတ်လမ်း ပါဝင်သည့် ရုပ်ရှင်ကားကြီး ဖြစ်သော မေတ္တာနှင့်သူရာ ကို ရိုက်ကူးခဲ့သည်။ LA Times သတင်းစာက လက်ရှိ မြန်မာ့ရုပ်ရှင်၏ အနေအထားကို ဆွေးနွေးထားသည့် ဆောင်းပါးတစ်ပုဒ်တွင် "လောင်းကစားမှုနှင့် အရက်သေစာ သောက်သုံးမှုတို့၏ ဆိုးကျိုးကို ရိုက်ကူးပြခဲ့သည့် ၁၉၂၀ ပြည့်နှစ်က ရုပ်ရှင်ကားကြီးသည် ကင်မရာတစ်လုံးနှင့် မလှုပ်မရှားသာ ရိုက်ကူးခဲ့သော်လည်း အတော်ပင် ကျော်ကြားခဲ့သည်" ဟု မှတ်ချက်ပြုခဲ့သည်။

ပုံမှာ ၁၉၇၁ ခုနှစ်က ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးခဲ့သော ကတ္တီပါဖိနပ်စီး၊ ရွှေထီးဆောင်း ရုပ်ရှင်မှ ဓာတ်ပုံ ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်